Celebrity


Written by Ms Cele





Credit:Cele Zone

အရမ်းချစ်ရတဲ့ မိခင်ဖြစ်သူကွယ်လွန်သွားတာ (၄)လပြည့်မြောက်ခဲ့ပေမယ့် တစ်ရက်ကလေးမှ မေ့မရခဲ့ကြောင်းပြောပြလာတဲ့ ခင်ဇာခြည်ကျော်

ပရိသတ်ကြီးရေ ပရိသတ် အချစ်တော် မင်းသမီးကြီး ခင်ဇာခြည်ကျော် ကတော့ သူ့ရဲ့ မိခင်ကြီးကို လွမ်းဆွတ်းတ သတိရနေတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ မိခင်ကြီးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ ့မှာတော့ ခင်ဇာခြည်ကျော်ရဲ့ မိခင်ကြီး ကွယ်လွန်တာ(၄)လပြည့်မြောက်တဲ့ နေ့ရက်လေးပဲဖြစ်ပြီး ခင်ဇာခြည်ကျော် ကတော့ မိခင်ကြီးကို တစ်ရက်လေးမှာ မေ့မရဘဲ လွမ်းဆွတ်တမ်းတ သတိရနေတဲ့ အကြောင်း ဒီနေ့လေးမှာ အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။”ထားခဲ့ သူနဲ့ ကျန်ရစ်သူ။ ကျန်ရစ်သူ တွေကပိုလွမ်းရပါတယ်မေမေရေ။ ဒီနေ့ ၄လပြည့် ပြီနော် (၁၈.၆.၂၀၂၁)” ဆိုပြီး ဖော်ပြထားခဲ့တာပါ။

ခင်ဇာခြည်ကျော် ကို ချစ်ခင်ပြီး အားပေးကြတဲ့ ပရိသတ်တွေ ကလည်း မိခင်ကြီးကို လွမ်းနေတဲ့ ခင်ဇာခြည်ကျော် ကို ထပ်တူခံစားရကြောင်းနဲ့ နှစ်သိမ့်စကား တွေပြောကာ အားပေးနေခဲ့ကြပါသေးတယ်။ ပရိသတ်တွေ လည်း မိခင်ကြီးကို လွမ်းဆွတ်တမ်းတနေတဲ့ ခင်ဇာခြည်ကျော်ကို အားပေးနှစ်သိမ့် စကားလေးတွေ ပြောခဲ့ပေးပါဦးနော်။

Source – Khin Zarchi Kyaw
Credit:Cele Zone

About the author

Ms Cele

Leave a Comment