Celebrity

အဖြား ျဖစ္သူနဲ႕အတူ တစ္လွည့္စီ မိတ္ကပ္ ျပင္ေပးရင္း Challenge ေလးတစ္ခု ျပဳလုပ္ခဲ့တဲ့ ဝင္းခန႔္မိုးရဲ႕ ဗီဒီယို

Written by Ms Cele

အဖြား ျဖစ္သူနဲ႕အတူ တစ္လွည့္စီ မိတ္ကပ္ ျပင္ေပးရင္း Challenge ေလးတစ္ခု ျပဳလုပ္ခဲ့တဲ့ ဝင္းခန႔္မိုးရဲ႕ ဗီဒီယို

ဓာတ္ရွင္မင္းသမီးႀကီး တစ္ေယာက္လည္းျဖစ္သလို စတူဒီယိုေတးသံရွင္ တစ္ေယာက္လည္း ျဖစ္တဲ့ ခ်ိဳၿပဳံးကေတာ့ ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြ ေလးစား ခ်စ္ခင္ေနရဆဲ အႏုပညာရွင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ခ်ိဳၿပဳံးကေတာ့ အခုဆိုရင္ အသက္ (၇၀) ေက်ာ္အ႐ြယ္ ေရာက္ရွိေနၿပီျဖစ္ၿပီး ဘုရားတရားနဲ႔ ဘာသာေရးကို အခ်ိန္ေပး လုပ္ကိုင္ရင္း အႏုပညာ အလုပ္ေတြကိုလည္း ျဖည္းျဖည္းနဲ႔ ပုံမွန္အတိုင္း ဆက္လက္လုပ္ကိုင္ ေနဆဲ ျဖစ္ပါတယ္။ ခ်ိဳၿပဳံးကေတာ့ သူ႔ရဲ႕အႏုပညာ အေမြေတြကို သားသမီးေတြဆီ လက္ဆင့္ မကမ္းႏိုင္ခဲ့ေပမယ့္ ေျမးျဖစ္သူ ဝင္းခန႔္မိုးကိုေတာ့ ေပးအပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဝင္းခန႔္မိုး ကေတာ့ အဘြားျဖစ္သူရဲ႕ အနီးကပ္ သင္ျပေပးမႈနဲ႔ အႏုပညာေလာကမွာ နာမည္ရရွိေအာင္ ႀကိဳးစားေနတဲ့ တက္သစ္စ သ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဝင္းခန႔္မိုး ကေတာ့ လူငယ္တစ္ေယာက္ပီပီ သူ႔ရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္ကေနၿပီး သူ႔ရဲ႕ လႈပ္ရွားမႈဗီဒီယိုေတြကို မွ်ေဝေပး ေလ့ရွိသလို ဘြားဘြားခ်ိဳၿပဳံးနဲ႔ ဗီဒီယိုေလးေတြကိုလည္း ရံဖန္ရံခါ တင္ဆက္ေလ့ ရွိပါတယ္။ ဒီကေန႔မွာလည္း ဝင္းခန႔္မိုးက ထူးထူးျခားျခား အေနနဲ႔ ဘြားဘြားႀကီးခ်ိဳၿပဳံးနဲ႔ တစ္ေယာက္ တစ္လွည့္စီ မိတ္ကပ္ျပင္ေပးရင္း Challenge ေလးတစ္ခုျပဳလုပ္ခဲ့တာကို အခုလို ေတြ႕ရပါတယ္။

ဝင္းခန႔္မိုးနဲ႔ ဘြားဘြားႀကီး ခ်ိဳၿပဳံးတို႔ကေတာ့ ေျမးအဘြား ေတြဆိုေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ နီးနီးကပ္ကပ္ရွိၿပီး အရမ္းခ်စ္ၾကတဲ့ ေျမးအဖြားေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝင္းခန႔္မိုးတို႔ ေျမးအဘြားႏွစ္ေယာက္ရဲ႕ ဗီဒီယိုေလးကိုၾကည့္ၿပီး အေပ်ာ္ေတြ ကူးစက္သြားမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

အဖွား ဖြစ်သူနဲ့အတူ တစ်လှည့်စီ မိတ်ကပ် ပြင်ပေးရင်း Challenge လေးတစ်ခု ပြုလုပ်ခဲ့တဲ့ ဝင်းခန့်မိုးရဲ့ ဗီဒီယို

ဓာတ်ရှင်မင်းသမီးကြီး တစ်ယောက်လည်းဖြစ်သလို စတူဒီယိုတေးသံရှင် တစ်ယောက်လည်း ဖြစ်တဲ့ ချိုပြုံးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေ လေးစား ချစ်ခင်နေရဆဲ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ချိုပြုံးကတော့ အခုဆိုရင် အသက် (၇၀) ကျော်အရွယ် ရောက်ရှိနေပြီဖြစ်ပြီး ဘုရားတရားနဲ့ ဘာသာရေးကို အချိန်ပေး လုပ်ကိုင်ရင်း အနုပညာ အလုပ်တွေကိုလည်း ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။ ချိုပြုံးကတော့ သူ့ရဲ့အနုပညာ အမွေတွေကို သားသမီးတွေဆီ လက်ဆင့် မကမ်းနိုင်ခဲ့ပေမယ့် မြေးဖြစ်သူ ဝင်းခန့်မိုးကိုတော့ ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝင်းခန့်မိုး ကတော့ အဘွားဖြစ်သူရဲ့ အနီးကပ် သင်ပြပေးမှုနဲ့ အနုပညာလောကမှာ နာမည်ရရှိအောင် ကြိုးစားနေတဲ့ တက်သစ်စ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝင်းခန့်မိုး ကတော့ လူငယ်တစ်ယောက်ပီပီ သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေပြီး သူ့ရဲ့ လှုပ်ရှားမှုဗီဒီယိုတွေကို မျှဝေပေး လေ့ရှိသလို ဘွားဘွားချိုပြုံးနဲ့ ဗီဒီယိုလေးတွေကိုလည်း ရံဖန်ရံခါ တင်ဆက်လေ့ ရှိပါတယ်။ ဒီကနေ့မှာလည်း ဝင်းခန့်မိုးက ထူးထူးခြားခြား အနေနဲ့ ဘွားဘွားကြီးချိုပြုံးနဲ့ တစ်ယောက် တစ်လှည့်စီ မိတ်ကပ်ပြင်ပေးရင်း Challenge လေးတစ်ခုပြုလုပ်ခဲ့တာကို အခုလို တွေ့ရပါတယ်။

ဝင်းခန့်မိုးနဲ့ ဘွားဘွားကြီး ချိုပြုံးတို့ကတော့ မြေးအဘွား တွေဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်ရှိပြီး အရမ်းချစ်ကြတဲ့ မြေးအဖွားတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝင်းခန့်မိုးတို့ မြေးအဘွားနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment