Celebrity


Written by Ms Cele





Credit:Swelsone News

အလန်းစား ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိစွာ ပွဲတက်လာတဲ့ အေးမြတ်သူ

မင်းသမီးချောလေး အေးမြတ်သူ ကတော့ ဟန်ဆောင်မှုကင်းပြီး လွတ်လပ် ပေါ့ပါးတဲ့ကိုယ်ပိုင် စတိုင်လ်လေးနဲ့ပဲ နေထိုင်တတ်တာ ဖြစ်ပါတယ် ။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ အေးမြတ်သူက စကားပြောတဲ့နေရာမှာလည်း တကယ့်ကို ပွင့်ပွင့်လင်းလင်းရှိသူလေး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း အေးမြတ်သူကို ယောက်ျားလေး ပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေကပါ အပြတ်အသတ်ဝန်းရံပြီး ချစ်ခင်အားပေး နေကြတာ ဖြစ်ပါတယ် ။

အသက်(၃၀) ကျော်အရွယ်လို့ လုံးဝမထင်မှတ် ရလောက်အောင်ကို အရွယ်တင်နုပျိုလွန်းတဲ့ အေးမြတ်သူက ဆယ်ကျော်သက်လေး တွေနဲ့ အပြိုင်လှနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အေးမြတ်သူရဲ့ကိုယ်လုံးလေးက အဆီပိုကင်းဝေးပြီး သေးသေးသွယ်သွယ်လေးနဲ့ လှနေတာကြောင့် ဘာပဲဝတ်ဝတ်လိုက်ဖက် တင့်တယ်နေတာ ဖြစ်ပါတယ် ။ လတ်တလော မှာတော့ အေးမြတ်သူက GYM ပိုကစားပြီး ခန္ဓာကိုယ်အလှကို ထိန်းသိမ်းနေတာ ဖြစ်ပါတယ် ။ အခုလည်း အေးမြတ်သူက အမိုက်စား ဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့တာ ဖြစ်ပါတယ် ။

အေးမြတ်သူက ခါးအထိပေါ်လွင်နေတဲ့ ဝတ်စုံလေးကို ယုံကြည်မှု အပြည့်နဲ့ဝတ်ဆင်ပြီး ကော်ဇော်နီထက်မှာ လျှောက်လှမ်းပြ ခဲ့တာပဲ ဖြစ်ပါတယ် ။ သေးသွယ်တဲ့ ခါးလေးနဲ့ ဖြူဖွေးဝင်းဥနေတဲ့ ကျောပြင်အလှတွေက အေးမြတ်သူကို ပိုပြီးဆွဲဆောင်မှု ရှိစေတာကြောင့် မြင်သူတိုင်း ပါးစပ်အဟောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အလန်းစားဖက်ရှင် နဲ့ပွဲတက်လာတဲ့ မင်းသမီးချောလေး အေးမြတ်သူရဲ့ ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်

Credit:Swelsone News

About the author

Ms Cele

Leave a Comment