Celebrity


Written by Ms Cele





Credit

အဖိုးနဲ့အဖွားရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပရိသတ်တွေသိအောင် ပြောပြလာတဲ့ နေရွှေသွေးအောင်

ပရိသတ်ကြီးရေ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ တတိယလှိုင်း ဝင်ခဲ့စဉ်က ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ နှစ်ယောက်လုံး ကိုဗစ်ကူးစက်ခံ ခဲ့ရတာကြောင့် တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူ ခဲ့ရပါတယ်နော်။

အခုဆိုရင် ဦးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်မှ အဖိုးနဲ့အဖွားနှစ်ယောက်လုံး ကိုဗစ်ရောဂါကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်နော်။ ဦးသန်းရွှေဟာ တပ်မတော်ကနေ အငြိမ်းစားယူပြီးကတည်းကနေ အခုချိန်ထိ လူလုံးထွက်မပြဘဲတိတ်တဆိတ်နေထိုင်ခဲ့ပါတယ်နော်။

ဦးသန်းရွှေ ကွယ်လွန်သွားပြီလို့ သတင်းတွေ မကြာခဏထွက်ခဲ့ ပေမယ့်လည်း တကယ်မဟုတ်ခဲ့ပါဘူးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးကျန်းမာချမ်းသာကြပါစေနော်။

Credit

About the author

Ms Cele

Leave a Comment