Celebrity

“အမုန္းမွသည္” ဇာတ္လမ္းတြဲ ဒုတိယအၾကိမ္ ျပန္လည္ ျပသတဲ့ ေနာက္ဆံုး ရက္ေလးမွာ ပရိသတ္ေတြ ဆီက ပိုက္ဆံ ကိတ္နဲ့ ဂုဏ္ျပဳခံခဲ့ ရတဲ့ ေက်ာ္ထက္ေဇာ္

Written by Ms Cele

“အမုန္းမွသည္” ဇာတ္လမ္းတြဲ ဒုတိယအၾကိမ္ ျပန္လည္ ျပသတဲ့ ေနာက္ဆံုး ရက္ေလးမွာ ပရိသတ္ေတြ ဆီက ပိုက္ဆံ ကိတ္နဲ့ ဂုဏ္ျပဳခံခဲ့ ရတဲ့ ေက်ာ္ထက္ေဇာ္

ပါးခ်ိဳင့္လွလွေလး ေတြရိွတဲ့ မင္းသားေခ်ာ ေက်ာ္ထက္ေဇာ္ ကေတာ့ MRTV 4 ဇာတ္လမ္းတြဲေတြမွာ ပါဝင္ သရုပ္ေဆာင္ရင္း ပရိသတ္ ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ေက်ာ္ထက္ေဇာ္က သူ့ရဲ့ ပထမဦးဆံုး ဇာတ္လမ္းတြဲ “အမုန္းမွသည္” ကတည္းက ေအာင္ျမင္မႈရရိွခဲ့ျပီး “အခ်စ္ဖြဲ့ေလညွင္း”၊ “မုိးေကာင္းကင္အိပ္မက္” စတဲ့ ဇာတ္လမ္းတြဲ ေတြမွာလည္း ပိုလို့ေတာင္ ေအာင္ျမင္ခဲ့ျပီး တစ္နုိင္ငံလုံး အတိုင္းအတာနဲ့ လူသိလာခဲ့တာပဲ ျဖစ္ပါတယ္။ ေက်ာ္ထက္ေဇာ္ ကလည္း ပရိသတ္ေတြ အားေပးရ က်ိဳးနပ္တဲ့ အနုပညာရွင္ တစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားမႈကို ေလ်ာ့မသြားပဲ အလုပ္ေတြကို အားသြန္ခြန္စိုက္ လုပ္ကိုင္ ေနတာပဲ ျဖစ္ပါတယ္။

လတ္တေလာ မွာေတာ့ ေက်ာ္ထက္ေဇာ္ ပါဝင္သရုပ္ေဆာင္ ထားတဲ့ “အမုန္းမွသည္” ဇာတ္လမ္းတြဲက ဒုတိယ အၾကိမ္ေျမာက္ ျပန္လည္ျပသ ေနတာျဖစ္ျပီး မေန့ က နုိဝင္ဘာလ (၂၉) ရက္ေန့မွာ ဇာတ္သိမ္းသြားခဲ့တာ ျဖစ္ပါတယ္။ ေက်ာ္ထက္ေဇာ္က “အမုန္းမွသည္” ဇာတ္လမ္းတြဲ ဇာတ္သိမ္းပိုင္းေန့မွာ ပရိသတ္ေတြဆီက ငါးေထာင္တန္ေတြအမ်ားၾကီးပါတဲ့ ပို္က္ဆံကိတ္ၾကီး လက္ေဆာင္ရရိွခဲ့ေၾကာင္းကို “အမုန္းမွသည္ ေနာက္ဆုံးရက္ေလး 💙 ပီတိျဖစ္မိပါတယ္။ ဒုတိယအႀကိမ္ျပတဲ့အခါမွာလည္း ပိုခ်စ္၊ပိုအားေပး၊ပိုၿပီး ဂုဏ္ျပဳေပးၾကတဲ့ အတြက္ အေမာေျပရပါတယ္ 💙ဆက္ၿပီးႀကိဳစားသြားပါ့မယ္ဗ်ာ အၿမဲရွိေနေပးပါ 💙” ဆိုျပီး ေျပာျပလာပါတယ္။

ေက်ာ္ထက္ေဇာ္ ကေတာ့ သူၾကိဳးစားသေလာက္ကို ပရိသတ္ေတြက ခ်စ္ေပး၊ အားေပးၾကလို့ ပင္ပန္းသမွ် အေမာေျပေနရတာပဲ ျဖစ္ပါတယ္။ ေက်ာ္ထက္ေဇာ္ တစ္ေယာက္ ျပည္သူခ်စ္ေသာ အနုပညာရွင္ အျဖစ္ နွစ္ေတြအမ်ားၾကီး ဆက္လက္ ရပ္တည္နိုင္ပါေစလို့ ဆုေတာင္းေပး လုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

“အမုန်းမှသည်” ဇာတ်လမ်းတွဲ ဒုတိယအကြိမ် ပြန်လည် ပြသတဲ့ နောက်ဆုံး ရက်လေးမှာ ပရိသတ်တွေ ဆီက ပိုက်ဆံ ကိတ်နဲ့ ဂုဏ်ပြုခံခဲ့ ရတဲ့ ကျော်ထက်ဇော်

ပါးချိုင့်လှလှလေး တွေရှိတဲ့ မင်းသားချော ကျော်ထက်ဇော် ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ် တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော်က သူ့ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲ “အမုန်းမှသည်” ကတည်းက အောင်မြင်မှုရရှိခဲ့ပြီး “အချစ်ဖွဲ့လေညှင်း”၊ “မိုးကောင်းကင်အိပ်မက်” စတဲ့ ဇာတ်လမ်းတွဲ တွေမှာလည်း ပိုလို့တောင် အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူသိလာခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော် ကလည်း ပရိသတ်တွေ အားပေးရ ကျိုးနပ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်အောင် ကြိုးစားမှုကို လျော့မသွားပဲ အလုပ်တွေကို အားသွန်ခွန်စိုက် လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။

လတ်တလော မှာတော့ ကျော်ထက်ဇော် ပါဝင်သရုပ်ဆောင် ထားတဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲက ဒုတိယ အကြိမ်မြောက် ပြန်လည်ပြသ နေတာဖြစ်ပြီး မနေ့ က နိုဝင်ဘာလ (၂၉) ရက်နေ့မှာ ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ကျော်ထက်ဇော်က “အမုန်းမှသည်” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းနေ့မှာ ပရိသတ်တွေဆီက ငါးထောင်တန်တွေအများကြီးပါတဲ့ ပို်က်ဆံကိတ်ကြီး လက်ဆောင်ရရှိခဲ့ကြောင်းကို “အမုန်းမှသည် နောက်ဆုံးရက်လေး 💙 ပီတိဖြစ်မိပါတယ်။ ဒုတိယအကြိမ်ပြတဲ့အခါမှာလည်း ပိုချစ်၊ပိုအားပေး၊ပိုပြီး ဂုဏ်ပြုပေးကြတဲ့ အတွက် အမောပြေရပါတယ် 💙ဆက်ပြီးကြိုစားသွားပါ့မယ်ဗျာ အမြဲရှိနေပေးပါ 💙” ဆိုပြီး ပြောပြလာပါတယ်။

ကျော်ထက်ဇော် ကတော့ သူကြိုးစားသလောက်ကို ပရိသတ်တွေက ချစ်ပေး၊ အားပေးကြလို့ ပင်ပန်းသမျှ အမောပြေနေရတာပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော် တစ်ယောက် ပြည်သူချစ်သော အနုပညာရှင် အဖြစ် နှစ်တွေအများကြီး ဆက်လက် ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment