Celebrity

အမ်ိဳးသားထုႀကီးရဲ႕ အသဲေက်ာ္ မတ္မတ္သင္ဇာရဲ႕ အသက္(၃၃)ႏွစ္ျပည့္ ေမြးေန႕

Written by Ms Cele

အမ်ိဳးသားထုႀကီးရဲ႕ အသဲေက်ာ္ မတ္မတ္သင္ဇာရဲ႕ အသက္(၃၃)ႏွစ္ျပည့္ ေမြးေန႕

နိုင္ငံေက်ာ္သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ သင္ဇာဝင့္ေက်ာ္ ကေတာ့ ေၾကာ္ျငာသရုပ္ေဆာင္၊ ေမာ္ဒယ္လ္ တစ္ေယာက္ အျဖစ္ အနုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့ျပီး တျဖည္းျဖည္း ေအာင္ျမင္မႈေတြ ရရိွလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ ကေတာ့ သရုပ္ေဆာင္ ေကာင္းျပီး အလုပ္အေပၚ အာရံုစူးစုိက္နိုင္သူ တစ္ေယာက္ျဖစ္ေပမယ့္ အကယ္ဒမီဆုေတြနဲ့ အၾကိမ္ၾကိမ္ လြဲေခ်ာ္ေနရတာပဲ ျဖစ္ပါတယ္။ အနုပညာ သက္တမ္း ဆယ္စုနွစ္ေက်ာ္တိုင္ ရိွျပီျဖစ္တဲ့ သင္ဇာဝင့္ေက်ာ္ ကေတာ့ သူမရဲ့ ပြင့္ပြင့္လင္းလင္း နဲ့ ဘာကိုမွ ထိန္းခ်ဳပ္ထားျခင္းမရိွတဲ့ပံုစံေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို ဒီေန့ဒီအခ်ိန္ထိ တရိွန္ထိုးရရိွထားဆဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၄) ရက္ေန့ ကေတာ့ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သင္ဇာဝင့္ေက်ာ္ရဲ့ ေမြးေန့ေလး ပဲ ျဖစ္ပါတယ္။ (၁၉၈၇) ခုနွစ္မွာ ေမြးဖြားတဲ့ သင္ဇာဝင့္ေက်ာ္ ကေတာ့ ဒီနွစ္မွာေတာ့ သူမရဲ့ အသက္ (၃၃) နွစ္ျပည့္ ေမြးေန့ကို ေရာက္ရိွ လာတာပဲ ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ ကေတာ့ သူမရဲ့ ေမြးေန့တိုင္းမွာ အလွဴအတန္းေတြမ်ားစြာ ျပဳလုပ္ေလ့ရိွသလို သူမရဲ့ We Love Fan ေတြနဲ့လည္း ဆံုေတြ့ေလ့ ရိွေပမယ့္ ဒီနွစ္မွာေတာ့ ဘယ္လိုအစီအစဥ္ေတြ ျပဳလုပ္ထားလဲ ဆိုတာ မသိရေသးပါဘူး။

သင္ဇာကေတာ့ (၃၃) နွစ္ဆိုတဲ့ အရြယ္ကို ေရာက္ရိွလာ ေပမယ့္ သူမရဲ့ အလွအပေတြ ကေတာ့ ငယ္ရြယ္သူ ေတြေတာင္ လိုက္လို့မမွီနိုင္ဘူး ဆိုတာ ပရိသတ္ၾကီးလည္း ေတြ့ျမင္ရမွပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ေလး သင္ဇာဝင့္ေက်ာ္အတြက္ အမွတ္တရ ေမြးေန့ဆုမြန္ေကာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

အမျိုးသားထုကြီးရဲ့ အသဲကျော် မတ်မတ်သင်ဇာရဲ့ အသက်(၃၃)နှစ်ပြည့် မွေးနေ့

နိုင်ငံကျော်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော် ကတော့ ကြော်ငြာသရုပ်ဆောင်၊ မော်ဒယ်လ် တစ်ယောက် အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး တဖြည်းဖြည်း အောင်မြင်မှုတွေ ရရှိလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကတော့ သရုပ်ဆောင် ကောင်းပြီး အလုပ်အပေါ် အာရုံစူးစိုက်နိုင်သူ တစ်ယောက်ဖြစ်ပေမယ့် အကယ်ဒမီဆုတွေနဲ့ အကြိမ်ကြိမ် လွဲချော်နေရတာပဲ ဖြစ်ပါတယ်။ အနုပညာ သက်တမ်း ဆယ်စုနှစ်ကျော်တိုင် ရှိပြီဖြစ်တဲ့ သင်ဇာဝင့်ကျော် ကတော့ သူမရဲ့ ပွင့်ပွင့်လင်းလင်း နဲ့ ဘာကိုမှ ထိန်းချုပ်ထားခြင်းမရှိတဲ့ပုံစံကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ တရှိန်ထိုးရရှိထားဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၄) ရက်နေ့ ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တော် သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့လေး ပဲ ဖြစ်ပါတယ်။ (၁၉၈၇) ခုနှစ်မှာ မွေးဖွားတဲ့ သင်ဇာဝင့်ကျော် ကတော့ ဒီနှစ်မှာတော့ သူမရဲ့ အသက် (၃၃) နှစ်ပြည့် မွေးနေ့ကို ရောက်ရှိ လာတာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကတော့ သူမရဲ့ မွေးနေ့တိုင်းမှာ အလှူအတန်းတွေများစွာ ပြုလုပ်လေ့ရှိသလို သူမရဲ့ We Love Fan တွေနဲ့လည်း ဆုံတွေ့လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ဘယ်လိုအစီအစဉ်တွေ ပြုလုပ်ထားလဲ ဆိုတာ မသိရသေးပါဘူး။

သင်ဇာကတော့ (၃၃) နှစ်ဆိုတဲ့ အရွယ်ကို ရောက်ရှိလာ ပေမယ့် သူမရဲ့ အလှအပတွေ ကတော့ ငယ်ရွယ်သူ တွေတောင် လိုက်လို့မမှီနိုင်ဘူး ဆိုတာ ပရိသတ်ကြီးလည်း တွေ့မြင်ရမှပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး သင်ဇာဝင့်ကျော်အတွက် အမှတ်တရ မွေးနေ့ဆုမွန်ကောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment