Celebrity

အဖြားျဖစ္သူနဲ႕ တစ္ေထရာတည္း တူတဲ့ သမီးေလးကို ခ်စ္မဝျဖစ္ေနတဲ့ ေအသင္ခ်ိဳေဆြ

Written by Ms Cele

အဖြားျဖစ္သူနဲ႕ တစ္ေထရာတည္း တူတဲ့ သမီးေလးကို ခ်စ္မဝျဖစ္ေနတဲ့ ေအသင္ခ်ိဳေဆြ

အဆိုေတာ္၊ သရုပ္ေဆာင္ ေအသင္ခ်ိဳေဆြ ကေတာ့ (၁၇) နွစ္အရြယ္ ကတည္းက အနုပညာ ေလာကမွာ ေအာင္ျမင္ခဲ့ျပီး ယေန့ထိ တုိင္ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္ ေနဆဲ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြ ကေတာ့ Single Mother တစ္ေယာက္ အေနနဲ့ သမီးေလး IVY ကို ရင္အုပ္မကြာ ေစာင့္ေရွာက္ေနသလို အနုပညာ အလုပ္ေတြမွာလည္း လစ္ဟင္းမႈ မရိွေအာင္ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း ေအသင္ခ်ိဳေဆြအျပင္ ေအသင့္ရဲ့ သမီးေလး IVY ကိုလည္း ေမတၱာေတြအျပည့္နဲ့ ကိုယ့္သားသမီး ကိုယ္တူမေလး တစ္ေယာက္လို ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ (၃) နွစ္ေက်ာ္အရြယ္ ေရာက္ေနျပီျဖစ္တဲ့ IVY ေလးက တျဖည္းျဖည္းနဲ့ ခ်စ္စရာေကာင္း လာခဲ့ျပီး လူၾကီးေပါက္စေလးလို ျဖစ္လာ တာပဲ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြ ကလည္း တစ္ေန့တစ္ျခား ခ်စ္စရာေကာင္း လာခဲ့တဲ့ သမီးေလးကို တစိမ့္စိမ့္ၾကည့္ကာ “ဆံပင္ေလးေတြက သူ႔အဘြားနဲ႔ တပုံစံတည္း ထိပ္မွာေဗြပါတာကအစ တူတာ ❤️❤️” ဆိုျပီး ေသးေသးမႊားမႊားေလး အရာေလးေတြကအစ အဖြားနဲ့ တူတဲ့ သမီးေလး IVY အေၾကာင္း ေျပာျပလာပါတယ္။

ေအသင္ခ်ိဳေဆြ ကေတာ့ သူမရဲ့ အေမနဲ့တူတဲ့ သမီးေလး ကို ပိုင္ဆိုင္ခြင့္ရတာ တကယ့္ကံေကာင္းျခင္း တစ္မ်ိဳးပါပဲေနာ္။ ပရိသတ္ၾကီး လည္း ေအသင္ခ်ိဳေဆြရဲ့ ေမေမနဲ့ IVY ေလးတို့ တကယ္ပဲ တူရဲ့လား ေျပာျပေပးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

အဖွားဖြစ်သူနဲ့ တစ်ထေရာတည်း တူတဲ့ သမီးလေးကို ချစ်မဝဖြစ်နေတဲ့ အေသင်ချိုဆွေ

အဆိုတော်၊ သရုပ်ဆောင် အေသင်ချိုဆွေ ကတော့ (၁၇) နှစ်အရွယ် ကတည်းက အနုပညာ လောကမှာ အောင်မြင်ခဲ့ပြီး ယနေ့ထိ တိုင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင် နေဆဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေ ကတော့ Single Mother တစ်ယောက် အနေနဲ့ သမီးလေး IVY ကို ရင်အုပ်မကွာ စောင့်ရှောက်နေသလို အနုပညာ အလုပ်တွေမှာလည်း လစ်ဟင်းမှု မရှိအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း အေသင်ချိုဆွေအပြင် အေသင့်ရဲ့ သမီးလေး IVY ကိုလည်း မေတ္တာတွေအပြည့်နဲ့ ကိုယ့်သားသမီး ကိုယ်တူမလေး တစ်ယောက်လို ချစ်ကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် (၃) နှစ်ကျော်အရွယ် ရောက်နေပြီဖြစ်တဲ့ IVY လေးက တဖြည်းဖြည်းနဲ့ ချစ်စရာကောင်း လာခဲ့ပြီး လူကြီးပေါက်စလေးလို ဖြစ်လာ တာပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေ ကလည်း တစ်နေ့တစ်ခြား ချစ်စရာကောင်း လာခဲ့တဲ့ သမီးလေးကို တစိမ့်စိမ့်ကြည့်ကာ “ဆံပင်လေးတွေက သူ့အဘွားနဲ့ တပုံစံတည်း ထိပ်မှာဗွေပါတာကအစ တူတာ ❤️❤️” ဆိုပြီး သေးသေးမွှားမွှားလေး အရာလေးတွေကအစ အဖွားနဲ့ တူတဲ့ သမီးလေး IVY အကြောင်း ပြောပြလာပါတယ်။

အေသင်ချိုဆွေ ကတော့ သူမရဲ့ အမေနဲ့တူတဲ့ သမီးလေး ကို ပိုင်ဆိုင်ခွင့်ရတာ တကယ့်ကံကောင်းခြင်း တစ်မျိုးပါပဲနော်။ ပရိသတ်ကြီး လည်း အေသင်ချိုဆွေရဲ့ မေမေနဲ့ IVY လေးတို့ တကယ်ပဲ တူရဲ့လား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment