Celebrity


Written by Ms Cele





Source: May Kabyar’s fb

အလုပ်တွေ အားလုံးကို ဖျက်ပြီး နှင်းဆီ ညီအစ်ကို တွေကို နေအိမ်ကနေ အားပေး ဝန်းရံခဲ့တဲ့ မေကဗျာ

ဆယ်ကျော်သက် မိန်းကလေးတွေတောင် လိုက်လို့မမှီနိုင်တဲ့ အလှကို ပိုင်ဆိုင် ထားတဲ့ မင်းသမီးချော မေကဗျာ ကတော့ အနုပညာလောကမှာ အောင်မြင်ခဲ့တာ နှစ်ပေါင်း (၂၀) နီးပါး ရှိနေပြီတောင် ဖြစ်ပါတယ်။ ကလေးမေမေ တစ်ယောက်ဖြစ်တဲ့ မေကဗျာကတော့ သမီးလေး ကိုလည်း ရင်အုပ်မကွာ စောင့်ရှောက်နေသလို အနုပညာ အလုပ်တွေမှာလည်း လစ်ဟင်းမှု မရှိအောင် ကြိုးစားခဲ့ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာ အွန်လိုင်း Live Sale တွေရောင်းချပြီး နေ့ရော၊ညပါ မအားလပ်တဲ့ မေကဗျာက နှင်းဆီအဖွဲ့နဲ့ အငြိမ့်မက ဖြစ်ပေမယ့် နှင်းဆီအစ်ကိုတွေရဲ့ ဖျော်ဖြေပွဲတိုင်း ကိုတော့ လက်လွတ်မခံပဲ အားပေးသူ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၃) ရက်နေ့မှာလည်း မေကဗျာက “နှင်းဆီအကိုတွေကို အားပေးချင်လို့ 24 ရက်နေ့ညကလည်း live နားတယ် ဒီနေ့လည်းနားပါတယ် အားပေးနေပါတယ်ရှင့်” ဆိုပြီး ရှိသမျှအလုပ်တွေ အကုန်ဖျက်ခဲ့ပြီး နှင်းဆီအစ်ကို တွေကို နေအိမ်ကနေ အားပေးဝန်းရံခဲ့တာပဲ ဖြစ်ပါတယ်။

မေကဗျာ ကတော့ နှင်းဆီအစ်ကိုတွေကို ချစ်တဲ့စိတ်နဲ့ပဲ ရှိသမျှ အလုပ်တွေကို နားပြီး နေအိမ်ကနေ အားပေးဝန်းရံပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နှင်းဆီအငြိမ့်တွေက မေကဗျာရဲ့ အကအလှတွေကို သတိရနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Source: May Kabyar’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment