Celebrity


Written by Ms Cele





Credit:CELELUCKY

အားလုံးကို အပြီးတိုင်နှုတ်ဆက်ကျောခိုင်းသွားပြီဖြစ်တဲ့ ရေမွန်ရဲ့နောက်ဆုံးခရီး ဗီဒီယိုဖိုင်

ပရိသတ်တွေ ချစ်ကြတဲ့ Idiots အဖွဲ့မှ အဆိုတော် ရေမွန် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်နော်။ စစ်ကောင်စီ ဘက်မှ ဝရမ်းပြေးအဖြစ် စာထုတ်ထား တာကြောင့် လွတ်မြောက် နယ်မြေတွင် ရှောင်ပြေးနေရတာပါနော်။ ရေမွန်ဟာ အသက်တစ်နှစ်သား ကတည်းက အဖေ့ရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရသူပါနော်။

သူ့အမေနဲ့ သူ့ညီမလေးကို ရှာဖွေ လုပ်ကျွေးခဲ့ပြီး တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ဖန်တီးခဲ့သူပါနော်။ သူဟာ အစာအိမ်သွေးကြောပေါက် သွားတာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကတင် ထားပါတယ်နော်။ဒီသတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ အတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာပါပဲနော်။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကို ဆုံးရှုံးလိုက်ရတာ အရမ်းကို နာကျင်စရာကောင်းလွန်းပါတယ်နော်။

သူ့ရဲ့ ရုပ်ကလပ် ကိုတော့ ဒီနေ့ မီးသဂြိုလ်မှာ ဖြစ်ပါတယ်နော်။ ပရိသတ်တွေ ပေးပို့ထားတဲ့ စာတွေကိုလည်း သူ့ရဲ့အခေါင်းမှာ ချိတ်ဆွဲထားတာကို ဝမ်းနည်းစွာ မြင်တွေ့ရပါတယ်နော်။ တန်ဖိုးရှိတဲ့ အဆိုတော်ရဲ့ နောက်ဆုံးခရီးကိုတော့ နယ်မြို့လေးတစ်မြို့မှာဘဲ ပြုလုပ်ခဲ့ရပါတယ်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment