Celebrity


Written by Ms Cele





Credit:Cele Gabar

အလိုတော်ပြည့်ကျောင်းက လူနာတွေ အတွက် လိုအပ်နေတဲ့ အောက်စီဂျင်စက်(၁)လုံး လှူဒါန်းခဲ့တဲ့ နေတိုး

သရုပ်ဆောင် အကယ်ဒမီနေတိုး ကတော့ မြန်မာနိုင်ငံက ထိပ်တန်း မင်းသား တစ်လက်အဖြစ် ရပ်တည်လာ ခဲ့တာ ကြာခဲ့ပါပြီ ။ အနုပညာနဲ့ပတ်သက်ရင် အကောင်းဆုံးကြိုးစား လုပ်ဆောင်တတ်တဲ့ နေတိုးက လိုအပ်တဲ့နေရာ မှာလည်း အလှူအတန်းတွေပြုဖို့ စိတ်အားထက်သန်သူ တစ်ယောက်ပါ။

လတ်တလော မှာလည်း ပရိသတ်တွေသာဓုခေါ်ရမယ့် အလှူတစ်ခုကို ထပ်မံပြု လုပ်ခဲ့ပြန်ပါပြီ ။ အဲဒီအလှူလေး ကတော့ နိုဝင်ဘာလ (၂) ရက်နေ့ ဒီနေ့မှာ အလိုတော်ပြည့်ကျောင်းမှာ အလှူကိစ္စတစ်ခုနဲ့သွားရင်း လူနာများအတွက် လိုအပ်နေတဲ့ 0xygen Concentrator အောက်စီဂျင်စက် (၁ )လုံး လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်များ အားလုံး ကုသိုလ်အမျှရကြပါစေလို့လည်း ဆုမွန်ကောင်းတောင်း aပးခဲ့ပါသေးတယ် ။

ချစ်ရတဲ့ ပရိသတ် ကြီးလည်း သူ့ရဲ့အလှူကို ထပ်တူ သာဓုခေါ်ဆိုနိုင်ကြစေဖို့အတွက် အလှူပုံရိပ်တွေ ကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေ ကို မျှဝေပေးထားပါ သေးတယ် ။ ပရိသတ်ကြီးကလည်း နေတိုးရဲ့ မွန်မြတ်တဲ့အလှူလေး အတွက် သာဓုခေါ်ဆိုပေးကြ ပါဦးနော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment