Celebrity


Written by Ms Cele






အသက်အရွယ် ကြီးသူတွေနဲ့ တွေ့ရင် ရောက်တဲ့နေရာမှာ လှူတန်းမှုတွေ ပြုလုပ်တတ်တဲ့ ချစ်သူသားဂန်းကို လေးစားဂုဏ်ယူနေတဲ့ ဘေဘီမောင်

သီချင်းဆိုကောင်း သလို မိန်းကလေးတွေ ကြွေချင်စရာ ခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင် ထားရတဲ့ အဆိုတော် သားဂန်း ကတော့ မိန်းကလေးတွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ သားဂန်း ကတော့ သရုပ်ဆောင် ဘေဘီမောင်နဲ့ ချစ်ကြိုးသွယ် ထားပြီး သာယာအေးချမ်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ဖေးမပေးကြတဲ့ သာဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်း ကို စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင် ကလည်း စိတ်သဘောထား ပွင့်လင်းပြီး အများကို ကူညီတတ်သူ တစ်ယောက်ဖြစ်သလို သားဂန်း ကလည်း သူတစ်ပါး ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဖေးမပေးတတ် တာကြောင်း စိတ်တူကိုယ်တူရှိကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က သက်ကြီးရွယ်အိုတွေတွေ့ရင် ရောက်ရာနေရာမှာကားချရပ်ပြီး လှူတတ်တန်းတက်တဲ့ ချစ်သူသားဂန်းရဲ့ စိတ်ထားလေးကို ပြသလာပြီး ကြည်နူးနေရတာကို တွေ့ရပါတယ်။

သားဂန်း ကတော့ ချစ်သူဘေဘီမောင် လေးစားပြီးရင်း လေးစား နေရတဲ့ ယောကျာ်းကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင် ကလည်း သားဂန်းလို စိတ်သဘောထား ကောင်းမွန်တဲ့သူကို ချစ်သူတော်ထားရတာ အရမ်းကံကောင်း တာပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment