Celebrity


Written by Ms Cele





Credit:Cele Zone

အလန်းစားကားကြီးနဲ့ ကြီးကျယ် ခမ်းနားတဲ့ ဟိုတယ်ကြီးကို နောက်ခံထားပြီး ချစ်စရာကောင်းစွာ ရိုဆန်ဆန် ရိုက်ကူးခဲ့တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

ပရိသတ်ကြီးရေ Stay Home တာကြာသွားပြီးနောက် မှာတော့ အရင်လိုခရီးတွေထွက်ပြီး အလုပ်တွေလုပ်ရတဲ့ ဘဝကိုပြန်ပြီးလွမ်းနေတဲ့ ဝါဆိုတစ်ယောက် (၂၀၂၁) ရဲ့ ပထမဆုံးလ မှာပဲ ချစ်သူနဲ့အတူ ပြင်ဦးလွင်ကိုခရီးထွက်နိုင် ခဲ့တာမို့ ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။ နှစ်ယောက်အတူ ရိုက်ထားတဲ့ ရိုဆန်ဆန်ပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါသေးတယ်။

အလုပ်တွေလည်းအတူတူ လုပ်ကြပြီး လက်တွဲလာတဲ့ သက်တမ်းဟာလည်း (၅) နှစ်ကျော်လာခဲ့ပြီဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေက ပြောစရာ မလိုအောင်ကို ပြည့်စုံနေ ခဲ့ပါပြီ။ အိတ်တွေကြိုက်တဲ့ဝါဆို့အတွက် အမြဲတမ်းအကောင်းစား အိတ်တွေ လက်ဆောင်ပေး တတ်တဲ့ ဖြိုးလေးလိုချစ်သူကို ပိုင်ဆိုင်ထား တာလည်း ဝါဆို့အတွက်တော့ ကံကောင်းခြင်းပါပဲ။

နှစ်ယောက်သားရဲ့ ကြည်နူးစရာအခိုက်အတန့် ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေဟာ မြင်ရသူပရိသတ်တွေ အတွက်တော့ အားကျစရာပါပဲ။ အချိန်တွေအကြာကြီး အတူတူရှိကြသလို အချစ်တွေကလည်း ပိုပိုပြီးခိုင်မြဲလာတဲ့ ဒီစုံတွဲလေးရဲ့ ချစ်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီး အတွက် တင်ဆက်ပေး လိုက်ပါတယ်။

Credit:Cele Zone
Source:Phyo Lay / Warso Moe Oo

About the author

Ms Cele

Leave a Comment