Celebrity


Written by Ms Cele





Credit:CELELUCKY

အဖမ်းခံရခြင်းမှ ပြန်လွတ်လာသော်လည်း နေအိမ်တွင်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းခြင်းခံထားရတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီ

ပရိသတ်ကြီးရေ သရုပ်ဆောင် ဇာဏ်ခီနဲ့ ခရစ္စတီးနားခီကို လွန်ခဲ့တဲ့ ရက်ပိုင်းက လေဆိပ်မှာ ဖမ်းသွား ခဲ့ပြီး အဲ့နေ့ညနေမှာဘဲ ပြန်လွှတ်ပေး လိုက်တယ်လို့ သတင်းတွေ ထွက်လာ ပါတယ်နော်။ ခီမောင်နှံရဲ့ သားလေးရာ မွေးရာပါဦးနှောက်နှေးကွေးတဲ့ ရောဂါရှိတာကြောင့် ဒီရောဂါကို ကုသရန် ဘန်ကောက်သို့ သွားဖို့ပြင်ဆင် နေစဉ်မှာ အဖမ်းခံခဲ့ရတာပါနော်။

သူတို့ကို ပြန်လွှတ်ပေးလိုက်ပေမယ့်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိထားတာပါနော်။ ဇာဏ်ခီကလည်း ဒူးရောဂါဝေဒနာ ခံစားနေသည်မှာ နှစ်နှစ်ကျော်ရှိ ပြီဖြစ်တာကြောင့် ရောဂါကုသရန် လိုနေတာပါနော်။ ဇာဏ်ခီတို့ရဲ့သတင်းကို ဒီည ၈နာရီတွင် စကစရဲ့ ရုပ်သံတစ်ခုမှာ ပါလာပြီ ဖြစ်ပါတယ်နော်။

သူတို့သွားမယ့် ခရီးစဉ်ကို သံသယရှိတာကြောင့် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့အတွက် နေအိမ်အကျယ်ချုပ်ထားရှိထားတယ်လို့ ကြေညာသွားပါတယ် ပရိသတ်ကြီးရေ….

Credit:CELELUCKY

About the author

Ms Cele

Leave a Comment