Celebrity


Written by Ms Cele







အရှက်အကြောက် ကြီးတဲ့ မမဆောင်း ကို ဆေးအကြီးကြီး ထိုးပြီး စနောက် ခဲ့တဲ့ ယုန်လေး

နိုင်ငံကျော် အနုပညာရှင် ယုန်လေး ကတော့ အနုပညာ အလုပ်တွေ အပေါ်မှာလည်း သူများတကာ ထက် ကြိုးစား လုပ်ကိုင်သလို ပရဟိတစိတ် လည်း ပြင်းထန်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ ငယ်ရွယ်စဉ် အချိန် ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတဲ့အပြင်

ခင်တွယ်စရာ မောင်နှမသွေးသား တွေလည်း မရှိတာကြောင့် သူခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို မိသားစုလို သဘောထား ဆက်ဆံသူ တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ယုန်လေးက သူခင်တွယ်သလိုပဲ မိတ်ဆွေ သူငယ်ချင်းတွေ ဆီကလည်း ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။

ဒီကနေ ့မှာတော့ ယုန်လေးက လက်ရှိနာမည်ကြီး နေတဲ့ ဆယ်လီ မမဆောင်းနဲ့ အပြင်မှာ ဆုံတွေ့ရလို့ ဟန်မဆောင်နိုင် လောက်အောင်ကို ပြုံးရွှင်နေတာကို အခုလိုပဲ တွေ့ရပါတယ်။ ယုန်လေးက မမဆောင်း ကို ” ကျွန်တော် ရဲ့ Offical ကိုချပြပါပြီ။ ချစ်ဆုံးကြီးနဲ့ တွေ့ရတော့ မျက်ခွက်ကို ဖြီးနေတာ 🤣🤣🤣🤣🥰🥰🥰🥰🥰 မမဆောင်းကို မထိနဲ့နော် OG တွေနဲ့ငြိမယ် 🤣” ဆိုပြီး သူ့ရဲ့ ထုံးစံ အတိုင်း ဆေးကြီးကြီးထိုးပြီး စနောက်ထား တာကို တွေ့ရပါတယ်။

ယုန်လေးကတော့ ခင်မင်တဲ့သူ တွေကို မစနောက်ရရင် မနေနိုင်တဲ့အတိုင်း အရှက်အကြောက် ကြီးလွန်းတဲ့ မမဆောင်းကို စနောက်ပြီး ကျီစယ်ထားတာ ဖြစ်ပါတယ်။ မမဆောင်း တစ်ယောက်လည်း ယုန်လေးရဲ့ စကားကြောင့် ဘယ်လောက် တောင် ရှက်သွေးဖြာနေမလဲ မသိဘူးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment