Celebrity

အသစ္ထြက္မယ့္ အယ္လ္ဘမ္က သီခ်င္း အသစ္မွာ သမီးေလးႏွစ္ေယာက္ရဲ႕ အသံေလး ေတြကို ထည့္သြင္း အသုံးျပဳထားေၾကာင္း ေျပာလာတဲ့ လင္းလင္း

Written by Ms Cele

အသစ္ထြက္မယ့္ အယ္လ္ဘမ္က သီခ်င္း အသစ္မွာ သမီးေလးႏွစ္ေယာက္ရဲ႕ အသံေလး ေတြကို ထည့္သြင္း အသုံးျပဳထားေၾကာင္း ေျပာလာတဲ့ လင္းလင္း

သီခ်င္းေတြကို ကိုယ္တိုင္ ရင္ဘတ္ႀကီးနဲ႔ခံစားၿပီး ေရးသားတဲ့ လင္းလင္း ကေတာ့ ေတးေရးဆရာ တစ္ေယာက္ အျဖစ္ကေန အဆိုေတာ္ျဖစ္လာခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ လင္းလင္း ကေတာ့ လက္ရွိမွာလည္း သူဝါသနာပါရာ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ေနသလို ေခတ္သစ္ေဖာင္ေဒးရွင္း အလုပ္နဲ႔ မိသားစုတာဝန္ေတြကို ထမ္းေဆာင္ေနတဲ့ အိမ္ေထာင္ဦးစီးေကာင္း တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ သူ႔ရဲ႕ အယ္လ္ဘမ္အသစ္အတြက္ အလုပ္ရႈပ္ေနတဲ့ လင္းလင္းက သူ႔ရဲ႕ အယ္လ္ဘမ္အသစ္မွာေတာ့ ေခတ္နဲ႔သစ္ရဲ႕ အသံေလးေတြကို ထည့္သြင္းအသုံးျပဳထားေၾကာင္း ေျပာျပလာခဲ့ပါတယ္။

“ကေလးေမြးတဲ့အခ်ိန္ ျဖစ္ေပၚခံစား ရတဲ့ မိဘေတြရဲ႕ ေပ်ာ္႐ႊင္မႈ , စိုးရိမ္မႈ၊ သခ်ႋဳင္း တစ္ဖက္လွမ္းရင္း သားသမီးကို လူ႔ဘဝထဲ ေခၚရတဲ့မိခင္။ ရတာေရာ၊ မရတာေရာ မပီကလာ ပီကလာ နဲ႔ စဥ္းစား မိသမွ် ဆုေတာင္းစာ အကုန္ထိုင္႐ြတ္ေနရတဲ့ ဖခင္။ ကိုယ္တိုင္ႀကဳံရေတာ့ ကိုယ့္မိဘေတြအေပၚ ထပ္ပိုေမတၱာႀကီးရတဲ့ ခံစားမႈ စတဲ့ ခံစားမႈေတြအားလုံးကို ထုံးမႊန္းၿပီးေရးဖြဲ႕ထားတဲ့ သီခ်င္းေလးတစ္ပုဒ္ အခုထြက္မယ့္ေခြထဲမွာပါတယ္။ အဲဒီသီခ်င္းထဲမွာ ဆရာမႏွစ္ပါးရဲ႕ အသံေလးေတြပါ ေရာမွာဆိုေတာ့ ေျပာခ်င္တာက ခုမွလာတယ္။ သူတို႔ vocal date ေလ 😄💕” ဆိုျပီး သူ့ရဲ့ သီခ်င္းအတြက္ အသံသြင္းေနတဲ့ ေခတ္နဲ့သစ္ရဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလာပါတယ္။

လင္းလင္းကေတာ့ သူ့ရဲ့ အသစ္ ထြက္မယ့္ အယ္လ္ဘမ္ အသစ္အတြက္ နွစ္နဲ့ခ်ီျပီး အခ်ိန္ေပးထား ခဲ့တာမို့ အရင္က ထြက္တဲ့ အယ္လ္ဘမ္ ေတြထက္ ပိုျပီး ေကာင္းမယ္ ဆိုတာ ေသခ်ာပါတယ္။ ပရိသတ္ၾကီး လည္း ေခတ္နဲ့သစ္ရဲ့ တီတီတာတာ အသံေလး ေတြပါတဲ့ လင္းလင္းရဲ့ သီခ်င္းသစ္ေလးကို ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပး လိုက္ပါတယ္။

Cele Connections

အသစ်ထွက်မယ့် အယ်လ်ဘမ်က သီချင်း အသစ်မှာ သမီးလေးနှစ်ယောက်ရဲ့ အသံလေး တွေကို ထည့်သွင်း အသုံးပြုထားကြောင်း ပြောလာတဲ့ လင်းလင်း

သီချင်းတွေကို ကိုယ်တိုင် ရင်ဘတ်ကြီးနဲ့ခံစားပြီး ရေးသားတဲ့ လင်းလင်း ကတော့ တေးရေးဆရာ တစ်ယောက် အဖြစ်ကနေ အဆိုတော်ဖြစ်လာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ လင်းလင်း ကတော့ လက်ရှိမှာလည်း သူဝါသနာပါရာ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေသလို ခေတ်သစ်ဖောင်ဒေးရှင်း အလုပ်နဲ့ မိသားစုတာဝန်တွေကို ထမ်းဆောင်နေတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ အယ်လ်ဘမ်အသစ်အတွက် အလုပ်ရှုပ်နေတဲ့ လင်းလင်းက သူ့ရဲ့ အယ်လ်ဘမ်အသစ်မှာတော့ ခေတ်နဲ့သစ်ရဲ့ အသံလေးတွေကို ထည့်သွင်းအသုံးပြုထားကြောင်း ပြောပြလာခဲ့ပါတယ်။

“ကလေးမွေးတဲ့အချိန် ဖြစ်ပေါ်ခံစား ရတဲ့ မိဘတွေရဲ့ ပျော်ရွှင်မှု , စိုးရိမ်မှု၊ သချႋုင်း တစ်ဖက်လှမ်းရင်း သားသမီးကို လူ့ဘဝထဲ ခေါ်ရတဲ့မိခင်။ ရတာရော၊ မရတာရော မပီကလာ ပီကလာ နဲ့ စဉ်းစား မိသမျှ ဆုတောင်းစာ အကုန်ထိုင်ရွတ်နေရတဲ့ ဖခင်။ ကိုယ်တိုင်ကြုံရတော့ ကိုယ့်မိဘတွေအပေါ် ထပ်ပိုမေတ္တာကြီးရတဲ့ ခံစားမှု စတဲ့ ခံစားမှုတွေအားလုံးကို ထုံးမွှန်းပြီးရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ် အခုထွက်မယ့်ခွေထဲမှာပါတယ်။ အဲဒီသီချင်းထဲမှာ ဆရာမနှစ်ပါးရဲ့ အသံလေးတွေပါ ရောမှာဆိုတော့ ပြောချင်တာက ခုမှလာတယ်။ သူတို့ vocal date လေ 😄💕” ဆိုပြီး သူ့ရဲ့ သီချင်းအတွက် အသံသွင်းနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

လင်းလင်းကတော့ သူ့ရဲ့ အသစ် ထွက်မယ့် အယ်လ်ဘမ် အသစ်အတွက် နှစ်နဲ့ချီပြီး အချိန်ပေးထား ခဲ့တာမို့ အရင်က ထွက်တဲ့ အယ်လ်ဘမ် တွေထက် ပိုပြီး ကောင်းမယ် ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီး လည်း ခေတ်နဲ့သစ်ရဲ့ တီတီတာတာ အသံလေး တွေပါတဲ့ လင်းလင်းရဲ့ သီချင်းသစ်လေးကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။

Cele Connections

About the author

Ms Cele

Leave a Comment