Celebrity

အသင္းမွာ တာဝန္ မေၾကဘူးလို႔ ခံစားရလို႕Quarantine centre ေတြမွာ ေဖ်ာ္ေျဖတာကို မလုပ္ေတာ့ပါဘူးလို႔ ေျပာလိုက္တဲ့ သက္ရတနာေက်ာ္၀င္း

Written by Ms Cele

အသင္းမွာ တာဝန္ မေၾကဘူးလို႔ ခံစားရလို႕Quarantine centre ေတြမွာ ေဖ်ာ္ေျဖတာကို မလုပ္ေတာ့ပါဘူးလို႔ ေျပာလိုက္တဲ့ သက္ရတနာေက်ာ္၀င္း

The Voice Myanmar Season (3) မွာ ပါဝင္ယွဥ္ ျပိဳင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွလာခဲ့တဲ့ G ကေတာ့ နုိင္ငံေက်ာ္ အဆို ေတာ္၊ သရုပ္ေဆာင္ ထြန္းအိျႏၵာဗိုလ္ ရဲ့ တူမအရင္း ျဖစ္ေပမယ့္ အေဒၚျဖစ္သူရဲ့ အကူအညီမပါပဲ တစ္ေယာက္တည္း ၾကိဳးစားလာခဲ့တာပဲ ျဖစ္ပါတယ္။ G က ျပီးခဲ့တဲ့အပတ္ Knock Out Round မွာ ျပဳတ္သြားခဲ့ျပီ ဆိုေပမယ့္ ပရိသတ္ေတြရဲ့ သတိထားအား ေပးျခင္းကို ခံခဲ့ရျပီပဲ ျဖစ္ပါတယ္။ လက္ရိွ Quarantine Centre ေတြ မွာ သီခ်င္း ဆိုရင္း စိတ္ဓာတ္ခြန္အား ေပးေနတဲ့ G က အသင္းအတြက္ တာဝန္မေက်ဘူး ခံစားရတာေၾကာင့္ နားေတာ့မယ္ လို့ ေျပာလာပါတယ္။

G က “ညီမတို႔ The Voice Myanmar Season 3 ညီကိုေမာင္နမမ်ား quarantine centre ေတြမွာ ေဖ်ာ္ေျဖတာ ကို မလုပ္ေတာ့ပါဘူးလို႔ ေျပာခ်င္ပါတယ္။ အသင္း မွာလဲ တာဝန္မေၾကဘူးလို႔ ခံစားရလို႔ပါ။ ၿပီးေတာ့ အလုပ္မ်ားရင္လဲ လူလိုလို႔ပါ။ အသင္းမ ဝင္ထားတဲ့ အကိုေတြအမေတြေတာ့ ထပ္ေဖ်ာ္ေျဖရင္ ေဖ်ာ္ေျဖမွာေပါ့။ ဒါကေတာ့ သူတို႔သေဘာပါ။ ညီမကေတာ့ နားပါၿပီ။ အားေပးတဲ့သူေတြကို ေက်းဇူးတင္ပါတယ္။ live လႊင့္တာ သီခ်င္းဆိုတာ ေတြလဲ ျပန္တင္ပါမယ္။ အခုတေလာ အရမ္းႀကီး မအားေသးလို႔ပါေနာ္။ 💚” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာကေနတဆင့္ ေျပာလာ ပါတယ္။

G ကေတာ့ ကိုဗစ္ကာလအစကတည္းက ေစတနာ့ ဝန္ထမ္းတစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ တာျဖစ္ျပီး The Voice Myanmar သီခ်င္းဆိုျပိဳင္ ပြဲဝင္ျပိဳင္ေနတာနဲ့ အသင္းအတြက္ တာဝန္မေက်ဘူး လို့ ခံစားရတာေၾကာင့္ Quarantine Centre ေတြမွာ သီခ်င္းလိုက္ ဆိုတာကို နားလိုက္ေၾကာင္း ေျပာလာ တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကေတာ့ G ရဲ့ အနုပညာလႈပ္ရွားမႈ ေလးေတြကို ဆက္လက္ျပီး ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Connections

အသင်းမှာ တာဝန် မကြေဘူးလို့ ခံစားရလို့Quarantine centre တွေမှာ ဖျော်ဖြေတာကို မလုပ်တော့ပါဘူးလို့ ပြောလိုက်တဲ့ သက်ရတနာကျော်ဝင်း

The Voice Myanmar Season (3) မှာ ပါဝင်ယှဉ် ပြိုင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တဲ့ G ကတော့ နိုင်ငံကျော် အဆို တော်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ရဲ့ တူမအရင်း ဖြစ်ပေမယ့် အဒေါ်ဖြစ်သူရဲ့ အကူအညီမပါပဲ တစ်ယောက်တည်း ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။ G က ပြီးခဲ့တဲ့အပတ် Knock Out Round မှာ ပြုတ်သွားခဲ့ပြီ ဆိုပေမယ့် ပရိသတ်တွေရဲ့ သတိထားအား ပေးခြင်းကို ခံခဲ့ရပြီပဲ ဖြစ်ပါတယ်။ လက်ရှိ Quarantine Centre တွေ မှာ သီချင်း ဆိုရင်း စိတ်ဓာတ်ခွန်အား ပေးနေတဲ့ G က အသင်းအတွက် တာဝန်မကျေဘူး ခံစားရတာကြောင့် နားတော့မယ် လို့ ပြောလာပါတယ်။

G က “ညီမတို့ The Voice Myanmar Season 3 ညီကိုမောင်နမများ quarantine centre တွေမှာ ဖျော်ဖြေတာ ကို မလုပ်တော့ပါဘူးလို့ ပြောချင်ပါတယ်။ အသင်း မှာလဲ တာဝန်မကြေဘူးလို့ ခံစားရလို့ပါ။ ပြီးတော့ အလုပ်များရင်လဲ လူလိုလို့ပါ။ အသင်းမ ဝင်ထားတဲ့ အကိုတွေအမတွေတော့ ထပ်ဖျော်ဖြေရင် ဖျော်ဖြေမှာပေါ့။ ဒါကတော့ သူတို့သဘောပါ။ ညီမကတော့ နားပါပြီ။ အားပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ live လွှင့်တာ သီချင်းဆိုတာ တွေလဲ ပြန်တင်ပါမယ်။ အခုတလော အရမ်းကြီး မအားသေးလို့ပါနော်။ 💚” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေတဆင့် ပြောလာ ပါတယ်။

G ကတော့ ကိုဗစ်ကာလအစကတည်းက စေတနာ့ ဝန်ထမ်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ တာဖြစ်ပြီး The Voice Myanmar သီချင်းဆိုပြိုင် ပွဲဝင်ပြိုင်နေတာနဲ့ အသင်းအတွက် တာဝန်မကျေဘူး လို့ ခံစားရတာကြောင့် Quarantine Centre တွေမှာ သီချင်းလိုက် ဆိုတာကို နားလိုက်ကြောင်း ပြောလာ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ G ရဲ့ အနုပညာလှုပ်ရှားမှု လေးတွေကို ဆက်လက်ပြီး စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment