Celebrity

အလုပ္ေတြ ႀကိဳးစားလုပ္ေပမယ့္ ထင္သေလာက္ အရာမထင္တဲ့ အေၾကာင္းကို ၀မ္းနည္းစြာေျပာျပလာတဲ့ ပိုးၾကာျဖဴခင္

Written by Ms Cele

အလုပ္ေတြ ႀကိဳးစားလုပ္ေပမယ့္ ထင္သေလာက္ အရာမထင္တဲ့ အေၾကာင္းကို ၀မ္းနည္းစြာေျပာျပလာတဲ့ ပိုးၾကာျဖဴခင္

ဇာတ္လမ္းတြဲ မင္းသမီးေလးလို့ ပရိသတ္ေတြက တင္စားၾကရတဲ့ ပိုးၾကာျဖဴခင္ ကေတာ့ “ဝဂၤပါစံအိမ္”၊ “မိုးေကာင္းကင္အိပ္မက္”၊ “ၾကယ္ကေလးရဲ့ေကာင္းကင္”၊ “မာယာလွည့္ကြက္” စတဲ့ ဇာတ္လမ္းတြဲေတြနဲ့ ေအာင္ျမင္ခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္ ကေတာ့ သူမရဲ့ၾကိဳးစားမႈနဲ့ မေလ်ာ့ေသာ ဇြဲလံု့လတို့ေၾကာင့္ ေအာင္ျမင္တဲ့ေနရာကိုေရာက္ရိွေနျပီဆိုေပမယ့္ သူမအတြက္ မိသားစုအတြက္ ျပည့္စံုပိုလွ်ံတယ္ဆိုတဲ့ အေနအထားကို မေရာက္ရိွေသး တာေၾကာင့္ ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ပိုးၾကာျဖဴခင္က သူမရဲ့ ၾကိဳးစားမႈမွာ ျဖစ္တည္မႈခ်င္းနိႈင္းယွဥ္ခံရတာေၾကာင့္ သူမရဲ့ ရင္တြင္းခံစားခ်က္အခ်ိဳ့ကို အခုလိုပဲ ရင္ဖြင့္ေျပာျပလာပါတယ္။

“ကြ်န္မေလ ေန႔မအိပ္ညမအိပ္ ရႈတင္ေတြ႐ိုက္ သီခ်င္းေတြ ဆိုၿပီး ႐ိုး႐ိုးသားသား ႀကိဳးစားၿပီး ပိုက္ဆံရွာ ခဲ့တယ္။ ႀကိဳးစား႐ုန္းကန္ေနရ တဲ့အခ်ိန္မွာ သူမ်ားေတြလို ဘရန္းေတြ ဝယ္မကိုင္ႏိုင္ခဲ့ဘူး။ ႏိုင္ငံျခား ခရီးစဥ္ေတြလဲ မထြက္ႏိုင္ခဲ့ဘူး။ ကိုယ့္အတြက္ တန္ဖိုးႀကီး လက္ဝတ္ရတနာ ဘာတစ္ခုမွ ဝယ္မဝတ္ခဲ့ဘူး။ ရသမွ် ေခြၽတာစုေဆာင္းၿပီး မသုံးမျဖဳန္းပဲ ေရာင့္ရဲခဲ့တယ္။ အခုလဲ ကြ်န္မမွာ အိမ္ပဲရွိတယ္။ ကားမရွိဘူး။ မိဘဝယ္ေပးတဲ့ကားကိုစီးေနရတုန္းပဲ။ တခါတေလ သူမ်ားသားသမီးနဲ႔ယွဥ္ၿပီး ျဖစ္တည္မႈ မတူညီတာခ်င္းကို ႏႈိင္းယွဥ္ၿပီး ေျပာခံရတဲ့အခါ ေလာကႀကီးက ႐ိုးသားတဲ့ သူေတြကိုက် မ်က္ႏွာသာ မေပးလိုက္တာေနာ္လို႔ ေတြးၿပီး မ်က္ရည္ေတြနဲ႔ပဲ အားတင္းၿပီး ဆက္ႀကိဳးစားခဲ့ရတယ္ ”

“ဒီအ႐ြယ္အထိ အိမ္ေထာင္ မျပဳေသးပဲ မိသားစုအတြက္ဆိုတဲ့ အေတြးတစ္ခုထဲ နဲ႔တင္ ဘယ္ေလာက္ပဲ ဖိႏွိပ္ခံရခံရ ဘယ္ေလာက္ပဲ တိုက္ခိုက္ခံရခံရ ကြ်န္မ သီးခံၿပီး ဒီမိသားစုအတြက္ ကိုပဲ ႀကိဳးစားေနခဲ့တယ္။ အလုပ္ေတြ ႀကိဳးစားေနတယ္။ အလုပ္မ်ား ေနေတာ့ စိတ္က တျခားအရာေတြအတြက္ အာ႐ုံေနာက္မခံဘူးေလ 😎 ေအးေဆးေပါ့ အၿပဳံးေတြနဲ႔ပဲ အလုပ္ကို အေကာင္းဆုံးျဖစ္ေအာင္ဆက္လုပ္တယ္။ ေမြးကတည္းက မဟုတ္ရင္ မခံတတ္သူမို႔ တခါတေလ ဆက္ဆက္ထိမခံတာေလးတစ္ခုကေတာ့ အားနည္းခ်က္ေပါ့။ ႐ိုးသားတာကိုႀကိဳက္တယ္။ ပြင့္လင္းတာကိုႀကိဳက္တယ္။ အဆိပ္အေတာက္ေတြ ဦးေႏွာက္ထဲ မထည့္တတ္ဘူး။ လာထည့္လဲ လက္မခံဘူး။ အာ႐ုံလာေနာက္ရင္ ဒဲ့ေရွာင္တယ္။ အဲ့ဒါ ကြ်န္မ ပိုးၾကာျဖဴခင္ပါ 😁 ေနာက္ဆုံးေျပာခ်င္တာကေတာ့ ကြ်န္မအေဖကို လြမ္းတယ္။ ကြ်န္မအေဖသာ အခုခ်ိန္ေဘးမွာရွိခဲ့ရင္ ငယ္ငယ္တုန္းကလိုပဲ ငိုငိုၿပီး တိုင္ေျပာပစ္မယ္။ ” ဆိုျပီး ရင္ဖြင့္ေျပာလာခဲ့ပါတယ္။

ပိုးၾကာျဖဴခင္ ကေတာ့ သူမကိုယ္တုိင္လည္း ၾကိဳးစားေန လ်က္သားနဲ့ သူမ်ားတကာနဲ့ နိႈင္းယွဥ္ျပီး အေျပာခံရတဲ့ အခ်ိန္မွာ စိတ္ခံစားခ်က္ေတြ ေပါက္ကြဲထြက္လာခဲ့တာပဲ ျဖစ္ပါတယ္။ ၾကိဳးစားေနတဲ့ သူတိုင္း ပိုးၾကာျဖဴခင္ရဲ့ ခံစားခ်က္ကို နားလည္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Poe Kyar Phyu Khin’s fb
Credit:Cele Connections

အလုပ်တွေ ကြိုးစားလုပ်ပေမယ့် ထင်သလောက် အရာမထင်တဲ့ အကြောင်းကို ဝမ်းနည်းစွာပြောပြလာတဲ့ ပိုးကြာဖြူခင်

ဇာတ်လမ်းတွဲ မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြရတဲ့ ပိုးကြာဖြူခင် ကတော့ “ဝင်္ဂပါစံအိမ်”၊ “မိုးကောင်းကင်အိပ်မက်”၊ “ကြယ်ကလေးရဲ့ကောင်းကင်”၊ “မာယာလှည့်ကွက်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ပိုးကြာဖြူခင် ကတော့ သူမရဲ့ကြိုးစားမှုနဲ့ မလျော့သော ဇွဲလုံ့လတို့ကြောင့် အောင်မြင်တဲ့နေရာကိုရောက်ရှိနေပြီဆိုပေမယ့် သူမအတွက် မိသားစုအတွက် ပြည့်စုံပိုလျှံတယ်ဆိုတဲ့ အနေအထားကို မရောက်ရှိသေး တာကြောင့် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က သူမရဲ့ ကြိုးစားမှုမှာ ဖြစ်တည်မှုချင်းနှိုင်းယှဉ်ခံရတာကြောင့် သူမရဲ့ ရင်တွင်းခံစားချက်အချို့ကို အခုလိုပဲ ရင်ဖွင့်ပြောပြလာပါတယ်။

“ကျွန်မလေ နေ့မအိပ်ညမအိပ် ရှုတင်တွေရိုက် သီချင်းတွေ ဆိုပြီး ရိုးရိုးသားသား ကြိုးစားပြီး ပိုက်ဆံရှာ ခဲ့တယ်။ ကြိုးစားရုန်းကန်နေရ တဲ့အချိန်မှာ သူများတွေလို ဘရန်းတွေ ဝယ်မကိုင်နိုင်ခဲ့ဘူး။ နိုင်ငံခြား ခရီးစဉ်တွေလဲ မထွက်နိုင်ခဲ့ဘူး။ ကိုယ့်အတွက် တန်ဖိုးကြီး လက်ဝတ်ရတနာ ဘာတစ်ခုမှ ဝယ်မဝတ်ခဲ့ဘူး။ ရသမျှ ချွေတာစုဆောင်းပြီး မသုံးမဖြုန်းပဲ ရောင့်ရဲခဲ့တယ်။ အခုလဲ ကျွန်မမှာ အိမ်ပဲရှိတယ်။ ကားမရှိဘူး။ မိဘဝယ်ပေးတဲ့ကားကိုစီးနေရတုန်းပဲ။ တခါတလေ သူများသားသမီးနဲ့ယှဉ်ပြီး ဖြစ်တည်မှု မတူညီတာချင်းကို နှိုင်းယှဉ်ပြီး ပြောခံရတဲ့အခါ လောကကြီးက ရိုးသားတဲ့ သူတွေကိုကျ မျက်နှာသာ မပေးလိုက်တာနော်လို့ တွေးပြီး မျက်ရည်တွေနဲ့ပဲ အားတင်းပြီး ဆက်ကြိုးစားခဲ့ရတယ် ”

“ဒီအရွယ်အထိ အိမ်ထောင် မပြုသေးပဲ မိသားစုအတွက်ဆိုတဲ့ အတွေးတစ်ခုထဲ နဲ့တင် ဘယ်လောက်ပဲ ဖိနှိပ်ခံရခံရ ဘယ်လောက်ပဲ တိုက်ခိုက်ခံရခံရ ကျွန်မ သီးခံပြီး ဒီမိသားစုအတွက် ကိုပဲ ကြိုးစားနေခဲ့တယ်။ အလုပ်တွေ ကြိုးစားနေတယ်။ အလုပ်များ နေတော့ စိတ်က တခြားအရာတွေအတွက် အာရုံနောက်မခံဘူးလေ 😎 အေးဆေးပေါ့ အပြုံးတွေနဲ့ပဲ အလုပ်ကို အကောင်းဆုံးဖြစ်အောင်ဆက်လုပ်တယ်။ မွေးကတည်းက မဟုတ်ရင် မခံတတ်သူမို့ တခါတလေ ဆက်ဆက်ထိမခံတာလေးတစ်ခုကတော့ အားနည်းချက်ပေါ့။ ရိုးသားတာကိုကြိုက်တယ်။ ပွင့်လင်းတာကိုကြိုက်တယ်။ အဆိပ်အတောက်တွေ ဦးနှောက်ထဲ မထည့်တတ်ဘူး။ လာထည့်လဲ လက်မခံဘူး။ အာရုံလာနောက်ရင် ဒဲ့ရှောင်တယ်။ အဲ့ဒါ ကျွန်မ ပိုးကြာဖြူခင်ပါ 😁 နောက်ဆုံးပြောချင်တာကတော့ ကျွန်မအဖေကို လွမ်းတယ်။ ကျွန်မအဖေသာ အခုချိန်ဘေးမှာရှိခဲ့ရင် ငယ်ငယ်တုန်းကလိုပဲ ငိုငိုပြီး တိုင်ပြောပစ်မယ်။ ” ဆိုပြီး ရင်ဖွင့်ပြောလာခဲ့ပါတယ်။

ပိုးကြာဖြူခင် ကတော့ သူမကိုယ်တိုင်လည်း ကြိုးစားနေ လျက်သားနဲ့ သူများတကာနဲ့ နှိုင်းယှဉ်ပြီး အပြောခံရတဲ့ အချိန်မှာ စိတ်ခံစားချက်တွေ ပေါက်ကွဲထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကြိုးစားနေတဲ့ သူတိုင်း ပိုးကြာဖြူခင်ရဲ့ ခံစားချက်ကို နားလည်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment