Celebrity

အာဟာရဒါနအျဖစ္ ထမင္းနဲ႔ဟင္း အေယာက္(၂၀၀)စာကို ျမဝတီၿမိဳ႕က ေရေဘးသင့္ ျပည္သူေတြအတြက္ လွဴဒါန္းခဲ့တဲ့ ေန၀င္းတို႕စံုတြဲ

Written by Ms Cele

အာဟာရဒါနအျဖစ္ ထမင္းနဲ႔ဟင္း အေယာက္(၂၀၀)စာကို ျမဝတီၿမိဳ႕က ေရေဘးသင့္ ျပည္သူေတြအတြက္ လွဴဒါန္းခဲ့တဲ့ ေန၀င္းတို႕စံုတြဲ

ပရိသတ္ေတြ အားက်ေနရတဲ့ စံျပစုံတြဲေလး ကေတာ့ အဆိုေတာ္ ေနဝင္းနဲ႔ Travel Blogger အိမ့္ခ်စ္ေခ်ာတို႔ အတြဲေလးပဲ ျဖစ္ပါတယ္။ သာယာတဲ့ အခ်စ္ေရးေလးကို ပိုင္ဆိုင္ထားတဲ့ ေနဝင္းတို႔ စုံတြဲဟာ ႏွစ္ေတြအၾကာႀကီး တြဲခဲ့ၿပီး ဆယ္ႏွစ္အၾကာမွာ လက္ထက္ခဲ့ၾက တာလည္း ျဖစ္ပါတယ္။

တစ္ေယာက္နဲ ႔တစ္ေယာက္လည္း အရမ္းကို ခ်စ္ၾကၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရးေလးကို အတူတူ ဖန္တီးတည္ေဆာက္ ထားၾကတာလည္း ျဖစ္ပါတယ္။ အလႉအတန္း ဆိုရင္လည္း အၿမဲေရွ႕ဆုံးကေန စိတ္တူ ကိုယ္တူ ပါဝင္လႉဒါန္းတတ္တာကိုလည္းေတြ႕ရပါတယ္ ။

အခုလည္း သူငယ္ခ်င္း ေတြနဲ႔ စုေပါင္းၿပီး ျမဝတီၿမိဳ႕က ေရေဘးသင့္ ျပည္သူေတြ အတြက္ အာဟာရဒါနအျဖစ္ ထမင္းနဲ႔ဟင္း အေယာက္ (၂၀၀) စာကို လႉဒါန္းခဲ့ပါတယ္ ။ ခုလို လိုအပ္ေနခ်ိန္မွာ တတ္ႏိုင္သေလာက္ ကူညီမႈေတြ ျပဳလုပ္ေပးနတာ တကယ္ကို ေလးစားစရာပါပဲ ။ ပရိသတ္ႀကီးအတြက္ ေနဝင္းတို႔ ဇနီးေမာင္ႏွံရဲ႕ အလႉေလးကို ေဝမွ်ေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Nay Win

အာဟာရဒါနအဖြစ် ထမင်းနဲ့ဟင်း အယောက်(၂၀၀)စာကို မြဝတီမြို့က ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ နေဝင်းတို့စုံတွဲ

ပရိသတ်တွေ အားကျနေရတဲ့ စံပြစုံတွဲလေး ကတော့ အဆိုတော် နေဝင်းနဲ့ Travel Blogger အိမ့်ချစ်ချောတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သာယာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နေဝင်းတို့ စုံတွဲဟာ နှစ်တွေအကြာကြီး တွဲခဲ့ပြီး ဆယ်နှစ်အကြာမှာ လက်ထက်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။

တစ်ယောက်နဲ ့တစ်ယောက်လည်း အရမ်းကို ချစ်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို အတူတူ ဖန်တီးတည်ဆောက် ထားကြတာလည်း ဖြစ်ပါတယ်။ အလှူအတန်း ဆိုရင်လည်း အမြဲရှေ့ဆုံးကနေ စိတ်တူ ကိုယ်တူ ပါဝင်လှူဒါန်းတတ်တာကိုလည်းတွေ့ရပါတယ် ။

အခုလည်း သူငယ်ချင်း တွေနဲ့ စုပေါင်းပြီး မြဝတီမြို့က ရေဘေးသင့် ပြည်သူတွေ အတွက် အာဟာရဒါနအဖြစ် ထမင်းနဲ့ဟင်း အယောက် (၂၀၀) စာကို လှူဒါန်းခဲ့ပါတယ် ။ ခုလို လိုအပ်နေချိန်မှာ တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနတာ တကယ်ကို လေးစားစရာပါပဲ ။ ပရိသတ်ကြီးအတွက် နေဝင်းတို့ ဇနီးမောင်နှံရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Nay Win

About the author

Ms Cele

Leave a Comment