Celebrity


Written by Ms Cele










အာဇာနည်ကို ငွေတွေ အများကြီး ပုံပေးလိုက်တယ် ဆိုတဲ့ အပေါ်တုန့်ပြန် ပြောဆိုလာတဲ့ The Voice ပြိုင်ပွဲဝင် သက်ရတနာကျော်ဝင်း

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆို ပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ် တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဖူးလို့ ပြောခဲ့မိတာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်။

ယခုတပတ်မှာတော့ G ဟာ Battle Round ထုတ်လွှင့်မှုမှာ ရှုံးနိမ့်ခဲ့ပေမယ့် R ဇာနည်ရဲ့ Save လုပ်သွားခြင်းကိုခံခဲ့ရတာဖြစ်ပြီး ပိုက်ဆံတွေပုံပေး ခဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့တာပါ ဒီလိုကောလဟာလ တွေကို G ကအခုလိုဖြေရှင်းလာခဲ့တာပါ”

အရင်ဆုံး ကျေးဇူးတင်တဲ့ စကားစပြောချင်ပါတယ် ဘယ်သူမှမလှည့်တုန်းကလည်း မနီနီလှည့်တယ်ပေါ့ မနီနီမရွေး တော့လည်း ကို R ဇာနည် Save လုပ်လိုက်လို့လည်း ကျေးဇူးတင်ပါတယ် ကိုယ့်ကိုကိုယ်သွားပြီလို့ပဲထင်တာပေါ့ Battle Round ကကြတော့ ကိုယ့်ထက်စာရင် ကိုယ်နဲ့ပြိုင်တဲ့ ပြိုင်ဘက်ကိုပဲတက်သွားစေချင်တယ် အချင်းချင်းခင်ကြတော့လေ နှစ်ယောက်လုံးပါစေချင်တယ် ကိုယ်အရွေးခံရရင်လည်းပျော်မှာမဟုတ်ဘူး နှစ်ယောက်လုံးပါသွားလို့လည်း ကျေးဇူးတင်ပါတယ် အရမ်းလည်း ဝမ်းသာပါတယ်

အစတည်းကလည်း ကို R ဇာနည်ကို ကြိုက်တာ ပြောပြပြီးသားပါ သူမရွေးတုန်း ကလည်း အရမ်းဝမ်းနည်း နေတာမျိုး မရှိပါဘူး တစ်ယောက်လှည့်တာကိုပဲအရမ်းဝမ်းသာနေပြီ ဆိုတော့လေ အခုကို R ဇာနည်က ထပ် Save လိုက်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး အဲ့ဒီနေ့ကလည်း Social Distancing ကြောင့် လူချင်းထိလို့မရ လို့သာပေါ့ နောက်မို့ဆိုညီမ ကို R ဇာနည်ကိုသွားဖက်ချင်တယ်

ညီမကို Save လိုက်လို့ သူဘယ်လောက် ခိုင်သွားလဲပေါ့ ဒီလူကို Save လိုက်ရတာ အဲ့လိုပြောကြတယ်ပေါ့ တကယ်တော့ ပြိုင်တာက အရင်ကတည်းက ခုမှ လွှင့်တာ ဆိုတော့ အဲ့တုန်းက ညီမကို ဘယ်သူမှန်းလဲမသိဘူး ဒီ Blind Audition ထွက်လာတော့မှ ညီမကို Public Comments တွေမှာပြောကြလို့သာ ညီမဘယ်သူဆိုတာ သိလာတာပါ

ညီမအဲ့တုန်းက ကို R ဇာနည်ကိုလည်း မပြောပြခဲ့ဘူး တကယ်တော့ ဒီလောက်ထိ လိုက်ရှင်းပြစရာ မလိုပါဘူး လူတိုင်းထင်ချင်သလို ထင်လို့ရပါတယ် အဓိက ကတော့ ညီမက ကို R ဇာနည်ကို ထိရင် မခံချင်ဘူးပေါ့ သူ့ကို အဆဲလည်းမခံစေချင်ဘူး တကယ်တော့ လူတွေက ညီမတို့ မိသားစုကို ဘယ်လောက် ချမ်းသာတယ် ထင်နေလဲ မသိဘူး တကယ်တမ်း ကိုယ့်ဟာကိုယ် အကြွေးတွေ ပတ်လည်နဲ့ ကိုဗစ်ကာလဆို ပိုတောင်ဆိုးသေးတယ် အဲ့လောက်ကြီး ပိုက်ဆံရှိတာလည်း မဟုတ်ဘူး ကို R ဇာနည်ကိုဆိုရင် ဘယ်လောက်ထိ ပေးမှ သူကလှည့်ပေးမှာလဲ ပေါပေါနဲ့တော့ ရမှာမဟုတ်ဘူးလေ ညီမတို့လည်း အဲ့လောက်ထိ မတတ်နိုင်သေးဘူးလို့ထင်တယ် ခုလောလောဆယ် မှာလေ အရမ်းကြီးချမ်းသာနေတယ် မြင်တာကလည်း အကောင်းဘက် ကမြင်ရင် ကောင်းပါတယ် လူတွေထင် သလောက်ကြီး မရှိနေဘူးလို့ ကိုယ့်ကိုကိုယ်ထင်တယ်” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်

G ကတော့ သူမနဲ့ပတ်သတ်တဲ့သတင်းတွေကို ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment