Celebrity


Written by Ms Cele





Source: Ye Tun Min’s fb

အသက် (၃၇) နှစ်ပြည့် မွေးနေ့လေးမှာ ကျေးဇူးရှင်မိဘနှစ်ပါးကို ကတိစကားလေး ပြောလိုက်တဲ့ ရဲလေး

ပရိသတ်ကြီးရေ သီချင်းရေး၊ သီချင်းဆိုတဲ့ နေရာမှာလည်း ပါရမီပါသလို သရုပ်ဆောင်တဲ့ နေရာမှာလည်း ပညာသားပါပါ သရုပ်ဆောင်တတ်တဲ့ အဆိုတော်၊ သရုပ်ဆောင် ရဲလေးကတော့ နှစ်တွေ များစွာတိုင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်ပါ။ ရဲလေးကတော့ အိမ်ထောင်နဲ့ ကွာရှင်းပြီးသွားချိန်မှာ မိသားစုတွေနဲ့ အနုပညာ အလုပ်တွေကို ပိုမိုအာရုံစိုက်လုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ရဲလေးရဲ့ သီချင်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အရင်အတိုင်း စိတ်ဝင်တစားအားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ ရဲလေးရဲ့ အသက် (၃၇) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရဲလေးကတော့ သူ့ရဲ့ မွေးနေ့မှာ သူ့ကိုလူ့လောကကြီးထဲကို ရောက်အောင် မွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို တိုင်တည်ပြီး “အဖေကြီးနဲ ့ အမေကြီး ကျေးဇူးပါ 🙏🙏🙏 ကျွန်တော်အမြဲ ကြိုစားပေးမယ်နော် 💪💪💪” ဆိုပြီး ကတိစကားလေး တစ်ခွန်းပြောလာတာကို တွေ့ရပါတယ်။

ရဲလေးကတော့ အသက်တစ်နှစ်ကြီးလာပြီ ဆိုပေမယ့် ပရိသတ်တွေအတွက် မိသားစု အတွက် သူ့ရဲ့ကြိုးစားမှု ကတော့ လျော့ကျသွားခြင်းမရှိပါဘူး။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ရဲလေး အတွက် အမှတ်တရ မွေးနေ့ဆုတောင်း စကားလေး ပြောခဲ့ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Ye Tun Min’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment