Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Baby Maung

အရမ်းချစ်ရတဲ့ ညီမလေးသံစဉ်မောင် မသိအောင် ဗီဒီယိုခိုးရိုက်ကာ စနောက်ထားတဲ့ ဗီဒီယိုလေးကို ချပြလာတဲ့ ဘေဘီမောင်

မင်းသမီးချောလေး ဘေဘီမောင် ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင် တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝ ရရှိနေတဲ့သူလေး ပဲဖြစ်ပါတယ်နော်။ သူမဟာမော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကာ ကြိုးစား အားထုတ်မှုတွေကြောင့် ပရိသတ် အသိအမှတ်ပြုတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဘေဘီမောင်ဟာ အဆိုတော် သားဂန်းနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationship တစ်ခုကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ ကလည်း သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းလေးကို စောင့်နေကြတာဖြစ်ပါတယ်။ ဘေဘီမောင်က အနုပညာအလုပ်တွေအပြင် တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ အထည်ဆိုင်ဖွင့်ထား တာလည်းဖြစ်ပါတယ်နော်။

ဒါ့အပြင် ညီမလေးသံဇဉ်မောင် ကိုလည်း အရမ်းချစ်ပြီး အစ်မကြီး အမရာဆိုစလို အမြဲလိုလေသေး မရှိထားတာတွေ့ရပါတယ် ။ အခုလည်း ချစ်ညီမလေး မသိအောင် ဗီဒီယိုခိုးရိုက်ကာ စနောက်ထားတဲ့ ဗီဒီယိုလေးကို မိုင်ဒေးမှာ ဖော်ပြထားပါတယ် ။ ဘေဘီမောင်တို့ ညီအစ်မ နှစ်ယောက်လုံးကတော့ အမြဲစနောက်ကာ ပျော်ပျော်နေတတ်သူတွေလည်း ဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် ဘေဘီမောင်တို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Baby Maung

About the author

Ms Cele

Leave a Comment