Celebrity

အလုပ္လုပ္ၿပီး ႀကိဳးစားရွာထားတဲ့ ပိုက္ဆံေတြနဲ႕ သိန္းေပါင္းေထာင္ခ်ီတန္တဲ့ ကားႀကီးကို ၀ယ္ယူလိုက္တဲ့ ေနျခည္ဦး

Written by Ms Cele

အလုပ္လုပ္ၿပီး ႀကိဳးစားရွာထားတဲ့ ပိုက္ဆံေတြနဲ႕ သိန္းေပါင္းေထာင္ခ်ီတန္တဲ့ ကားႀကီးကို ၀ယ္ယူလိုက္တဲ့ ေနျခည္ဦး

ပရိသတ္ႀကီးေရ ေနျခည္ဦးကေတာ့ ယခုဆိုရင္ အႏုပညာေလာကရဲ႕ တက္သစ္စမင္းသမီးေတြထဲမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ ေက်ာ္ၾကားေနတဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္ေနာ္။ေနျခည္ဦးဟာ ႐ုပ္ရည္ေခ်ာေမာလွပရံုသာက ထက္ျမက္တဲ့သူေလးတစ္ေယာက္လည္းျဖစ္ပါတယ္။အလွဴအတန္းေတြမွာလည္း သဒၵါတရားထက္သန္စြာလွဴဒါန္းၿပီး အလွဴေရစက္လက္နဲ႕မကြာ လွဴဒါန္းတတ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။

ဒီကေန့ မွာလည္း ေနျခည္ဦးက သူမကိုယ္တုိင္ ရွာေဖြထားတဲ့ ေငြေၾကးေတြနဲ့ ကားအသစ္ၾကီးကို ဝယ္ယူခဲ့တဲ့ အေၾကာင္း Vlog အသစ္ေလး ကို အခုလိုပဲ ခ်ျပလာပါတယ္။ေနျခည္က“New Year, New Car, New Adventure !!! ဒီ Vlog ေလးက ေနျခည့္ရဲ႕ ပထမဦးဆုံး Car Shopping Vlog ေလးေပါ့ေနာ္ … 🚘 အခုဝယ္မယ့္ကားက ေနျခည့္ကိုယ္ပိုင္ဝင္ေငြနဲ႔ ပထမဦးဆုံးဝယ္မယ့္ ကားေလးလည္းျဖစ္လို႔ ေနျခည္ မွန္းထားတဲ့ Budget နဲ႔ ဘယ္လိုကားမ်ိဳးရမလဲဆိုတာလည္း အရမ္းရင္ခုန္ေနတယ္။ 🥰🥰ေနျခည္ ငယ္ငယ္ေလးထဲက ကားေတြဆို အရမ္း Crazy ျဖစ္တယ္။ေနျခည္ ေက်ာင္းသြားတက္ၿပီးျပန္လာတဲ့အခ်ိန္မွာ ေနျခည္စီးဖို႔ဆိုၿပီး ေဖေဖက ကားေလးတစ္စီးဝယ္ေပးတယ္။ အဲ့တုန္းကဆို ေနျခည္ အရမ္းေပ်ာ္တာ။ ဘဝမွာ ပထမဆုံးရတဲ့ကားလည္း ျဖစ္တယ္၊ ကိုယ့္စိတ္ႀကိဳက္ တစ္ေယာက္ထဲလည္း စီးရမွာဆိုေတာ့။”

“အခု ေနျခည္ အသက္အ႐ြယ္တစ္ခု ေရာက္လာတဲ့ အခါက်ေတာ့ မိဘကို ပူဆာတာထပ္ ကိုယ့္ဘာသာရွာတဲ့ ပိုက္ဆံနဲ႔ ဝယ္ထားတဲ့ကားတစ္စီးေလာက္ လိုခ်င္လာၿပီ။ေဖေဖနဲ႔ ေမေမကိုလည္း ဒါ သမီးပိုက္ဆံနဲ႔ ဝယ္ထားတာဆိုၿပီး ႂကြားခ်င္တာလည္းပါတာေပါ့ေလ 😛 အဲ့တာေၾကာင့္ ေနျခည္ 3 ႏွစ္ေက်ာ္ 4 ႏွစ္နီးပါး အလုပ္ အလုပ္ အလုပ္ ဆိုၿပီး ေတာက္ေလွ်ာက္လုပ္ၿပီး ရွာထားတဲ့ပိုက္ဆံနဲ႔ ကားတစ္စီးေလာက္ေတာ့ ဝယ္ေတာ့မယ္ကြာလို႔ ေနျခည္ ဆုံးျဖတ္လိုက္တယ္။”ဆိုၿပီး တင္ျပထားတာကိုေတြ႕ရပါတယ္ေနာ္။

ေနျခည္ဦး ကေတာ့ သူမအလုပ္ စလုပ္ခဲ့တဲ့ အခ်ိန္ ကတည္းက ဒီေန့ဒီအခ်ိန္ထိ (၄) နွစ္နီးပါး ရွာေဖြလာတဲ့ ေငြေၾကးေတြနဲ့ သိန္း (၂၈၉၀) တန္ Range Rover ကားအသစ္ၾကီးကို ဝယ္ယူခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ငယ္ငယ္ေလးနဲ့ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ျပီး ဒီလိုမ်ိဳး အဖိုးတန္ ကားသစ္ၾကီးကို ဝယ္နုိင္ခဲ့တာ အားက်စရာ ပါပဲေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: beautybynaychi’s fb
Credit:Cele Connections

အလုပ်လုပ်ပြီး ကြိုးစားရှာထားတဲ့ ပိုက်ဆံတွေနဲ့ သိန်းပေါင်းထောင်ချီတန်တဲ့ ကားကြီးကို ဝယ်ယူလိုက်တဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ ယခုဆိုရင် အနုပညာလောကရဲ့ တက်သစ်စမင်းသမီးတွေထဲမှာ လျှမ်းလျှမ်းတောက်အောင်မြင် ကျော်ကြားနေတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်။နေခြည်ဦးဟာ ရုပ်ရည်ချောမောလှပရုံသာက ထက်မြက်တဲ့သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။အလှူအတန်းတွေမှာလည်း သဒ္ဒါတရားထက်သန်စွာလှူဒါန်းပြီး အလှူရေစက်လက်နဲ့မကွာ လှူဒါန်းတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

ဒီကနေ့ မှာလည်း နေခြည်ဦးက သူမကိုယ်တိုင် ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ ကားအသစ်ကြီးကို ဝယ်ယူခဲ့တဲ့ အကြောင်း Vlog အသစ်လေး ကို အခုလိုပဲ ချပြလာပါတယ်။နေခြည်က“New Year, New Car, New Adventure !!! ဒီ Vlog လေးက နေခြည့်ရဲ့ ပထမဦးဆုံး Car Shopping Vlog လေးပေါ့နော် … 🚘 အခုဝယ်မယ့်ကားက နေခြည့်ကိုယ်ပိုင်ဝင်ငွေနဲ့ ပထမဦးဆုံးဝယ်မယ့် ကားလေးလည်းဖြစ်လို့ နေခြည် မှန်းထားတဲ့ Budget နဲ့ ဘယ်လိုကားမျိုးရမလဲဆိုတာလည်း အရမ်းရင်ခုန်နေတယ်။ 🥰🥰နေခြည် ငယ်ငယ်လေးထဲက ကားတွေဆို အရမ်း Crazy ဖြစ်တယ်။နေခြည် ကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ နေခြည်စီးဖို့ဆိုပြီး ဖေဖေက ကားလေးတစ်စီးဝယ်ပေးတယ်။ အဲ့တုန်းကဆို နေခြည် အရမ်းပျော်တာ။ ဘဝမှာ ပထမဆုံးရတဲ့ကားလည်း ဖြစ်တယ်၊ ကိုယ့်စိတ်ကြိုက် တစ်ယောက်ထဲလည်း စီးရမှာဆိုတော့။”

“အခု နေခြည် အသက်အရွယ်တစ်ခု ရောက်လာတဲ့ အခါကျတော့ မိဘကို ပူဆာတာထပ် ကိုယ့်ဘာသာရှာတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ကားတစ်စီးလောက် လိုချင်လာပြီ။ဖေဖေနဲ့ မေမေကိုလည်း ဒါ သမီးပိုက်ဆံနဲ့ ဝယ်ထားတာဆိုပြီး ကြွားချင်တာလည်းပါတာပေါ့လေ 😛 အဲ့တာကြောင့် နေခြည် 3 နှစ်ကျော် 4 နှစ်နီးပါး အလုပ် အလုပ် အလုပ် ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ပိုက်ဆံနဲ့ ကားတစ်စီးလောက်တော့ ဝယ်တော့မယ်ကွာလို့ နေခြည် ဆုံးဖြတ်လိုက်တယ်။”ဆိုပြီး တင်ပြထားတာကိုတွေ့ရပါတယ်နော်။

နေခြည်ဦး ကတော့ သူမအလုပ် စလုပ်ခဲ့တဲ့ အချိန် ကတည်းက ဒီနေ့ဒီအချိန်ထိ (၄) နှစ်နီးပါး ရှာဖွေလာတဲ့ ငွေကြေးတွေနဲ့ သိန်း (၂၈၉၀) တန် Range Rover ကားအသစ်ကြီးကို ဝယ်ယူခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ငယ်ငယ်လေးနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဒီလိုမျိုး အဖိုးတန် ကားသစ်ကြီးကို ဝယ်နိုင်ခဲ့တာ အားကျစရာ ပါပဲနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: beautybynaychi’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment