Celebrity


Written by Ms Cele









Swelsone News

အသက် (၃၇ )နှစ် နဲ့ ဆုံးပါး သွားတာ စောလွန်း သေးတဲ့ မီးမီးခဲ အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ် နေတဲ့ ဆုန်သင်းပါရ်

နိုင်ငံကျော် အဆိုတော် မီးမီးခဲ ကတော့ သြစတေးလျ နိုင်ငံမှာ နေထိုင်နေရင်း သူမ ခံစားနေရတဲ့ ကင်ဆာရောဂါဝေဒနာ ကို ကုသမှုခံ ယူနေတာပဲ ဖြစ်ပါတယ်။ အောက်တို ဘာလ (၁၆) ရက်နေ့မှာတော့ မီးမီးခဲက သူမနေ ထိုင်ရာ သြစတေးလျနိုင်ငံ မှာပဲ ခေါင်းချပြီး ဘဝ တစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

မီးမီးခဲအတွက် ပရိသတ် တွေက စိတ်မကောင်းဖြစ်ကြသလို သူမနဲ့ စတိတ်ရှိုး တွေမှာ အတူတူ သီဆိုကြတဲ့ အဆိုတော်ကြီးတွေကလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်တဲ့အကြောင်း ပြောထား တာပဲ ဖြစ်ပါတယ်။

မီးမီးခဲနဲ့ ညီအစ်မတွေလို ခင်မင်ရင်းနှီးတဲ့ အဆိုတော် ဆုန်သင်းပါရ် ကလည်း မီးမီးခဲ အတွက် စိတ်မကောင်းဝမ်းနည်းဖြစ်နေပြီး

“မီးခဲရေ…လူတိုင်း တနေ့သွားရမယ့်လမ်း ဆိုပေမယ့် သွားနှင့်တာ စောလွန်းတယ်လေ 😢 အနာရောဂါ ဝေဒနာတွေ မရှိတော့တဲ့ အဖ အိမ်တော်မှာ နားပါတော့ကွယ် R.I.P တို့တွေ အိမ်တော်မှာ ပြန်ဆုံတဲ့ခါအတူတူချီးမွမ်းသီချင်းတွေ သီဆိုရင်း စကားတွေ အများကြီး ဆက်ပြောကြမယ်😢” ဆိုပြီး စိတ်မကောင်း ဝမ်းနည်းကြောင်းပြောထားတာပဲ ဖြစ်ပါတယ်။

မီးမီးခဲကတော့ ဘယ်တော့မှ ပြန်မလာ နိုင်တော့မယ့် ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့ပြီဆိုပေမယ့် ကောင်းကင်ဘုံ မှာ အေးချမ်းစွာ အနားယူနေပြီပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဆုန်သင်းပါရ်နဲ့ ထပ်တူဝမ်းနည်းနေကြမယ်လို့ မျှော်လင့်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Swelsone News

About the author

Ms Cele

Leave a Comment