Celebrity


Written by Ms Cele





Credit:Celelucky

အရမ်းချစ်ရတဲ့ ချစ်သူလေးထောင်ထဲမဝင်ခင်က ရိုက်ပေးခဲ့တဲ့ အမှတ်တရပုံလေးကို ထုတ်ပြကာသတိရကြောင်းပြောလာတဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

ပရိသတ်ကြီးရေ မင်းသား ပိုင်တံခွန်ဟာ အကျဉ်းထောင်ထဲ ရောက်နေတာ လေးလကျော်လောက်ရှိ နေပါပြီနော်။ထောင်ထဲရောက် နေပေမယ့်လည်း သူ့ပရိသတ်တွေကို သတိတရရှိနေပြီး (၆) လပိုင်း ရုံးချိန်းတွင် ချစ်သောပရိသတ်တွေ အတွက် ကဗျာလေးတစ်ပုဒ် ရေးသားပေးပို့ လာခဲ့ပါသေးတယ်နော်။

ပိုင်တံခွန်ရဲ့ ချစ်သူကလည်း သူ့ကောင်လေးကို အမြဲတမ်း သတိရနေပြီး ပြန်လွတ်လာစေဖို့ ဆုတောင်းပေးနေ ပါတယ်နော်။ အပြင်မှာရှိခဲ့စဉ်က အတူပျော်ဖူးတဲ့ အမှတ်တရတွေကိုလည်း သတိရနေပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်တွင် ပုံရိပ်တစ်ချို့ကို ချပြလေ့ရှိပါတယ်နော်။

အခုလည်း ပိုင်တံခွန် အမှတ်တမဲ့ ရိုက်ပေးခဲ့တဲ့ သူမရဲ့ ဓာတ်ပုံလေး ကို ထုတ်ပြရင်း အရင်လို အတူတူ ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်လေးတွေ ဖြတ်သန်းချင်နေကြောင်း ဖွင့်ဟထားပါတယ်နော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်လွတ်လာမယ့် ရက်ကို မျှော်လင့်စောင့်စားနေတဲ့ သူ့ကောင်မလေးအတွက် နှစ်သိမ့်စကားလေးတွေ ပြောပေးသွားကြ ပါဦးနော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment