Celebrity


Written by Ms Cele





Credit:Cele Zone

အရမ်းကို ချစ်စရာ ကောင်းလွန်း နေတဲ့ သူမရဲ့ ပုံရိပ်လေး တွေကို ဝေမျှ လိုက်တဲ့ ဝိုင်းစုခိုင်သိန်း

အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေ ဆိုတတ်တဲ့ ကော်ပတ် ရုပ်လေးလို ချစ်စရာ ကောင်းသူလေး ဝိုင်းစု ကတော့ သူမရဲ့ပုံရိပ် လေးတွေကို ဝေမျှပေးခဲ့ပါတယ်။ ချစ်စဖွယ် အပြင်အဆင်လေးနဲ့ ချစ်စရာမိန်းကလေးတို့ရဲ့ပေါင်းစပ်မှုဟာ ပြောစရာ မလိုအောင်ကို ပြီးပြည့်စုံနေခဲ့တာတော့အမှန်ပါပဲ။ အသံလေးလည်း ချိုသလို အပြုံးလေးကလည်း ချစ်စရာကောင်းသူပါ။

အဖော်မွန်ကောင်းနဲ့ လက်တွဲပြီးနောက်မှာတော့ သူမရဲ့ပျော်ရွှင်စရာ နေ့ရက်တွေဟာ ပိုပြီးများလာခဲ့ပါတယ်။ အလိုလိုက်တဲ့ ချစ်သူကြောင့်လည်း ဝိုင်းစုတစ်ယောက် အရင်ကထက်တောင် ပိုပြီးပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာ ခဲ့ပါသေးတယ်။ ပိန်ပိန်ဝဝ ချစ်မယ့်သူတွေ ရှိပေမယ့် ကျန်းမာရေး အတွက်တော့ ဝိုင်းစုက လက်ရှိမှာ ဝိတ်လျော့နေခဲ့ပါတယ်။

အဖြူနဲ့အနက်ပေါင်းစပ် ထားတဲ့ ဂါဝန်လေးနဲ့ လှချင်တိုင်း လှနေသူလေးရဲ့ ပုံရိပ်လေးတွေဟာ ထုံစံ အတိုင်းပဲ ပရိသတ်တွေကြားမှာ ရေပန်းစား သွားခဲ့ပါတယ်။ ချစ်စဖွယ်အပြုံလေးတွေနဲ့ အေးအေးချမ်းချမ်း လှနိုင်လွန်း သူလေးဝိုင်းစုရဲ့ ပုံရိပ်လေး တွေကို ပရိသတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment