Celebrity


Written by Ms Cele





Credit:Cele Zone

အရမ်းလိမ္မာပြီး အလိုက်သိတဲ့ သားလေးကြောင့် သဘောတွေကျကာ ချစ်မဝဖြစ်နေရတဲ့ မေမေဆုပန်ထွာ

ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ အနုပညာ အလုပ်တွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး တစ်ခေတ် တစ်ခါထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့ရာ ယနေ့ချိန်ထိ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲပါ။ အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျ လှနေတာလေး ကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာအမှန်ပါပဲ။

ဆုပန်ထွာက ချစ်စရာသားသားရယ်၊ အရမ်းချစ်တတ်တဲ့ခင်ပွန်းရယ်ကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့မိသားစု ဘဝလေးက သာယာစိုပြေပြီး ပရိသတ်တွေ ကလည်း အားကျချစ်ခင်နေရတာဖြစ်ပါတယ်။roar roar လေးကလည်း အသားညိုညိုလေးနဲ့ စကားတက်လွန်းပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးပါ။

ဒါ့အပြင် roar roar လေးကချစ်မေမေနဲ့ဖေဖေကို အရမ်းလိမ္မာ သိတတ်ပြီး ဝိုင်းကူလုပ်ပေးတတ် ပါသေးတယ်နော်။ အခုလည်း မေမေ့ကိုခြေထောက်တွေေ သချာနှိပ်ပေးလိုက် နမ်းလိုက်နဲ့ ပါးစပ်ကလည်း မေမေအညောင်းပြေလား မေးနေလိုက်တာ အရမ်းကို ချစ်စရာကောင်း နေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း roar roar လေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါရစေ။

Credit:Cele Zone

About the author

Ms Cele

Leave a Comment