Celebrity

အရင္က သူနဲ႕ တြဲလုပ္ဖို႕ျငင္းဆန္ခဲ့တဲ့ ကုမၸဏီေတြက ယခုျပန္ဆက္သြယ္လာခ်ိန္မွာ သူ႕ရဲ႕သေဘာထားကို ျပတ္သားစြာေျပာလိုက္တဲ့ ပိုင္တံခြန္

Written by Ms Cele

အရင္က သူနဲ႕တြဲလုပ္ဖို႕ ျငင္းဆန္ခဲ့တဲ့ ကုမၸဏီေတြက ယခုျပန္ဆက္သြယ္ လာခ်ိန္မွာ သူ႕ရဲ႕သေဘာထားကို ျပတ္သားစြာေျပာလိုက္တဲ့ ပိုင္တံခြန္

မင္းသားေခ်ာေလး ပိုင္တံခြန္ကေတာ့ ျပည္တြင္းေရာ ျပည္ပမွာပါ ေအာင္ျမင္ေနတဲ့ မင္းသား တစ္ေယာက္ျဖစ္ၿပီး ျပည္ပက ပရိတ္သတ္ေတြကပါ သည္းသည္းလႈပ္ အားေပး၀န္းရံခံရတဲ့ မင္းသားေခ်ာေလး တစ္ေယာက္ပါ။ သူဟာ ေတာင့္တင္းက်စ္လ်စ္တဲ့ေဘာ္ဒီ အမိုက္စားကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ၿပီး တက္တူးေတြဟာ ဆိုရင္လည္း အရမ္းကို အထာက်ေနတာကိုေတြ႕ရပါတယ္။

ပိုင္တံခြန္ရဲ့အထာက်က် မိမိုက္လြန္းတဲ့ ပုံေတြေၾကာင့္ အခုရက္ပိုင္းမွာဆိုရင္ ထိုင္း၊ တ႐ုတ္၊ကိုရီးယား၊ စကၤာပူ၊ မေလးရွား၊ ကေမၻာဒီးယားစတဲ့ နိုင္ငံေတြအထိ ေအာင္ျမင္ကာနိုင္ငံတကာက ပရိသတ္ေတြရဲ့ သေဘာက်အားေပး ၀န္းရံမႈကို အျပည့္အ၀ ရရွိေနတာျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ့ေအာင္ျမင္မႈအေပၚကို အႏုပညာရွင္ အခ်င္းခ်င္းကလည္း အားေပးၾကသလို ပရိသတ္ေတြကလည္း တစ္ခဲနက္၀န္းရံေပးေနၾက တာလည္း ေတြ႕ရပါတယ္ေနာ္။ပိုင္တံခြန္ဟာ အခုလိုေအာင္ျမင္လာတာနဲ႔အမၽွ အလုပ္တူတူတြဲလုပ္ဖို႔ ကမ္းလွမ္းလာၾကတဲ့ ကုမၸဏီေတြလည္း အမ်ားအျပားရွိေနတာျဖစ္ပါတယ္။

မၾကာေသးမီ ကေတာ့ ပိုင္တံခြန္ဟာ အလုပ္လုပ္ဖို႔ ကမ္းလွမ္းၾကတဲ့ ကုမၸဏီအခ်ိဳ႕နဲ႔ပက္သက္ၿပီးလည္း သူ႔ရဲ့သေဘာထားကို Facebook my dayေလးမွာ ” က်ေနာ္နဲ႔အရင္ကတြဲ မလုပ္ခ်င္တဲ့ ကုမၸဏီတစ္ခ်ိဳ႕ရွိတယ္။ အခုခ်ိန္ျပန္ဆက္သြယ္ၾကတယ္။ က်ေနာ္ကေတာ့ အားလုံးကို တစ္ကယ္ welcomeပါ၊ ငါ့ကိုတစ္ခ်ိန္က ဒီလိုလုပ္လို႔ဆိုတဲ့ အေတြးလည္းမရွိဘူး။ ဘာလို႔ဆို အခုခ်ိန္ထိ က်ေနာ္ကိုယ္ကို အသစ္လို႔သတ္မွတ္ထားလို႔ပါ။ လူတိုင္းအဆင္ေျပၿပီး ခ်စ္ခင္ေနရင္ ပိုေကာင္းတယ္ေလ က်ေနာ္ကေတာ့ အခုခ်ိန္မွာက်ေနာ္လုပ္ေပးနိုင္တဲ့ အရာရာတိုင္း အားလုံးအတြက္ လုပ္ေပးခ်င္ပါတယ္ ဒါပါပဲ” ဆိုၿပီးေရးသားထား တာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မၽွေဝေပးလိုက္ ပါတယ္ေနာ္။

Credit:Swelsone News

အရင်က သူနဲ့တွဲလုပ်ဖို့ ငြင်းဆန်ခဲ့တဲ့ ကုမ္ပဏီတွေက ယခုပြန်ဆက်သွယ် လာချိန်မှာ သူ့ရဲ့သဘောထားကို ပြတ်သားစွာပြောလိုက်တဲ့ ပိုင်တံခွန်

မင်းသားချောလေး ပိုင်တံခွန်ကတော့ ပြည်တွင်းရော ပြည်ပမှာပါ အောင်မြင်နေတဲ့ မင်းသား တစ်ယောက်ဖြစ်ပြီး ပြည်ပက ပရိတ်သတ်တွေကပါ သည်းသည်းလှုပ် အားပေးဝန်းရံခံရတဲ့ မင်းသားချောလေး တစ်ယောက်ပါ။ သူဟာ တောင့်တင်းကျစ်လျစ်တဲ့ဘော်ဒီ အမိုက်စားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး တက်တူးတွေဟာ ဆိုရင်လည်း အရမ်းကို အထာကျနေတာကိုတွေ့ရပါတယ်။

ပိုင်တံခွန်ရဲ့အထာကျကျ မိမိုက်လွန်းတဲ့ ပုံတွေကြောင့် အခုရက်ပိုင်းမှာဆိုရင် ထိုင်း၊ တရုတ်၊ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေအထိ အောင်မြင်ကာနိုင်ငံတကာက ပရိသတ်တွေရဲ့ သဘောကျအားပေး ဝန်းရံမှုကို အပြည့်အဝ ရရှိနေတာဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့အောင်မြင်မှုအပေါ်ကို အနုပညာရှင် အချင်းချင်းကလည်း အားပေးကြသလို ပရိသတ်တွေကလည်း တစ်ခဲနက်ဝန်းရံပေးနေကြ တာလည်း တွေ့ရပါတယ်နော်။ပိုင်တံခွန်ဟာ အခုလိုအောင်မြင်လာတာနဲ့အမျှ အလုပ်တူတူတွဲလုပ်ဖို့ ကမ်းလှမ်းလာကြတဲ့ ကုမ္ပဏီတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။

မကြာသေးမီ ကတော့ ပိုင်တံခွန်ဟာ အလုပ်လုပ်ဖို့ ကမ်းလှမ်းကြတဲ့ ကုမ္ပဏီအချို့နဲ့ပက်သက်ပြီးလည်း သူ့ရဲ့သဘောထားကို Facebook my dayလေးမှာ ” ကျနော်နဲ့အရင်ကတွဲ မလုပ်ချင်တဲ့ ကုမ္ပဏီတစ်ချို့ရှိတယ်။ အခုချိန်ပြန်ဆက်သွယ်ကြတယ်။ ကျနော်ကတော့ အားလုံးကို တစ်ကယ် welcomeပါ၊ ငါ့ကိုတစ်ချိန်က ဒီလိုလုပ်လို့ဆိုတဲ့ အတွေးလည်းမရှိဘူး။ ဘာလို့ဆို အခုချိန်ထိ ကျနော်ကိုယ်ကို အသစ်လို့သတ်မှတ်ထားလို့ပါ။ လူတိုင်းအဆင်ပြေပြီး ချစ်ခင်နေရင် ပိုကောင်းတယ်လေ ကျနော်ကတော့ အခုချိန်မှာကျနော်လုပ်ပေးနိုင်တဲ့ အရာရာတိုင်း အားလုံးအတွက် လုပ်ပေးချင်ပါတယ် ဒါပါပဲ” ဆိုပြီးရေးသားထား တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment