Celebrity


Written by Ms Cele





Credit:Swelsone News

အရင်လို မဆိုးတော့ပဲ ကောင်းတာတွေပဲ လုပ်တော့မယ်လို့ ဆိုလာတဲ့ စွမ်းဇာနည်

ပရိသတ် အချစ်တော် စွမ်းဇာနည် ကတော့ ဇာတ်သဘင် လောကမှာ အောင်မြင်မှုတွေနဲ့ နေရာတစ်နေရာ ရရှိနေတဲ့ ဇာတ်မင်းသားလေးတစ်ဦးပဲ ဖြစ်ပါတယ် ။ စွမ်းဇာနည်ဟာ ဆိုရင် ပရိသတ်တွေကို သူ့ရဲ့အကပညာ၊ အဆိုပညာတွေနဲ့ မငြီးငွေ့ ရလောက်အောင် ဖျော်ဖြေတတ် သူလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် စွမ်းဇာနည်က ရုပ်ရှင်သရုပ်ဆောင် မင်းသားတစ်ဦး အဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

စွမ်းဇာနည် ကတော့ အောင်မြင်မှုကို မထိန်းနိုင်ခဲ့ပဲ လမ်းမှားကို လိုက်ခဲ့မိတာပဲဖြစ်ပါတယ်။ (၂)နှစ် နီးပါးလောက်နေ့တိုင်း နေ့တိုင်းဆေးသုံး ခဲ့တဲ့ စွမ်းဇာနည် ဟာ ယခုအချိန် အမှာတော့ အမှားတွေကို စွန့်လွှတ်ပြီး လူကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။ စွမ်းဇာနည်က “ကျွန်တော်အရင်လို မဆိုးတော့ဘူး.ကောင်းတာတွေပဲလုပ်ဖို့ဆုံးဖြတ်လိုက်ပြီ” ဆိုပြီးပြောလာ ခဲ့ပါတယ်။

လတ်တလော မှာတော့ စွမ်းဇာနည်ဟာ စိန်ပစ္စည်းတွေကို Live လွှင့်ရောင်းနေတာ ပဲဖြစ်ပါတယ်။ ဇာတ်ပြန်ကဖို့ကိုလဲ သူရဲ့ အဖွဲ့သားတွေနဲ့အတူ ကြိုးစား လေ့ကျင့်နေပြီပဲဖြစ်ပါတယ်။ အမှားတွေကို စွန့်လွှတ်ပြီး လူတွေရဲ့ယုံကြည်မှုကို ပြန်လည်ရရှိဖို့ ကြိုးစားနေတဲ့ စွမ်းဇာနည်ကို ပရိသတ်ကြီးကလဲ အားပေးကြ ပါဦးနော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment