Celebrity


Written by Ms Cele






အမျိုးသား ထုကြီး တစ်ရပ်လုံး အသည်းကွဲ သွားစေနိုင်တဲ့ ပို့စ်လေး တစ်ခုကို ချပြလိုက်တဲ့ စံရတီမိုးမြင့်

မျက်နှာ ဝိုင်းဝိုင်းလေးနဲ့ ချိုသာတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင် ထားတဲ့ စံရတီမိုးမြင့် ကတော့ အချိုးအစား ကျတဲ့ ခန္တာကိုယ် အချိုးအစားနဲ့ ကြွေ လောက်တဲ့ အမူအယာလေး တွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ သဘာဝကျကျ လှပသူလေးဖြစ်ပြီး ပရိသတ်တွေ ကလည်း ခေါင်းအစ ခြေအဆုံး လှပသူလေးကို ချစ်ခင်မှုတွေ များစွာနဲ့ အားပေးကြတာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်လို့ ဆိုလိုက်တာနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို မိန်းကလေး အချင်းချင်းလည်း အားကျရသူလေးပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ ပွင့်ပွင့်လင်းလင်း နေတတ်သူ တစ်ယောက်ပီပီ ဒီကနေ့မှာတော့ သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေ အမျိုးသားထု တစ်ရပ်လုံးကို အသည်းကွဲ စေခဲ့တာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က သူမရဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်း (၁၀) လပြည့်သွားခဲ့ပြီ ဆိုပြီး အမှတ်တရ တင်ခဲ့ရာ စံရတီမိုးမြင့်ကို အရူးအမူးချစ်ကြတဲ့ အမျိုးသား ပရိသတ်တွေ က တော်တော်လေး ခံစားသွားခဲ့ ရတာပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့် ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်လင်းစွာ ချပြထားခဲ့သလို အခုဆိုရင် သူမတို့ ချစ်သူ နှစ်ယောက်က ချစ်သူ သက်တမ်း တစ်နှစ်နီးပါးရှိ တော့မယ်လို့တောင် ပြောလာတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့် တို့ ချစ်သူနှစ်ယောက် ချစ်သူသက်တမ်း (၁၀) လပြည့်မှသည် နောက်နှစ်တွေ အများကြီးတိုင် ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြ ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment