Celebrity

အလုပ္နဲ႕ပတ္သက္ၿပီး ေ၀ဖန္ေနသူ ေတြေၾကာင့္ စိတ္ခံစားေနရတယ္ ဆိုတဲ့ ေမ

Written by Ms Cele

အလုပ္နဲ႕ပတ္သက္ၿပီး ေ၀ဖန္ေနသူ ေတြေၾကာင့္ စိတ္ခံစားေနရတယ္ ဆိုတဲ့ ေမ

ခ်စ္စရာ ေကာင္းျပီး ဆြဲေဆာင္မႈအျပည့္ရိွတဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထား ရံုသာမက ခ်ိဳသာၾကည္ေအးတဲ့ အသံေလးကို ပိုင္ဆိုင္ ထားတဲ့ ေမကေတာ့ သရုပ္ေဆာင္ တစ္ေယာက္အျဖစ္သာမက အဆိုေတာ္ တစ္ေယာက္အျဖစ္လည္း ေအာင္ျမင္သူေလး တစ္ေယာက္ ျဖစ္ပါတယ္။ ရိုက္ကူးခဲ့သမွ် ဇာတ္ကားတိုင္း ကလည္း ပရိသတ္အားေပးမႈရရိွသလို ထြက္သမွ် သီခ်င္းဆိုင္းကလည္း ေအာင္ျမင္ခဲ့တဲ့ ေမကေတာ့ သူမရဲ့ ၾကိဳးစားအားထုတ္မႈကို ေလွ်ာ့ခ်သြားျခင္းမရိွပဲ ပရိသတ္ေတြ အတြက္ အသစ္အသစ္ေသာ လႈပ္ရွားမႈ ေတြကို ခ်ျပဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ “Journey “ဆိုျပီး သူမရဲ့ ထြက္ျပီးသမွ် သီခ်င္းေတြကို ဇာတ္လမ္းလို ျပန္ဖန္တီးေနတဲ့အေပၚ အေကာင္းမျမင္ပဲ ရိသဲ့သဲ့ေျပာေနၾကသူေတြအတြက္ အခုလိုပဲ တံု့ျပန္လာပါတယ္။

“ထြက္ၿပီးသား သီခ်င္း‌ေတြကို ဇာတ္လမ္းလိုေတြ ႐ူးၿပီး ျပန္ရိုက္ေနတာ မဟုတ္ပါဘူး. . . 😥ကိုယ့္ပရိသတ္ အစစ္ေတြ အတြက္ အမွတ္တရ Album ေလး လုပ္ခ်င္လို့။ 24ရက္ေန႔ထြက္မယ့္ “The Journey” သီခ်င္းကလည္း အေရွ႕ကသီခ်င္းေတြနဲ႔ ေသေသခ်ာခ်ာ Concept ေတြခ်ိတ္ၿပီး ရိုက္ထားလို့ပါ အားလုံးေသခ်ာစဥ္းစားစီစဥ္ၿပီးမွ ရိုက္ခဲ့တာပါ။ဝမ္းနည္းတာ တစ္ခုက Covid ျဖစ္သြားတဲ့အခ်ိန္မွာ အျခားကိစၥေတြ အတြက္ ေငြေၾကးအရေရာ Album ေလးဆက္ မလုပ္ျဖစ္ေတာ့တာပါ။ ဒါေပမယ့္ အခုလို Facebook ကေနပဲတင္ ရေတာ့လည္း ပရိသတ္ေတြ အားလုံးနဲ႔ Comment ေတြအျပန္အလွန္ေပး၊စကားေတြေျပာရ တာလည္း ေပ်ာ္မိပါတယ္။ ❤️”

“ေနာက္ထပ္ ဝမ္းနည္းရတာက Facebook Page ေတြက ပုံစံအသစ္ ေတြ၊ပုံစံ အေဟာင္းေတြ ျဖစ္သြားတဲ့ၾကားမွာ Engagement ေတြက်ေနတဲ့ အခ်ိန္ျဖစ္ေနတာပါ။ တင္သမၽွ ပို့စ္ေတြကို လူေတြ သိပ္မျမင္ရျဖစ္ေနတဲ့အတြက္ ဝမ္းနည္းရပါတယ္။ ဒီ “Journey ” အတြက္ ကြ်န္မ အမ်ားႀကီးစိတ္ပင္ပန္း ရပါတယ္။ လြန္ခဲ့တဲ့ ၉လ ေလာက္ကတည္းက လုပ္ေနတာပါ။ အခ်စ္သီခ်င္း တစ္ပုဒ္ခ်ိဳခ်ိဳေလး ဖန္တီးလိုက္ရင္ ပရိသတ္ႀကိဳက္ၾကမွာ သိပါတယ္။ ဘာလို့ဒီလိုေတြ ခက္ခက္ခဲခဲ စဥ္းစားၿပီး လုပ္ခဲ့လဲ? ကြ်န္မျဖတ္သန္းခဲ့တဲ့ဘဝရဲ့အစိတ္အပိုင္း တစ္ခ်ိဳ့ကို ကြ်န္မပရိသတ္အစစ္ေတြကို ဇာတ္လမ္း(သီခ်င္း)ထဲကေန ေျပာျပခ်င္တာပါ။ တခ်ိဳ့ ရိသလို အေျပာေတြ အတြက္ ကြ်န္မ😣😞😢 ခံစားရပါ၏။ မပ်က္ေသာ ေမတၱာမ်ားျဖင့္ ေမ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ရင္ဖြင့္ေျပာျပလာပါတယ္။

ေမကေတာ့ ထြက္ျပီးသားသီခ်င္းေတြကို ဇာတ္လမ္း လိိုျပန္ရို္က္ခဲ့တဲ့အေပၚ ရူးျပီးလုပ္တယ္ဆိုျပီး ရိသဲ့သဲ့အေျပာေတြကို ခံစားရေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာ လာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

အလုပ်နဲ့ပတ်သက်ပြီး ဝေဖန်နေသူ တွေကြောင့် စိတ်ခံစားနေရတယ် ဆိုတဲ့ မေ

ချစ်စရာ ကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထား ရုံသာမက ချိုသာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင် ထားတဲ့ မေကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အဆိုတော် တစ်ယောက်အဖြစ်လည်း အောင်မြင်သူလေး တစ်ယောက် ဖြစ်ပါတယ်။ ရိုက်ကူးခဲ့သမျှ ဇာတ်ကားတိုင်း ကလည်း ပရိသတ်အားပေးမှုရရှိသလို ထွက်သမျှ သီချင်းဆိုင်းကလည်း အောင်မြင်ခဲ့တဲ့ မေကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကို လျှော့ချသွားခြင်းမရှိပဲ ပရိသတ်တွေ အတွက် အသစ်အသစ်သော လှုပ်ရှားမှု တွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ “Journey “ဆိုပြီး သူမရဲ့ ထွက်ပြီးသမျှ သီချင်းတွေကို ဇာတ်လမ်းလို ပြန်ဖန်တီးနေတဲ့အပေါ် အကောင်းမမြင်ပဲ ရိသဲ့သဲ့ပြောနေကြသူတွေအတွက် အခုလိုပဲ တုံ့ပြန်လာပါတယ်။

“ထွက်ပြီးသား သီချင်း‌တွေကို ဇာတ်လမ်းလိုတွေ ရူးပြီး ပြန်ရိုက်နေတာ မဟုတ်ပါဘူး. . . 😥ကိုယ့်ပရိသတ် အစစ်တွေ အတွက် အမှတ်တရ Album လေး လုပ်ချင်လို့။ 24ရက်နေ့ထွက်မယ့် “The Journey” သီချင်းကလည်း အရှေ့ကသီချင်းတွေနဲ့ သေသေချာချာ Concept တွေချိတ်ပြီး ရိုက်ထားလို့ပါ အားလုံးသေချာစဉ်းစားစီစဉ်ပြီးမှ ရိုက်ခဲ့တာပါ။ဝမ်းနည်းတာ တစ်ခုက Covid ဖြစ်သွားတဲ့အချိန်မှာ အခြားကိစ္စတွေ အတွက် ငွေကြေးအရရော Album လေးဆက် မလုပ်ဖြစ်တော့တာပါ။ ဒါပေမယ့် အခုလို Facebook ကနေပဲတင် ရတော့လည်း ပရိသတ်တွေ အားလုံးနဲ့ Comment တွေအပြန်အလှန်ပေး၊စကားတွေပြောရ တာလည်း ပျော်မိပါတယ်။ ❤️”

“နောက်ထပ် ဝမ်းနည်းရတာက Facebook Page တွေက ပုံစံအသစ် တွေ၊ပုံစံ အဟောင်းတွေ ဖြစ်သွားတဲ့ကြားမှာ Engagement တွေကျနေတဲ့ အချိန်ဖြစ်နေတာပါ။ တင်သမျှ ပို့စ်တွေကို လူတွေ သိပ်မမြင်ရဖြစ်နေတဲ့အတွက် ဝမ်းနည်းရပါတယ်။ ဒီ “Journey ” အတွက် ကျွန်မ အများကြီးစိတ်ပင်ပန်း ရပါတယ်။ လွန်ခဲ့တဲ့ ၉လ လောက်ကတည်းက လုပ်နေတာပါ။ အချစ်သီချင်း တစ်ပုဒ်ချိုချိုလေး ဖန်တီးလိုက်ရင် ပရိသတ်ကြိုက်ကြမှာ သိပါတယ်။ ဘာလို့ဒီလိုတွေ ခက်ခက်ခဲခဲ စဉ်းစားပြီး လုပ်ခဲ့လဲ? ကျွန်မဖြတ်သန်းခဲ့တဲ့ဘဝရဲ့အစိတ်အပိုင်း တစ်ချို့ကို ကျွန်မပရိသတ်အစစ်တွေကို ဇာတ်လမ်း(သီချင်း)ထဲကနေ ပြောပြချင်တာပါ။ တချို့ ရိသလို အပြောတွေ အတွက် ကျွန်မ😣😞😢 ခံစားရပါ၏။ မပျက်သော မေတ္တာများဖြင့် မေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာပါတယ်။

မေကတော့ ထွက်ပြီးသားသီချင်းတွေကို ဇာတ်လမ်း လိိုပြန်ရို်က်ခဲ့တဲ့အပေါ် ရူးပြီးလုပ်တယ်ဆိုပြီး ရိသဲ့သဲ့အပြောတွေကို ခံစားရကြောင်း ပွင့်ပွင့်လင်းလင်းပြော လာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment