Celebrity

အရမ္းခ်စ္ရတဲ့ ဇနီးနဲ႕ သမီးလတ္အတြက္ ျမန္မာျပည္ကေန ေမြးေန႕ကုသိုလ္ေလး ျပဳလုပ္ေပးခဲ့တဲ့ ႏိုင္းႏိုင္း

Written by Ms Cele

အရမ္းခ်စ္ရတဲ့ ဇနီးနဲ႕ သမီးလတ္အတြက္ ျမန္မာျပည္ကေန ေမြးေန႕ကုသိုလ္ေလး ျပဳလုပ္ေပးခဲ့တဲ့ ႏိုင္းႏိုင္း

ပရိသတ္ႀကီးေရ ႏိုင္းႏိုင္းဟာဆိုရင္ အႏုပညာေလာကမွာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္ေက်ာ္ၾကားေနတဲ့ မင္းသားေခ်ာတစ္လက္ပဲျဖစ္ပါတယ္ေနာ္။ အရမ္းခ်စ္ရတဲ့ ဇနီးျဖစ္သူ စႏၵီခ်ိဳရယ္ သားသားမီးမီးေတြနဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ဘ၀ကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။လက္ရွိမွာေတာ့ နိုင္းနုိင္းက အိမ္ေထာင္ရွင္ ကေလး (၄) ေယာက္ဖခင္ပီပီ အလုပ္ေတြ လုပ္ကိုင္ရင္း တစ္ဖက္မွာလည္း သားသမီးနဲ့ ဇနီးမယားကို အေဝးကေန ေစာင့္ေရွာက္ေပးေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။

ဒီကေန့ ဇန္နဝါရီလ (၉) ရက္ေန့ ကေတာ့ နိုင္းနိုင္းရဲ့ ခ်စ္ဇနီး စႏၵီခ်ိဳနဲ့ တတိယေျမာက္ သမီးေလး Emerida ရဲ့ ေမြးေန့ပဲ ျဖစ္ပါတယ္။ နိုင္းနိုင္းက အေမရိကားမွာ ရိွေနတဲ့ ဇနီးနဲ့ သမီးအတြက္ ျမန္္မာျပည္မွာ ေန့ဆြမ္းကပ္အလွဴေလးတစ္ခု ျပဳလုပ္ျဖစ္ခဲ့ေၾကာင္းကို “ဒီေန႔ Sandy ႏွင့္ Emerida တို႔ရဲ႕ ေမြးေန႔အလႉေလးပါ။ ၇ရက္သားသမီးတို႔ ရဲ႕ အလႉလဲ ျဖစ္ပါတယ္။ ခ်စ္ေသာသူမ်ားလဲ သာဓုေခၚႏိုင္ပါတယ္… အားလုံး က်န္းမာ ခ်မ္းသာ လိုသမွ် ျပည့္ပါေစ… ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

နိုင္းနုိင္း ကေတာ့ ခ်စ္ရတဲ့ဇနီး စႏၵီနဲ့ သမီးေလးအတြက္ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ျပီး ေမြးေန့မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာရိွေအာင္ ဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နုိင္းနိုင္းရဲ့ ကုသိုလ္ေလးကို ထပ္တူ ဝမ္းေျမာက္စြာျဖင့္ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Actor 99’s fb
Credit:Cele Connections

အရမ်းချစ်ရတဲ့ ဇနီးနဲ့ သမီးလတ်အတွက် မြန်မာပြည်ကနေ မွေးနေ့ကုသိုလ်လေး ပြုလုပ်ပေးခဲ့တဲ့ နိုင်းနိုင်း

ပရိသတ်ကြီးရေ နိုင်းနိုင်းဟာဆိုရင် အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားနေတဲ့ မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်နော်။ အရမ်းချစ်ရတဲ့ ဇနီးဖြစ်သူ စန္ဒီချိုရယ် သားသားမီးမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။လက်ရှိမှာတော့ နိုင်းနိုင်းက အိမ်ထောင်ရှင် ကလေး (၄) ယောက်ဖခင်ပီပီ အလုပ်တွေ လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သားသမီးနဲ့ ဇနီးမယားကို အဝေးကနေ စောင့်ရှောက်ပေးနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

ဒီကနေ့ ဇန်နဝါရီလ (၉) ရက်နေ့ ကတော့ နိုင်းနိုင်းရဲ့ ချစ်ဇနီး စန္ဒီချိုနဲ့ တတိယမြောက် သမီးလေး Emerida ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းက အမေရိကားမှာ ရှိနေတဲ့ ဇနီးနဲ့ သမီးအတွက် မြန််မာပြည်မှာ နေ့ဆွမ်းကပ်အလှူလေးတစ်ခု ပြုလုပ်ဖြစ်ခဲ့ကြောင်းကို “ဒီနေ့ Sandy နှင့် Emerida တို့ရဲ့ မွေးနေ့အလှူလေးပါ။ ရရက်သားသမီးတို့ ရဲ့ အလှူလဲ ဖြစ်ပါတယ်။ ချစ်သောသူများလဲ သာဓုခေါ်နိုင်ပါတယ်… အားလုံး ကျန်းမာ ချမ်းသာ လိုသမျှ ပြည့်ပါစေ… ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

နိုင်းနိုင်း ကတော့ ချစ်ရတဲ့ဇနီး စန္ဒီနဲ့ သမီးလေးအတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိအောင် ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်းနိုင်းရဲ့ ကုသိုလ်လေးကို ထပ်တူ ဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Actor 99’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment