Celebrity

အသက္ (၂၀) ျပည့္ေမြးေန့ မွာ မိတ္ေဆြ သူငယ္ခ်င္း ေတြေၾကာင့္ Surprise အၾကီးၾကီး ျဖစ္ခဲ့ရတဲ့ ဘင္ဂ်မင္ဆုမ္း

Written by Ms Cele

အသက္ (၂၀) ျပည့္ေမြးေန့ မွာ မိတ္ေဆြ သူငယ္ခ်င္း ေတြေၾကာင့္ Surprise အၾကီးၾကီး ျဖစ္ခဲ့ရတဲ့ ဘင္ဂ်မင္ဆုမ္း

Myanmar Idol Season (4) ရဲ့ 2nd Runner Up ဆုရွင္ တစ္ေယာက္ျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္း ကေတာ့ အသက္ အရြယ္ငယ္ေပမယ့္ အနုပညာနဲ့ ပက္သတ္ ရင္ေတာ့ ေတာ္ေတာ္ေလး ဝါသနာၾကီးသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္းက သီခ်င္းဆိုျပိဳင္ပြဲၾကီး ျပီးဆံုးေနခ်ိန္ မွာေတာ့ အဆိုေတာ္ တစ္ေယာက္အျဖစ္ တစ္နိုင္ငံလံုး အတိုင္းအတာနဲ့ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္း ကလည္း သူ့ကိုခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြ စိတ္ပ်က္မသြား ရေအာင္ သီခ်င္းေကာင္းေလးေတြ အျမဲတမ္း ဖန္တီးေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ နိုဝင္ဘာလ (၂၇) ရက္ေန့ကေတာ့ ဘင္ဂ်မင္ဆုမ္း ရဲ့ အသက္ (၂၀) ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္း ကေတာ့ သူ့ရဲ့ ေမြးေန့မွာ အလုပ္ေတြ ရႈပ္ေနခဲ့ေပမယ့္ ခရစ္ယာန္ဘာသာဝင္ေတြ အျဖစ္ အျမဲတမ္းဘုရားဝတ္ျပဳတဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြေၾကာင့္ ေမြးေန့ Surprise အၾကီးၾကီးျဖစ္ ခဲ့ရတာပဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ဆုမ္းက သူ့ရဲ့ ေမြးေန့မွာ LED ပိတ္ကားေပၚမွာ ခ်စ္ခင္ရသူေတြရဲ့ ေမြးေန့ဆုေတာင္း စကားေတြနဲ့အတူတူ အမွတ္တရ ေမြးေန့ကိတ္ေလး ခြဲခဲ့ရတာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ဘင္ဂ်မင္ဆုမ္း ကေတာ့ သူ့ရဲ့ အသက္ (၂၀) ျပည့္ ေမြးေန့မွာ ေပ်ာ္ရႊင္မႈေတြ မ်ားစြာနဲ့ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဘင္ဂ်မင္ဆုမ္း ရဲ့ ေမြးေန့ေလး အတြက္ ဆုေတာင္း စကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

အသက် (၂၀) ပြည့်မွေးနေ့ မှာ မိတ်ဆွေ သူငယ်ချင်း တွေကြောင့် Surprise အကြီးကြီး ဖြစ်ခဲ့ရတဲ့ ဘင်ဂျမင်ဆုမ်း

Myanmar Idol Season (4) ရဲ့ 2nd Runner Up ဆုရှင် တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်း ကတော့ အသက် အရွယ်ငယ်ပေမယ့် အနုပညာနဲ့ ပက်သတ် ရင်တော့ တော်တော်လေး ဝါသနာကြီးသူ တစ်ယောက် ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းက သီချင်းဆိုပြိုင်ပွဲကြီး ပြီးဆုံးနေချိန် မှာတော့ အဆိုတော် တစ်ယောက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်း ကလည်း သူ့ကိုချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေ စိတ်ပျက်မသွား ရအောင် သီချင်းကောင်းလေးတွေ အမြဲတမ်း ဖန်တီးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ ဘင်ဂျမင်ဆုမ်း ရဲ့ အသက် (၂၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်း ကတော့ သူ့ရဲ့ မွေးနေ့မှာ အလုပ်တွေ ရှုပ်နေခဲ့ပေမယ့် ခရစ်ယာန်ဘာသာဝင်တွေ အဖြစ် အမြဲတမ်းဘုရားဝတ်ပြုတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကြောင့် မွေးနေ့ Surprise အကြီးကြီးဖြစ် ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုမ်းက သူ့ရဲ့ မွေးနေ့မှာ LED ပိတ်ကားပေါ်မှာ ချစ်ခင်ရသူတွေရဲ့ မွေးနေ့ဆုတောင်း စကားတွေနဲ့အတူတူ အမှတ်တရ မွေးနေ့ကိတ်လေး ခွဲခဲ့ရတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဘင်ဂျမင်ဆုမ်း ကတော့ သူ့ရဲ့ အသက် (၂၀) ပြည့် မွေးနေ့မှာ ပျော်ရွှင်မှုတွေ များစွာနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘင်ဂျမင်ဆုမ်း ရဲ့ မွေးနေ့လေး အတွက် ဆုတောင်း စကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment