Celebrity


Written by Ms Cele





Source:Aung Ye Lin’fb
Credit:Swelsone News

အဖမ်းခံရတဲ့ ခြိမ့်ကေကို ဘက်ကနေ အားပေး ရပ်တည်ပေးခဲ့တဲ့ အောင်ရဲလင်း

ပရိသတ်ကြီးရေ မိန်းကလေးတွေရဲ့ အသဲကျော်လေး အောင်ရဲလင်းဟာဆိုရင် အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပရိသတ်ကြီးသိပါတယ်နော်။အောင်ရဲလင်းကတော့ ယခုချိန်ထိလည်း အနုပညာအလုပ်ကိုဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ထပ်မံရိုက်ကူးလျက်ရှိပါတယ်။အခုတစ်ခါမှာတော့ အောင်ရဲလင်းက ဥပဒေပုဒ်မ ၂၅/ ၃၀ (က) ဖြင့် အမှုဖွင့် ခံထားရတဲ့ ခြိမ့်ကေကိုဘက်ကနေ ရပ်တည်ကြောင်း ပြောပြလာပါတယ်။

ခြိမ့်ကေကိုကို ပုဒ်မ (၂၅) နဲ့ တစ်ခါထဲ ဖမ်းခဲ့တာကြောင့် ပရိသတ်ကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကာလ KTV မှာ ဖမ်းမိတဲါသူတွေကျ လွှတ်ပေးပြီး ခြိမ့်ကေကို ဖမ်းခဲ့လို့ ပရိတ်သတ်တွေ ဝေဖန်နေကြပါတယ်။ ခြိမ့်ကေကို အချုပ်ထဲမှာ ငိုနေတယ် လို့ သူရဲ့ အမေက ဦးဒိန်းဒေါင်ကို ငိုပြီးပြောခဲ့တာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

အောင်ရဲလင်း ကတော့ ခြိမ့်ကေကို ဘက်ကနေ ရပ်တည် ခဲ့တာပဲဖြစ်ပါတယ်။ အောင်ရဲလင်းက “Stay Strong Fella!#KeepYourHeadsHigh #ChaintKKo” ဆိုပြီး သူ့ရဲ့ FB မှာ ဦးဒိန်းဒေါင် ဖြေထားတဲ့ interview လေးကို Share ရင်းရေးခဲ့တာပဲဖြစ်ပါတယ်။ တော်ရုံဝင်မပြောကာ အေးဆေးစွာပဲ နေတတ်သူ အောင်ရဲလင်းကပါ အဆိုတော် ခြိမ့်ကေကို အတွက် အားပေးမှုတွေနဲ့ ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Aung Ye Lin’fb
Credit:Swelsone News

About the author

Ms Cele

Leave a Comment