Celebrity

အလုပ္ေတြနားတဲ့ ရက္ေလးေတြမွာ ညီမျဖစ္သူနဲ့ အတူ မိတ္ကပ္ တစ္လွည့္ဆီ ျပင္ေပးေနတဲ့ ကစ္ကစ္ ရဲ့ဗီဒီယိုေလး

Written by Ms Cele

အလုပ္ေတြနားတဲ့ ရက္ေလးေတြမွာ ညီမျဖစ္သူနဲ့ အတူ မိတ္ကပ္ တစ္လွည့္ဆီ ျပင္ေပးေနတဲ့ ကစ္ကစ္ ရဲ့ဗီဒီယိုေလး

ပရိသတ္ေတြ ခ်စ္တဲ့ မင္းသမီးေလး ဝတ္မႈံေရႊရည္က အခုအသက္ သံုးဆယ္ေက်ာ္ အရြယ္အထိ အိမ္ေထာင္ မျပဳေသးပဲ မိသားစုေတြ၊ မိတ္ေဆြ သူငယ္ခ်င္း ေတြ နဲ့သာ အခ်ိန္ကုန္ဆံုး ေနတာ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ရဲ့ တစ္ဦးတည္း ေသာ ညီမေလး နဒီေရႊရည္ ကေတာ့ အိမ္ေထာင္က်ျပီး သားေလး တစ္ေယာက္ကို ေမြးဖြားထားျပီမို့ ဝတ္မႈံေရႊရည္ တို့ တစ္မိသားစုလံုးက သားေလး အေပၚမွာပဲ အခ်စ္ေတြကို ပံုေအာေပး ထားၾကတာပဲ ျဖစ္ပါတယ္။ နဒီေရႊရည္ကေတာ့ အစ္မျဖစ္ သူလို အနုပညာလုပ္ငန္းေတြ ဝါသနာမပါ ေပမယ့္ Beauty Blogger တစ္ေယာက္အျဖစ္ ရပ္တည္ေနတာမို ့ပရိသတ္ ေတြနဲ့ မစိမ္းလွသူတစ္ေယာက္ပါပဲ။

ဒီကေန့ မွာေတာ့ နဒီေရႊရည္က သူမရဲ့ ေဖ့စ္ဘုတ္ေပ့ခ်္ေလး ကေနတဆင့္ အစ္မျဖစ္သူ ဝတ္မႈံေရႊရည္နဲ့ အတူတူ ရိုက္ကူး ထားတဲ့ ဗီဒီယိုအသစ္ ကေလးကို မွ်ေဝေပးလာ ခဲ့ပါတယ္။ နဒီေရႊရည္နဲ့ ဝတ္မႈံေရႊရည္တို့ ညီအစ္မ နွစ္ေယာက္က တစ္ေယာက္တစ္လွည့္ မိတ္ကပ္ျပင္ေပးရင္း ညီအစ္မ နွစ္ေယာက္ ၾကည္နူးစရာ အခိုက္အတန့္ေတြ ကို ျဖတ္သန္းခဲ့ၾကတာ ကို အခုလိုပဲ ေတြ့ရပါတယ္။

ဝတ္မႈံေရႊရည္ကေတာ့ မိတ္ကပ္ ဆရာေတြနဲ့ပဲ မိတ္ကပ္လိမ္းသူ တစ္ေယာက္ ျဖစ္ေပမယ့္ သူမကိုယ္တိုင္ ညီမေလးကို မိတ္ကပ္လိမ္း ေပးတဲ့ အခါမွာလည္း ပညာစြမ္းမေသး လွသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ နဒီေရႊရည္ ကေတာ့ အစ္မျဖစ္သူရဲ့ ပြဲတက္ေတြ မွာလည္း လိမ္းျခယ္ေပးဖူး တာမို့ အေထြအထူးေျပာစရာ လိုမယ္ မထင္ပါဘူးေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္ တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ခရက္ဒစ္-ဆယ္လီေကာ္နယ္ရွင္

အလုပ်တွေနားတဲ့ ရက်လေးတွေမှာ ညီမဖြစ်သူနဲ့ အတူ မိတ်ကပ် တစ်လှည့်ဆီ ပြင်ပေးနေတဲ့ ကစ်ကစ် ရဲ့ဗီဒီယိုလေး

ပရိသတ်တွေ ချစ်တဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က အခုအသက် သုံးဆယ်ကျော် အရွယ်အထိ အိမ်ထောင် မပြုသေးပဲ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်း တွေ နဲ့သာ အချိန်ကုန်ဆုံး နေတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ တစ်ဦးတည်း သော ညီမလေး နဒီရွှေရည် ကတော့ အိမ်ထောင်ကျပြီး သားလေး တစ်ယောက်ကို မွေးဖွားထားပြီမို့ ဝတ်မှုံရွှေရည် တို့ တစ်မိသားစုလုံးက သားလေး အပေါ်မှာပဲ အချစ်တွေကို ပုံအောပေး ထားကြတာပဲ ဖြစ်ပါတယ်။ နဒီရွှေရည်ကတော့ အစ်မဖြစ် သူလို အနုပညာလုပ်ငန်းတွေ ဝါသနာမပါ ပေမယ့် Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေတာမို ့ပရိသတ် တွေနဲ့ မစိမ်းလှသူတစ်ယောက်ပါပဲ။

ဒီကနေ့ မှာတော့ နဒီရွှေရည်က သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်လေး ကနေတဆင့် အစ်မဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ အတူတူ ရိုက်ကူး ထားတဲ့ ဗီဒီယိုအသစ် ကလေးကို မျှဝေပေးလာ ခဲ့ပါတယ်။ နဒီရွှေရည်နဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မ နှစ်ယောက်က တစ်ယောက်တစ်လှည့် မိတ်ကပ်ပြင်ပေးရင်း ညီအစ်မ နှစ်ယောက် ကြည်နူးစရာ အခိုက်အတန့်တွေ ကို ဖြတ်သန်းခဲ့ကြတာ ကို အခုလိုပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မိတ်ကပ် ဆရာတွေနဲ့ပဲ မိတ်ကပ်လိမ်းသူ တစ်ယောက် ဖြစ်ပေမယ့် သူမကိုယ်တိုင် ညီမလေးကို မိတ်ကပ်လိမ်း ပေးတဲ့ အခါမှာလည်း ပညာစွမ်းမသေး လှသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နဒီရွှေရည် ကတော့ အစ်မဖြစ်သူရဲ့ ပွဲတက်တွေ မှာလည်း လိမ်းခြယ်ပေးဖူး တာမို့ အထွေအထူးပြောစရာ လိုမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင် တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment