Celebrity


Written by Ms Cele






အသက်လေးဆယ်ကျော် အရွယ်မှာတောင် အရေးအကြောင်း မရှိတဲ့ သူမရဲ့ မျက်နှာကို အနီးကပ် ပြသလိုက်တဲ့ အူဝဲရဲ့ ဗီဒီယို

နိုင်ငံကျော် မင်းသမီး တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင် က အလှမယ် ဘဝကနေ အနုပညာ လောက ထဲကို ဝင်ရောက် လာခဲ့ပြီးနောက် အခုဆိုရင် အကယ်ဒမီ ဆုကြီး များစွာကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင် က လက်ရှိအချိန် ထိလည်း ရုပ်ရှင်ဇာတ်ကားကြီး များစွာမှာ ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်နေရဆဲ ဖြစ်ပြီး အနုပညာ လောကကို လွှမ်းမိုးချုပ်ကိုင် ထားနိုင်ဆဲဆိုလည်း မမှားပါဘူး။ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေ ကိုလည်း လုပ်ကိုင်နေသလို မိသားစု အတွက်လည်း အိမ်ထောင်ရှင်မိခင်ကောင်း တစ်ယောက်အဖြစ် ကြိုးစားရပ်တည်နေသူ တစ်ယောက် ဖြစ်ပါတယ်။

အခုဆိုရင် အသက် (၄၃) နှစ်အရွယ်ရောက် ရှိနေပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ဒီကနေ့မှာတော့ သူမရဲ့ ရိုက်ကွင်းပေါ်က ဗီဒီယိုလေးတစ်ခုကို အမှတ်တရ ချပြလာပါတယ်။ ထိုဗီဒီယိုမှာ အိန္ဒြာကျော်ဇင်ရဲ့ အနီးကပ်မျက်နှာလေး ကို တွေ့မြင်ရပြီး သူမရဲ့ ဖြူဖြူနုနုမျက်နှာလေးမှာ အရေးအကြောင်းတစ်ခုရယ်လို့ ရှာမတွေ့နိုင်အောင် ပြေပြစ်လှပနေဆဲဖြစ်တာကို အခုလိုမျိုးပဲ နီးနီးကပ်ကပ်တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ (၄၃) နှစ်အရွယ် သက်လတ်ပိုင်း ကလေး မိခင်ဖြစ်ပေမယ့် ငယ်ငယ်က အတိုင်း မလျော့သွားတဲ့ အလှအပတွေကို ပိုင်ဆိုင်ထားတာ သူမ အတွက် ဘုရားပေးတဲ့ ဆုလာဘ် တစ်ခုပါပဲ။ ပရိသတ်ကြီးလည်း အရွယ်နဲ့ မလိုက်အောင် နုပျိုလွန်းတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အံ့သြမှင်သက် နေကြမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit;Cele Connections

About the author

Ms Cele

Leave a Comment