Celebrity


Written by Ms Cele





Credit:Swelsone News

အသားမှာ တက်တူးအရုပ်တွေကို ပန်းချီစုသလို စုထားတယ် ဆိုတဲ့ ဟန်နေလွင်လွင်

တစ်ချိန်က ပရိသတ် တွေ အားပေးနှစ်ခြိုက်ခဲ့ရတဲ့ အဆိုတော်ကြီး ရင်ဂိုက အခုချိန်ထိတိုင် နာမည် မကျသေးပဲ အနုပညာ လောကမှာ အောင်မြင်စွာ ရပ်တည် နေတာ ဖြစ်ပါတယ်။ ရင်ဂိုရဲ့ သားနဲ့ သမီးဖြစ်သူ ဟန်ထူးလွင် နဲ့ ဟန်နေလွင်လွင်တို ့ကလည်း ဖခင်ဖြစ်သူရဲ့ ခြေရာ ကို အပြည့်အဝ နင်းနိုင်ပြီး ကိုယ်ပိုင် Band တွေနဲ့ အနုပညာ လောကမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဟန်ထူးလွင်က Big Bag Band နဲ့ အလုပ်လုပ်နေ သလို ဟန်နေလွင်လွင် ကလည်း Hannay and The Zens ဆိုတဲ့ Band ကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

ရင်ဂိုရဲ့သမီးဟန်နေလွင်လွင် ကတော့ ဖခင်နဲ့ အကိုဖြစ်သူ အတိုင်းပဲ တက်တူးတွေကို စိတ်ဝင်စားကြိုက်နှစ်သက် သူတစ်ယောက်ပဲဖြစ်ပါတယ်။ တက်တူးတွေ ထိုးထားတဲ့ ပတ်သက်ပြီ ဟန်နေလွင်လွင် က ““ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ပုံတွေ က ပန်းလေးတွေ၊ လိပ်ပြာလေးတွေ၊ မိန်းကလေး ဆန်ဆန်လေးတွေ ပါ။ ဖေဖေ တို့၊ ကိုကျား ကတော့ မှောင်မှောင်မဲမဲ၊ သရဲ၊ ဘီလူးတွေ ထိုးကြတယ်။ ခူးခူး က အရောင်လေး တွေပဲ ကြိုက်တယ်။ ပန်းချီကား စုသလိုပဲ ကိုယ့်အသားပေါ်မှာ ပန်းချီလေးတွေ စုတာပါ။ နောင်တ ရစရာ မရှိပါဘူး” လို့ ပြောလာခဲ့ပါတယ်။

ဟန်ဟန်နေလွင်က တက်တူထိုးခဲ့ ရတဲ့ အမှတ်တရတွေနဲ့ တက်တူးထိုးတဲ့ အချိန် ခံစားချက်တွေကိုလဲ ပြောပြလာ ခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် တက်တူး အကြောင်းပြောပြလာတဲ့ ဟန်နေလွင်လွင် ရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment