Celebrity


Written by Ms Cele





crd

အားလုံး ကို အံ့အား သင့်စေ ခဲ့တဲ့ မထက် ရဲ့ ပရိတ် သတ် တစ်ဦး

လူမှုကွန်ရက်မှာ မထက် ကို ချစ်တဲ့ လေယာဉ်မှုးကြီး ရဲ့ ရေးထား တဲ့ စာက အားလုံး ကို အံ့အားသင့်စေ ခဲ့ပါတယ်။ သူရေးထားတာက .. တချိန်က မင်းသမီး တစ်လက် ဇီးထုပ်ကြော်ငြာရင်း ကျန်းမာ aရး နဲ့မညီညွတ်ဘူး ဆိုတာ ပြောကြတော့ ငွေမျက်နှာ မကြည့်ဘဲ ကြော်ငြာ ကို ဖျက်ပေးခဲ့တယ်။ ဘယ်လောက် ပဲ အချစ်တွေ များများ သူ့အလုပ်သူ လေးစားခဲ့တော့ မထက်ကို အခုထိ လူတွေလက်ခံ တုန်းပဲ။ ပိုက်ဆံရတိုင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဆို ဒါမျိုးရအံ့မထင်။ အထင်ကြီးစရာမှ မရှိတာ လေးဖြူဘာဆိုဆို အောင်မြင်တယ် ဆိုတာ သူ့သီချင်းတွေကိုကြည့်လိုက်… ဖြစ်သလို ဆိုထားတာ တစ်ခုမှမရှိဘူး။

သံစဉ်၊ စာသား၊ ဖန်တီးမှု၊ ကာလာ၊ တုန်း အပေါစားတွေ မဟုတ်ဘူး။ ပေါချောင်ကောင်း နဲ့ သီချင်း တစ်ပုဒ်လောက် ထပေါက်တဲ့အဆိုတော် အမည်ခံတွေနဲ့တော့ ယှဉ်လို့ရအံ့ မထင်။ လေးစားစရာမှမရှိတာ ဆရာတက္ကသိုလ်ဘုန်းနိုင်တို့လို ပုဂ္ဂိုလ်တွေကို အခုထက်ထိ သတိတရရှိနေတာဟာ သူတို့ဖန်တီး ခဲ့တဲ့ စာပေအရည်အသွေးတွေကြောင့်… အပေါ့အသွမ်း စာဖြစ်ရင်ပြီးရောနဲ့ ရောချတဲ့စာရေးဆရာတွေဆို ဒီအချိန်ထိ အမှတ်ရနေမှာမဟုတ်ဘူးဗျ။ အတုယူစရာမှ မရှိတာ ပါချုပ်ဆရာတော်ကြီးကို လူတွေချွင်းချက်မရှိ ကိုးကွယ်တယ် ဆိုတာ ဘာသာရေးနဲ့ပတ်သက်တာပဲ ဆုံးမဟောကြားတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မနွယ်ဘူး။ ပေါ်ပင်တရားဟောဆရာတွေလို တွေ့ကရာ လျှောက်မပွားဘူး။

ပညာတတ်တွေ က အဲ့လိုစောင်းမြောင်းဟောတဲ့ ပေါ်ပင်ဆရာတွေ ကို လှည့်တောင် မကြည့်ဘူးဗျ။ ကြည်ညိုစရာမှ မရှိတာ အမေစုကို လူတွေ ချစ်တယ်ဆိုတာ သူ့ရဲ့နိုင်ငံ့ချစ်စိတ်၊ သူ့သမိုင်းကြောင့်… နိုင်ငံ အတွက် သူ့ရဲ့သည်းခံနိုင်စွမ်းဟာ သူမတူအောင် ကြီးမားတယ်။ မနေ့တနေ့ကမှ ထိုင်ဖေါင်းထုပြီး အော်နေကြတဲ့ အညံ့စား နိုင်ငံရေးသမားတွေနဲ့တော့ အိမ်မက်တောင်ယှဉ်မမက်နဲ့ဗျို့။ အရည်အချင်းက ဆီနဲ့ရေလို တခြားစီ။ မြန်မာတွေ နိုင်ငံရပ်ခြားမှာ အမေစုနာမည်ကို ရင်ကော့ပြီးထုတ်ပြောသလို သူတို့ကို ဂုဏ်ယူရဲစရာမှမရှိတာ “လူဆိုတာ သမိုင်းရှိတယ်ဗျ… ကိုယ်ဘာတွေလုပ်ခဲ့လုပ်ခဲ့ ကိုယ်အထူးပြုတဲ့အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်နေဖို့လိုတယ်”

crd

About the author

Ms Cele

Leave a Comment