Celebrity


Written by Ms Cele





Credit:CELELUCKY

အလှူတွေသာ ဆက်တိုက်လုပ်နေပြီး တော်လှန်ရေးမှာလုံးဝမပါဝင်တဲ့ လူပျိုကြီး ခန့်စည်သူရဲ့ အကြောင်းအရင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် လူပျိုကြီး ခန့်စည်သူ ကို အားလုံး သိကြမယ် ထင်ပါတယ်နော်။ သူကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းခံရတဲ့ နေ့ကစပြီး Facebook ပေါ်ကနေ အချိန်အကြာကြီး ပျောက်သွား ခဲ့တာပါနော်။ အနုပညာရှင်တော်တော်များများ ဆန္ဒပြနေချိန် မှာတောင် မသိသလို နေခဲ့သူဖြစ်ပြီး အတော်လေးကြာမှ အလှူတွေ လုပ်ရင်း ပြန်ပေါ်လာတာပါနော်။

တော်လှန်ရေး ကာလအတွင်း လူအများအပြားသေကြေနေ တာတောင် လုံးဝအရေးတယူပြောဆိုခြင်းမရှိဘဲ အဆဲခံရသက်သာအောင် အလှူတွေ တောက်လျှောက်လုပ်နေခဲ့တာ ဒီနေ့အထိပါပဲနော်။ ပရိသတ်တွေ Social Punishment လုပ်တဲ့ အနုပညာရှင်များထဲတွင် သူလည်းပါဝင်နေပါတယ်နော်။

ဒီနေ့လည်း ရုပ်ရှင် သရုပ်ဆောင် မင်းသမီးကြီး ဒေစီကျော်ဝင်းထံ သွားရောက်ကာရဝပြုခဲ့ပြီး ” ရုပ်ရှင်မင်းသမီးကြီး အမေဒေါ်ဒေစီကျော်ဝင်းထံ သွားရောက်ပြီး ကျန်းမာရေး အတွက် အလှူငွေနှင့် အခြေခံစား သောက်ကုန်များဖြင့်ကန်တော့ခဲ့ပါတယ်။နေကောင်းရဲ့လားအမေလို ့မေးတော့၊ နေမကောင်းလည်း ကောင်းအောင်နေ နေရတာပေါ့ သားရယ်လို့ ပြန်ပြောပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်း ပေးခဲ့ပါတယ်။ “ လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment