Celebrity


Written by Ms Cele





Source – Htet Htet Moe Oo
Rainbow- Cele Gabar

အမျိုးမျိုး အပြစ်တင် ဝေဖန်တတ်တဲ့ သူတွေ ကြောင့် ဘာမှမလုပ် ချင်အောင် စိတ်ဓာတ်ကျ နေပြီဆိုတဲ့ ထက်ထက်မိုး ဦး

ထက်ထက်ကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့် လောကဓံအလှည့် အပြောင်းတွေအများကြီးနဲ့ ဘဝကို တစ်ယောက် တည်း ရပ်တည်နေရသူပါ။ ဒါပေမယ့် အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့် အခုလိုကိုဗစ်ကာလ အနုပညာရှင် တော်တော်များများ အလုပ်တွေရပ်နားထားရချိန်မှာတောင် ထက်ထက် ကတော့ နေ့စဉ်နေ့တိုင်း ကုန်ပစ္စည်းမျိုးစုံကို Live လွှင့်ဈေးရောင်းပေးရင်း ကိုဗစ်ကာလကိုဖြတ်သန်းနေနိုင်လျက် ရှိပါတယ်။

အခုလို အလုပ်တွေ အများကြီး လုပ်နေရချိန်မှာ မလိုမုန်းထားသူတွေရဲ့ စိတ်ဓာတ်ကျအောင် အမျိုးမျိုး အနှောင့်အယှက်ပေး နေရကြောင်းကို ထက်ထက်ကတော့ ဘာမှ မလုပ်တော့လည်း အလုပ်မရှိဘူး ဆိုပြီးနှိမ်ကျတယ်.. အလုပ်တွေလုပ်ပြန်တော့လည်း စိတ်ဓာတ်ကျအောင် နှောင့်ယှက်ကြတယ်… ဘာမှကို မလုပ်ချင်တော့အောင် စိတ်ဓာတ်ကျမိတယ် ဆိုပြီး ရင်ထဲက ခံစားချက်တွေကို မျှဝေလာပါတယ်။

အနုပညာမောင်နှမ တွေနဲ့ ပရိသတ်တွေကတော့ ထက်ထက်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ်လုပ်သင့်တဲ့ အလုပ်ကို ရှေ့ဆက်လုပ်သွားဖို့ အားပေးစကားတို့ကို မှတ်ချက်ပေး ခဲ့ကြပါတယ်။ ပရိသတ်တော်တော် များများကတော့ ထက်ထက်ရဲ့ ဈေးရောင်းတဲ့ Live လေးတွေကို ဝယ်ဝယ်၊ မဝယ်ဝယ် ချစ်ခင်တဲ့စိတ်နဲ့ ထိုင်ကြည့်လေ့ရှိကြ သလို Live လွှင့်ဈေးရောင်းတာလေးကို မရပ်လိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ် ။

Source – Htet Htet Moe Oo
Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment