Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Phway Phway

အရမ်းချစ်ရတဲ့ အဖေဖြစ်သူနဲ့ အမှတ်တရပုံရိပ်တွေကို ဆို့နစ်ကြေကွဲစွာ ပြသလာတဲ့ ဖွေးဖွေး

ဩဂုတ်လ (၁၉) ရက်နေ့မှာ ဖွေးဖွေးက အရမ်းချစ်ရတဲ့ ဖခင်ကြီးကို ဆုံးရှုံးလိုက် ရပါတယ် ။ အားလုံးကလည်း ဖွေး အတွက် ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ ။ ဖွေးအနေနဲ့ ဖခင် တစ်ယောက်ရဲ့ နောက်ဆုံး ခရီးတောင် လိုက်ပါ ပို့ဆောင်ခွင့်မရခဲ့တဲ့ အတွက် ဘယ်လောက်တောင် ဖြေဆည်မရ ကြေကွဲနေမလည်းနော် ။

အခုချိန်ထိလည်း ဖခင်ကြီး ကွယ်လွန် တာကို လက်မခံနိုင်သေးကြောင်း ရင်ဖွင့်ထား ပါသေးတယ် ။ ဒါ့အပြင် ဖခင်နဲ့ အတူ ဖြတ်သန်းခဲ့တဲ့ တစ်ချိန်က အမှတ်တရ ပုံရိပ်တွေကိုလည်း ထုတ်ပြရင်း ခံစားချက်လေးတွေကို ရေးသားထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

လူတိုင်းကတော့ တစ်ချိန်ချိန်မှာ ခွဲခွာကြရတာ မှန်ပေမယ့် မိဘရဲ့ နောက်ဆုံး အချိန်တောင် နှုတ်ဆက်ခွင့် မရသလို မျက်နှာတောင် မမြင်လိုက်ရတဲ့ သားသမီး တစ်ယောက်အတွက် ကတော့ ပိုခံစားရမှာပါ ။ ပရိသတ်ကြီးအတွက် ဖခင်ကြီးအတူ ဖြတ်သန်းခဲ့တဲ့ ဖွေးဖွေးရဲ့အမှတ်တရ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Phway Phway

About the author

Ms Cele

Leave a Comment