Celebrity


Written by Ms Cele





Credit– Cele Zone
Photo – Sandy Myint Lwin

အသက်(၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ သမီးလေးရဲ့မွေးနေ့မှာ ငယ်စဉ်ကအမှတ်တရပုံလေးတွေကို ထုတ်ပြရင်း မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မေမေစန္ဒီမြင့်လွင်

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်ပြီး အရည်အချင်းရှိတဲ့သူ ကတော့ မင်းသမီးချောလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်။ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာ အလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ စန္ဒီမြင့်လွင်က ဇာတ်ကားတွေ အများအပြား ရိုက်ကူးခဲ့သလို တေးသီချင်းကောင်းတွေ ကိုလည်း ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ် ။

စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့ ထိမ်းမြားလက်ထပ်ပြီး နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ သမီးချောလေး တစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယား စရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်း တူတာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တုန်အောင် ချစ်နေရတာ ဖြစ်ပါတယ် ။

ဒီနေ့ကတော့ ထရက်ရှာလေးရဲ့ (၂) နှစ်ပြည့်မွေးနေ့လေးဖြစ်ရာ မေမေ စန္ဒီမြင့်လွင်က သမီးလေးရဲ့ ငယ်စဉ်က အမှတ်တရပုံလေးတွေနဲ့အတူ ” Happy 2 years birthday သမီးလေး သမီးလေးမွေးနေ့မှာ ပြည်သူ အပေါင်းအခုကြုံတွေ့နေရတဲ့ အခက်အခဲများ အမြန်ကင်းပျောက်ကြပါစေ ကျန်းမာချမ်းသာတဲ့ ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ လို့ ထရက်ရှာခင်လင်းထင်မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ရှင် 2yearsold treasure ” ဆိုပြီး ဆုမွန်ကောင်းတောင်းပေး ထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးရင်း ထရက်ရှာလေးလည်း မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Credit– Cele Zone
Photo – Sandy Myint Lwin

About the author

Ms Cele

Leave a Comment