Celebrity

အသက္(၆၁)ႏွစ္ျပည့္ေမြးေန႕ကို ေဝဘာဂီ ေဆး႐ုံခန္းေလးထဲမွာ ျပဳလုပ္ခဲ့ရတဲ့ ဦးေက်ာ္သူ

Written by Ms Cele

အသက္(၆၁)ႏွစ္ျပည့္ေမြးေန႕ကို ေဝဘာဂီ ေဆး႐ုံခန္းေလးထဲမွာ ျပဳလုပ္ခဲ့ရတဲ့ ဦးေက်ာ္သူ

ဦးေက်ာ္သူ ပါဝင္တဲ့ နာေရးကူညီမႈ အသင္းဟာ COVID-19 ကာလ မွာ ဈာပန ပို႔ေဆာင္ျခင္း၊ ေရာဂါပိုး ကာကြယ္ေရး အတြက္ ေဆးျဖန္းျခင္း၊ မီးေဘးအႏၲရာယ္ တားဆီးေရး အတြက္ ေရသယ္ ကား မ်ားနဲ႔ ကူညီေပးျခင္း၊ ေရရွားပါးတဲ့ ေက်း႐ြာ ေတြမွာ ေရအလႉ ျပဳျခင္း စတဲ့ ကုသိုလ္ေရးေတြ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ ဦးေက်ာ္သူ အေနနဲ႔ နာေရး ကူညီမႈ အသင္း(ရန္ကုန္) ကို ၂၀၀၀ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာပါ။ အခုဆိုရင္ေတာ့ ဒီအသင္းႀကီးဟာ ႏွစ္ေပါင္း(၂၀) ေက်ာ္လာခဲ့ပါၿပီ။ ဦးေက်ာ္သူဟာ တစ္ခ်ိန္က အကယ္ဒမီဆုေတြ ရရွိခဲ့ဖူးတဲ့ ႏိုင္ငံေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။

ပရဟိတမင္းသားႀကီး ဦးေက်ာ္သူက သူ႔ရဲ႕ေမြးေန႔ ကို ထြန္းကိုကိုနဲ႔အတူတူ ေဝဘာဂီေဆး႐ုံခန္းေလးထဲမွာ ျဖတ္သန္း ခဲ့ရပါတယ္။ လက္ေဆာင္ပို႔ေပးတဲ့ ကိတ္မုန႔္ေတြနဲ႔ ေမြးေန႔ကိတ္ခြဲကာ ျဖတ္သန္းခဲ့တာပါ။ နာေရးကူညီမႈအသင္းရဲ႕ ပဲ့ကိုင္ရွင္ႀကီး ဦးေက်ာ္သူ ကေတာ့ ႏိုဝင္ဘာလ (၂) ရက္ေန႔က အသက္ (၆၁) ႏွစ္ျပည့္သြားပါၿပီ။ သူ႔ရဲ႕ ေမြးေန႔မွာ အမွတ္တရအေနနဲ႔ ေမြးေန႔ကိတ္ေတြ၊ ပန္းစည္းေတြလည္း လက္ေဆာင္ရခဲ့တာကို ေတြ႕ရပါတယ္။ ဒီႏွစ္ေမြးေန႔ကိုေတာ့ ေဝဘာဂီမွာပဲ ထြန္းကိုကို နဲ႔ ႏွစ္ေယာက္တည္း က်င္းပခဲ့တဲ့ အမွတ္တရေတြကို ဦးေက်ာ္သူက ေျပာျပလာပါတယ္။

“ ဒီကိတ္မုန႔္နဲ႔ ဒီပန္းေတြက ကြၽန္ေတာ္တို႔ရဲ႕ အခန္းထဲကို က်ဴးေက်ာ္ဝင္ ေရာက္လာတဲ့ အတြက္ ဖေယာင္းတိုင္ မီးေတြ ထြန္းၿပီးေတာ့ ဆုေတာင္း ေမတၱာပို႔ လိုက္ရတာပါ။ ကြၽန္ေတာ္တို႔ဆီ လာပို႔တဲ့ အစားအေသာက္ ေတြဆိုရင္ အခန္းထဲဝင္ၿပီးရင္ အျပင္ျပန္ ထြက္လို႔ မရဘူး။ ဒါေတြကို မကုန္ ကုန္ေအာင္လို႔ စားရမယ္။ မစားႏိုင္ဘူးဆိုရင္ အမႈိက္ပုံးထဲ ထည့္ရတာပဲ။ အေျခအေနက အဲဒီလိုပဲ။ အလႉရွင္ေတြက ဦးေက်ာ္သူအတြက္ဆိုၿပီး ပစၥည္းေတြ လာေပးရင္ ကြၽန္ေတာ္တို႔ကို မေပးပါနဲ႔ အျပင္က ဆရာဝန္၊ ဆရာမေတြ၊ လူနာရွင္ေတြ စားၾကပါေစ ဆိုၿပီးေတာ့ ဒါနျပဳေလ့ရွိပါတယ္။ ဒါေပမယ့္ ကိတ္မုန႔္ေတြ ပန္းေတြက မထင္မွတ္ပဲ ေရာက္လာတဲ့အတြက္ ေမြးေန႔ပြဲေလး လုပ္ျဖစ္သြားတာပါ။ ဦးထုတ္ ကေတာ့ ထြန္းကိုကို ရဲ႕ လက္ရာေပါ့” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ (၂) ရက္ေန႔ ည ၈ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ အမွတ္တရ ဗီဒီယို ဖိုင္ေလးတင္ရင္း ေျပာခဲ့တာပါ။

ဦးေက်ာ္သူဟာ ကိုဗစ္ေရာဂါ ကူးစက္ခံရလို႔ ေဝဘာဂီမွာ ေအာက္တိုဘာလ (၂၁) ရက္ေန႔ကတည္းက ေဆးကုသမႈခံယူေနရတာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ က်န္းမာေရးျပန္ေကာင္းလာရင္ ပရဟိတအလုပ္ေတြကို အရင္တုန္းကလိုပဲ တက္တက္ႂကြႂကြ လုပ္ေဆာင္သြား မယ္လို႔ ပရိသတ္ကို ကတိေပး လာခဲ့ပါေသးတယ္။

“ အခုဆို ကြၽန္ေတာ့္အသက္ (၆၁) ႏွစ္ ျပည့္ၿပီ ေနေကာင္း သြားလို႔ ျပန္ထြက္လာ ရၿပီဆိုရင္ (၁၆) ႏွစ္သားပုံစံ၊ (၁၆) ႏွစ္သားရဲ႕ ခြန္အားေတြနဲ႔ ျပန္လည္ လုပ္ေဆာင္ ပါမယ္။ ကြၽန္ေတာ့္ ခႏၶာကိုယ္ထဲကို ေသြး အသစ္ေတြ ေလာင္းထည့္လိုက္ပါၿပီ။ အဲဒီ အတြက္ ေသြးသစ္၊ စိတ္သစ္၊ လူသစ္ တစ္ေယာက္ အေနနဲ႔ အမ်ားျပည္သူ အတြက္ ေပးဆပ္မယ္လို႔ ဝန္ခံ ကတိေပး ပါတယ္” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။

Crd

အသက်(၆၁)နှစ်ပြည့်မွေးနေ့ကို ဝေဘာဂီ ဆေးရုံခန်းလေးထဲမှာ ပြုလုပ်ခဲ့ရတဲ့ ဦးကျော်သူ

ဦးကျော်သူ ပါဝင်တဲ့ နာရေးကူညီမှု အသင်းဟာ COVID-19 ကာလ မှာ ဈာပန ပို့ဆောင်ခြင်း၊ ရောဂါပိုး ကာကွယ်ရေး အတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ် ကား များနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာ တွေမှာ ရေအလှူ ပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေး ကူညီမှု အသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။

ပရဟိတမင်းသားကြီး ဦးကျော်သူက သူ့ရဲ့မွေးနေ့ ကို ထွန်းကိုကိုနဲ့အတူတူ ဝေဘာဂီဆေးရုံခန်းလေးထဲမှာ ဖြတ်သန်း ခဲ့ရပါတယ်။ လက်ဆောင်ပို့ပေးတဲ့ ကိတ်မုန့်တွေနဲ့ မွေးနေ့ကိတ်ခွဲကာ ဖြတ်သန်းခဲ့တာပါ။ နာရေးကူညီမှုအသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး ဦးကျော်သူ ကတော့ နိုဝင်ဘာလ (၂) ရက်နေ့က အသက် (၆၁) နှစ်ပြည့်သွားပါပြီ။ သူ့ရဲ့ မွေးနေ့မှာ အမှတ်တရအနေနဲ့ မွေးနေ့ကိတ်တွေ၊ ပန်းစည်းတွေလည်း လက်ဆောင်ရခဲ့တာကို တွေ့ရပါတယ်။ ဒီနှစ်မွေးနေ့ကိုတော့ ဝေဘာဂီမှာပဲ ထွန်းကိုကို နဲ့ နှစ်ယောက်တည်း ကျင်းပခဲ့တဲ့ အမှတ်တရတွေကို ဦးကျော်သူက ပြောပြလာပါတယ်။

“ ဒီကိတ်မုန့်နဲ့ ဒီပန်းတွေက ကျွန်တော်တို့ရဲ့ အခန်းထဲကို ကျူးကျော်ဝင် ရောက်လာတဲ့ အတွက် ဖယောင်းတိုင် မီးတွေ ထွန်းပြီးတော့ ဆုတောင်း မေတ္တာပို့ လိုက်ရတာပါ။ ကျွန်တော်တို့ဆီ လာပို့တဲ့ အစားအသောက် တွေဆိုရင် အခန်းထဲဝင်ပြီးရင် အပြင်ပြန် ထွက်လို့ မရဘူး။ ဒါတွေကို မကုန် ကုန်အောင်လို့ စားရမယ်။ မစားနိုင်ဘူးဆိုရင် အမှိုက်ပုံးထဲ ထည့်ရတာပဲ။ အခြေအနေက အဲဒီလိုပဲ။ အလှူရှင်တွေက ဦးကျော်သူအတွက်ဆိုပြီး ပစ္စည်းတွေ လာပေးရင် ကျွန်တော်တို့ကို မပေးပါနဲ့ အပြင်က ဆရာဝန်၊ ဆရာမတွေ၊ လူနာရှင်တွေ စားကြပါစေ ဆိုပြီးတော့ ဒါနပြုလေ့ရှိပါတယ်။ ဒါပေမယ့် ကိတ်မုန့်တွေ ပန်းတွေက မထင်မှတ်ပဲ ရောက်လာတဲ့အတွက် မွေးနေ့ပွဲလေး လုပ်ဖြစ်သွားတာပါ။ ဦးထုတ် ကတော့ ထွန်းကိုကို ရဲ့ လက်ရာပေါ့” ဆိုပြီးတော့ နိုဝင်ဘာလ (၂) ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ အမှတ်တရ ဗီဒီယို ဖိုင်လေးတင်ရင်း ပြောခဲ့တာပါ။

ဦးကျော်သူဟာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဝေဘာဂီမှာ အောက်တိုဘာလ (၂၁) ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျန်းမာရေးပြန်ကောင်းလာရင် ပရဟိတအလုပ်တွေကို အရင်တုန်းကလိုပဲ တက်တက်ကြွကြွ လုပ်ဆောင်သွား မယ်လို့ ပရိသတ်ကို ကတိပေး လာခဲ့ပါသေးတယ်။

“ အခုဆို ကျွန်တော့်အသက် (၆၁) နှစ် ပြည့်ပြီ နေကောင်း သွားလို့ ပြန်ထွက်လာ ရပြီဆိုရင် (၁၆) နှစ်သားပုံစံ၊ (၁၆) နှစ်သားရဲ့ ခွန်အားတွေနဲ့ ပြန်လည် လုပ်ဆောင် ပါမယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲကို သွေး အသစ်တွေ လောင်းထည့်လိုက်ပါပြီ။ အဲဒီ အတွက် သွေးသစ်၊ စိတ်သစ်၊ လူသစ် တစ်ယောက် အနေနဲ့ အများပြည်သူ အတွက် ပေးဆပ်မယ်လို့ ဝန်ခံ ကတိပေး ပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။

Crd

About the author

Ms Cele

Leave a Comment