Celebrity

အဖြားျဖစ္သူအတြက္ သီတင္းကၽြတ္လက္ေဆာင္ ၀ီွးခ်ဲေလး ေပးခဲ့ၿပီး ေပ်ာ္မဆံုးျဖစ္ေနတဲ့ ေဖြးေဖြး

Written by Ms Cele

အဖြားျဖစ္သူအတြက္ သီတင္းကၽြတ္လက္ေဆာင္ ၀ီွးခ်ဲေလး ေပးခဲ့ၿပီး ေပ်ာ္မဆံုးျဖစ္ေနတဲ့ ေဖြးေဖြး

ပရိသတ္ ေတြက ေဖြးစိန္လို့ ခ်စ္စနိုးနဲ့ေခၚၾကတဲ့ မင္းသမီး ေခ်ာေလး ေဖြးေဖြးကေတာ့ အသက္ (၁၉) နွစ္အရြယ္ ကတည္းက မဂၢဇင္းဓာတ္ပံုေတြကို ရိုက္ကူး ရင္း အနုပညာေလာက ထဲကို ဝင္ေရာက္လာ ခဲ့သူ ျဖစ္ပါတယ္။ ျဖဴျဖဴေဖြးေဖြး အသား အရည္ေလးနဲ့ ခ်စ္စရာအရမ္းေကာင္း တဲ့အျပင္ က်ရာဇာတ္ရုပ္ကိုလည္း တစ္ေသြမတိမ္း အံဝင္ခြင္က် သရုပ္ေဆာင္နိုင္တဲ့ ေဖြးေဖြးက သူမရဲ့ အနုပညာ သက္တမ္း (၁၃) နွစ္အတြင္းမွာ အကယ္ဒမီဆု သံုးဆုတိတိ ရရိွပိုင္ဆိုင္ ခဲ့ျပီး အသက္အငယ္ဆံုး အကယ္ဒမီ မ်ားရွင္ျဖစ္လို့လာတာပဲ ျဖစ္ပါတယ္။ ေဖြးေဖြး ကေတာ့ သူမရဲ့ အနုပညာအလုပ္ ေတြကို လုပ္ကိုင္ေနရင္း အိမ္ေထာင္ ေရးကို စိတ္မဝင္စားနိုင္ ေသးပဲ တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ ရပ္တည္ ေနတာ ျဖစ္ပါတယ္။

အိမ္ေထာင္ မရိွတဲ့ တစ္ကိုယ္ရည္ တစ္ကာယ သမားပီပီ မိသားစုအေပၚ အရမ္း သံေယာဇဥ္ရိွတဲ့ ေဖြးေဖြးက သူမရဲ့ အိမ္သားေတြ အေပၚ အရမ္းဂရုစိုက္သူ ျဖစ္ပါတယ္။ သီတင္းကြ်တ္ တိုင္းမွာ လူၾကီးမိဘေတြကို ကန္ေတာ့ တတ္တဲ့ ေဖြးေဖြးက ဒီတစ္ခါ မွာလည္း သူမဖြားဖြားအတြက္ ဘီးတ ပ္ကုလားထိုင္တစ္ခု လက္ေဆာင္ေပးျပီး သီတင္းကြ်တ္ ကန္ေတာ့ခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

ေဖြးေဖြးရဲ့ ဖြားဖြား ကလည္း ေျမးၾကီးရဲ့ လက္ေဆာင္ အတြက္ ေက်နပ္ေနျပီး ပီတိေတြ ေဝဆာေနတာကို ေတြ့ရပါတယ္။ ပရိသတ္ၾကီး လည္း ေဖြးေဖြးတို့ ေျမးအဖြား နွစ္ေယာက္ရဲ့ ပံုရိပ္ေလးကုိၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလး တစ္ေန့ကို ပိုင္ဆိုင္နိုင္ၾက ပါေစလို့ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit:Cele Connections

အဖွားဖြစ်သူအတွက် သီတင်းကျွတ်လက်ဆောင် ဝှီးချဲလေး ပေးခဲ့ပြီး ပျော်မဆုံးဖြစ်နေတဲ့ ဖွေးဖွေး

ပရိသတ် တွေက ဖွေးစိန်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီး ချောလေး ဖွေးဖွေးကတော့ အသက် (၁၉) နှစ်အရွယ် ကတည်းက မဂ္ဂဇင်းဓာတ်ပုံတွေကို ရိုက်ကူး ရင်း အနုပညာလောက ထဲကို ဝင်ရောက်လာ ခဲ့သူ ဖြစ်ပါတယ်။ ဖြူဖြူဖွေးဖွေး အသား အရည်လေးနဲ့ ချစ်စရာအရမ်းကောင်း တဲ့အပြင် ကျရာဇာတ်ရုပ်ကိုလည်း တစ်သွေမတိမ်း အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးက သူမရဲ့ အနုပညာ သက်တမ်း (၁၃) နှစ်အတွင်းမှာ အကယ်ဒမီဆု သုံးဆုတိတိ ရရှိပိုင်ဆိုင် ခဲ့ပြီး အသက်အငယ်ဆုံး အကယ်ဒမီ များရှင်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေး ကတော့ သူမရဲ့ အနုပညာအလုပ် တွေကို လုပ်ကိုင်နေရင်း အိမ်ထောင် ရေးကို စိတ်မဝင်စားနိုင် သေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည် နေတာ ဖြစ်ပါတယ်။

အိမ်ထောင် မရှိတဲ့ တစ်ကိုယ်ရည် တစ်ကာယ သမားပီပီ မိသားစုအပေါ် အရမ်း သံယောဇဉ်ရှိတဲ့ ဖွေးဖွေးက သူမရဲ့ အိမ်သားတွေ အပေါ် အရမ်းဂရုစိုက်သူ ဖြစ်ပါတယ်။ သီတင်းကျွတ် တိုင်းမှာ လူကြီးမိဘတွေကို ကန်တော့ တတ်တဲ့ ဖွေးဖွေးက ဒီတစ်ခါ မှာလည်း သူမဖွားဖွားအတွက် ဘီးတ ပ်ကုလားထိုင်တစ်ခု လက်ဆောင်ပေးပြီး သီတင်းကျွတ် ကန်တော့ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖွေးဖွေးရဲ့ ဖွားဖွား ကလည်း မြေးကြီးရဲ့ လက်ဆောင် အတွက် ကျေနပ်နေပြီး ပီတိတွေ ဝေဆာနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီး လည်း ဖွေးဖွေးတို့ မြေးအဖွား နှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ် ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment