Celebrity

အဖမ်းခံရမှာကြောက်လို့ နိုင်ကိုနိုင်ရမည် သီချင်းမှာ သူ့နာမည် မတပ်ဖို့ပြောရာမှ ထုတ်လုပ်သူနဲ့ ပြဿနာတက်ခဲ့တဲ့ ဆိုဖီယာရဲ့အသံဖိုင်

Written by Ms Cele

အဖမ်းခံရမှာကြောက်လို့ နိုင်ကိုနိုင်ရမည် သီချင်းမှာ သူ့နာမည် မတပ်ဖို့ပြောရာမှ ထုတ်လုပ်သူနဲ့ ပြဿနာတက်ခဲ့တဲ့ ဆိုဖီယာရဲ့အသံဖိုင်

ပရိသတ်ကြီးရေ ဧပြီ (၂) ရက်နေ့က အဆိုတော် KEY, ဆိုဖီယာ တို့နှစ်ယောက် သီဆိုထားတဲ့ နိုင်ကို နိုင်ရမည် သီချင်းထွက်ရှိ ခဲ့ပါတယ်နော်။ အခုလက်ရှိ အနုပညာရှင် တွေကို ဝရမ်းထုတ်ပြီး ဖမ်းနေတာကြောင့် ဆိုဖီယာမှ ဒီသီချင်းတွင် သူမနာမည် မတပ်ဖို့ ထုတ်လုပ်သူကို ပြောရာမှ မိသားစုတွေပါ ပါလာပြီး စကားများကြတာပါနော်။ ထုတ်လုပ်သူရဲ့အကောင့်တွင် ss တွေနဲ့ တကွ သေချာရှင်းပြထားပါ။

” ကျွန်မ ပန်းအိ ပါ 😃တိုင်းပြည်ပျက်နေ ပါတယ် ဆို ဇွတ်တောင်းပန် ခိုင်းနေလို့ ဆော်တီး လာပြောတာဘာကို ဆော်တီးလာပြောခိုင်းလို့ ကျမ နဲ့ အလုပ်တူတူလုပ်တဲ့ သူကို ပေးစား လို့အောက်တန်းကျလိုက်တာလို့ ပြောမိတာ အဲ့တာကို ဆော်တီးပြောပေးတဲ့ဒီကိစ္စ ရဲ့ အစက ဘာလဲဆိုတော့ကျမ နဲ့ အလုပ်တူတူလုပ်တဲ့ တယောက်က သူ လက်ဆောင်ရထားတဲ့ Kpop signed album တွေကို ရောင်း ပြီး စစ်ဘေးရှောင် စီအာပီအိတ် ကို လှူချင် တယ် ပြောတော့ ဟဲ့ သီချင်းဆိုတာတတ်တာပဲ သီချင်းဆိုရောင်းလေ ရတာလှူပေါ့ ပြောလိုက်တာ လိုတာပေးမယ်လေ ပေါ့ အဲ့မှာစပါတယ် ကိစ္စကအစက သိထားတာ သူတစ်ယောက်တည်းဆိုမယ်ပေါ့ နောက်မှ တခြားသူတွေပါလာပါတယ် အော်ကောင်းတယ် ဆိုကြပေါ့ သီချင်းရလာပါတယ် လိုင်းတွေ ဖျက်မယ်ဘာညာ ကြေညာတော့ လိုင်းရတုန်းတင်စေချင်တယ်ပေါ့ ကိုယ်ကဟုတ်တယ်လေ ဆိုထားတဲ့ သီချင်းက န်ိုင်ငံရေး သီချင်းလေ အမြန်ထုတ်ရမှာပေါ့နောက်ကျမှ ထုတ်မလားမေးပါတယ်မထုတ်သင့်ဘူး လိုင်းရတုန်း ထုတ်သင့်တယ် ပြောလိုက်ပါတယ်နာမည် မထည့်ချင်ဘူးလို့ ပြောပါတယ် အိုကေ မထည့်နဲ့ ပေါ့တင်မယ့်နေ့ ထည့်မယ်ပြောပါတယ် အိုကေ ထည့်ပေါ့၂ ဖက် လုံးမှာသီချင်းတင်ပါတယ် အလှူကောက်ပါတယ်အဲ့နေ့ ည ၈ နာရီလောက်မှာ သီချင်း တူတူဆိုတဲ့ တောင်းပန် ခိုင်းတဲ့တယောက် အမေက ဖုန်းဆက်လာပါတယ်

ကောင်းကောင်း မွန်မွန် ပြောပါတယ် ဒါပေမယ့်ပြောတဲ့စကားက Gen L စကားဖြစ်နေတဲ့ အတွက် စိတ်မရှည်ပါဘူး သီချင်းလုပ်တာ မိုက်ရူးရဲဆန်တယ် ဘာညာ အစရှိတဲ့ Gen L စကားတွေပါ အဲ့တော့ ကျမ က မဖျက်ပေး နိုင်ဘူးပြောလိုက်ပါတယ် အဲ့စကားမပြောခင်မှာ သီချင်းရေးတဲ့ သူကို မေးပါတယ် ဖျက် စေချင်လား ဆိုတာ မဖျက်ဘူး ဆိုတဲ့ အတွက် မဖျက်ပါဘူးနောက်တချက် မဖျက်ပေးနိုင်တဲ့ အကြောင်းရင်းက ဒီသီချင်း က တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေ အတွက် ခွန်အားပေးတဲ့ သီချင်းပါ တင်ပြီးမှ ဖျက်ရင် လူတွေအတွက် ကြောက်စိတ်တခု ထပ်ဖြစ်နိုင်ပါတယ် တွန်းအား မဖြစ်စေပဲအဲ့အတွက်ကြောင့်မဖျက်ပေးနိုင်ပါဘူးတဆက်ထဲမှာပဲတောင်းပန်ခိုင်းတဲ့ တယောက်က ဒေါသသံနဲ့ ၅ မိနစ် အတွင်း သီချင်း ဖျက်ပေးဖို့ပြောပါတယ်အဲ့တာကြောင့် ဘာလဲ ကြောက်လို့လား လို့ ထေ့မိလိုက်ပါတယ် 😬

ခဏအကြာမှာ သူ့အစ်ကို ဖုန်းထပ်ဆက် ပါတယ် ထပ်ပြီး Gen L စကားတွေ ထပ်ပြောပါတယ် စိတ်မရှည်တော့သလို စိတ်လည်းမကြည့်တော့ပါဘူး တောင်းပန်ခိုင်းတဲ့ တယောက် ကျမ ဆီ မက်စိ ပို့ပါတယ်သူ့ နာမည်ဖျက်ပေးဖို့ပါ … ဖျက်ပေးလိုက်ပါတယ်ဖျက်ပေးမယ်ပြောတဲ့ချိန် ကိုယ်က ပြောမိလိုက်ပါတယ် ကျမ ကို ထပ်အာရုံလာမနောက်ဖို့ ထပ်လာနောက်ရင် ဒီကိစ္စကို ငြိမ်မနေတော့ဘူးဆိုတာကိုပါ 😂အဲ့မှာတင် ကျမ ကို ကျမ company က အဆိုတော်နဲ့ ပေးစား ပြောဆိုပါတယ် .. အဲ့မှာ ကျမ က ပြောမိလိုက်ပါတယ်ရိုင်းစိုင်းပြီး အောက်တန်းကျလိုက်တာလို့ဟုတ်တယ်လေ အလုပ်တူတူလုပ်နေတဲ့သူတွေကို ပေးစားတာကိုး ကိုယ့်မဟုတ်နေတဲ့ ကိစ္စ စော်ကား မော်ကားပြောတာကို သည်းမခံနိုင်လို့ပါ

အဲ့တာကို ပိုစ့်တွေမှာ မန့်ပါ တယ် သူက နိုင်ငံရေးမို့ ပါဝင်သီဆိုတာ ကျမ တို့ လုပ်တာ မဟုတ်လို့ ပါတာပါ တေးရေးကြောင့် ဆိုတာပါဘာညာ ပေါ့ ပန်းနုသွေး မဆန်ပါနဲ့ နိုင်ငံရေး ကြောင့်ပါပါ တေးရေး ကြောင့်ပါပါ ကျမ ကို သီချင်းလာမဖျက်ခိုင်းရင် ဒီပြဿနာ ဖြစ်လာစရာကိုမလိုတာပါ 😬 သူစကားနဲ့ သူကို တိုင်ပတ်နေတာပဲ 😬ပြီးတော့ သီချင်းလုပ်မယ်ဆိုလို့ လိုတဲ့ ကုန်ကျစရိတ် ပေးတာ ပါ ထုတ်ပေးတယ်ဆိုတာကလည်း ပြန်မယူပါဘူး လှူပေးလိုက်တာပါ အဲ့တာကို တေးရေး ကိုယ်တိုင်လည်း သိပါတယ် 😂ထပ်ပြောချင်တာက သေသွားတဲ့သူတွေကိုအားနာပါ ဟန်ဆောင် ပရဟိတ ရယ် social punishment ကြောင့်ဟန်ဆောင် နိုင်ငံရေး မလုပ်ကြပါနဲ့ ဖမ်းခံရမှာကြောက်လို့ မိဘ စိတ်ပူလို့ အကြောင်းပြချက်တွေနဲ့ လာမပြောပါနဲ့ဖမ်းခံရမှာ လူတိုင်းကြောက်ပါတယ် လူတိုင်းမှာမိသားစုရှိပါတယ်

P.S ရိုင်းလိုက်တာ အောက်တန်းကျလိုက်တာကလွဲ ဘာမှမပြော လိုက်ပါဘူး သူကတော့ ဖေတွေစုံနေအောင် လာဆဲသွားပါတယ်ရှင့် SS နဲ့ Recording File လိုချင်ရင် ပို့ပေးပါမယ် ပြီးတော့ နင်နေတဲ့ နေရာ ငါသိတယ် သတင်းပေးပြီးဖမ်းခိုင်းမယ်ပါ ပြောသွားတာက အသက် 😂 ” လို့ ရေးထားတာပါ ပရိသတ်ကြီးရေ…

Credit:CELELUCKY

About the author

Ms Cele

Leave a Comment