Celebrity

အားလံုးပို႔သတဲ့ ေမတၱာေၾကာင့္ အိမ္ျပန္ခြင့္ရၿပီလို့ ဆိုလာတဲ့ ေက်ာ္သူနဲ့ ထြန္းကိုကို

Written by Ms Cele

အားလံုးပို႔သတဲ့ ေမတၱာေၾကာင့္ အိမ္ျပန္ခြင့္ရၿပီလို့ ဆိုလာတဲ့ ေက်ာ္သူနဲ့ ထြန္းကိုကို

ပရိသတ္ႀကီး ေရ လြန္ခဲ့တဲ့ ရက္ေတြက ကိုဗစ္ပိုး ေတြ႕ရွိခဲ့တဲ့ ပရဟိတမင္းသားႏွစ္လက္ ျဖစ္တဲ့ ဦးေက်ာ္သူနဲ ႔ထြန္းကိုကို တို႔ေၾကာင့္ ပရိသတ္ေတြဝမ္းနည္း စိတ္မေကာင္းျဖစ္ခဲ့ ရေပမယ့္ အခုခ်ိန္မွာေတာ့ ဝမ္းသာစရာ သတင္းေလး ေဆာင္ယူလာ ခဲ့ၿပီ ျဖစ္ပါတယ္။ ေဝဘာဂီ ေဆး႐ုံ မွာ ရက္ေပါင္း(၁၈) ရက္တိတိ ကုသမႈခံယူ အၿပီး ဒီေန႔ေန႔လည္ မွာေတာ့ ဦးေက်ာ္သူနဲ႔ထြန္းကိုကိုတို႔ ႏွစ္ဦးစလုံး အိမ္ျပန္ခြင့္ရခဲ့ၿပီျဖစ္ပါတယ္။

ေက်ာ္သူကေတာ့ အခုလို အိမ္ျပန္ ခြင့္ရ ဖို႔အတြက္ ေသြးရည္ၾကည္လႉဒါန္းေပးခဲ့တဲ့ မျမင္ရတဲ့ အသက္ သခင္ ေက်းဇူးရွင္ ပဌာန္းဆက္ႏွစ္ဦးကို ေက်းဇူးတင္ စကားဆိုခဲ့ တဲ့အျပင္ ကုသေပးခဲ့ၾကေသာ ဆရာဝန္၊ဆရာဝန္မ မ်ား၊က်န္းမာေရးဝန္ထမ္းမ်ား ၊ေဝဘာဂီေဆး႐ုံအုပ္ႀကီးႏွင့္တကြ ျပင္ပမွကၽြန္ေတာ္တို႔အတြက္ အဟာရဒါနျပဳၾကေသာ အလႉရွင္ အေပါင္း တို႔ႏွင့္ အားေပးႏွစ္သိမ့္ေမတၱာပို႔ၾကေသာ ညီ/ညီမငယ္ အႏုပညာရွင္ မ်ား၊ပရဟိတသမားမ်ား၊မိတ္ေဆြသဂၤဟမ်ား၊ျပည္သူလူထုအေပါင္းအျပင္ ေန႔စဥ္ယ ေန႔တိုင္ ေဆး႐ုံတက္သည္မွအစျပဳ၍ ေမတၱာဓါတ္ ပို႔လႊတ္ေပးေနၾကေသာ ေက်းဇူးရွင္ဆရာေတာ္ဘုရားအေပါင္းတို႔အား ရင္ထဲႏွလုံးသားထဲမွလွိုက္လွိုက္လွဲလွဲ အထူးေက်းဇူးတင္ရွိကာ သာဓုေခၚဆိုေၾကာင္း ေရးသားမၽွေဝခဲ့ပါတယ္။

ဒါ့အျပင္ ဦးေက်ာ္သူနဲ႔ ထြန္းကိုကိုတို႔ ႏွစ္ဦးစလုံး ကေတာ့ ေဝဘာဂီေဆး႐ုံက ဆင္းၿပီး တစ္ပတ္တိတိ ကိုယ့္အိမ္မွာ ျပန္နားမွာ ျဖစ္ၿပီး တစ္ပတ္ျပည့္လို႔ ျပန္လည္ေဆးစစ္ခ်က္ ယူၿပီး တစ္လခန္႔အၾကာမွာ ပရဟိတစိတ္ဓာတ္ သစ္၊ အားမာန္သစ္ေတြနဲ႔ ျပည္သူလူထု အတြက္ ပရဟိတတာဝန္ေတြကို ျပန္လည္ ထမ္းေဆာင္ ေတာ့မွာျဖစ္ေၾကာင္းကိုလည္း ဝမ္းသာၾကည္ႏူးစြာ မၽွေဝခဲ့ပါတယ္။ ျပည္သူေတြရဲ့ ေမတၱာစြမ္းအားနဲ႔ ကိုဗစ္ကပ္ေရာဂါႀကီးကို တြန္းလွန္နိုင္ခဲ့တဲ့ ေက်ာ္သူနဲ႔ထြန္းကိုကိုတို႔အတြက္ ပရိသတ္ႀကီးလည္း ဝမ္းသာစကားေလးေျပာေပးခဲ့ပါဦးေနာ္။

ခရက္ဒစ္-ဆယ္လီကမၻာ

အားလုံးပို့သတဲ့ မေတ္တာကြောင့် အိမ်ပြန်ခွင့်ရပြီလို့ ဆိုလာတဲ့ ကျော်သူနဲ့ ထွန်းကိုကို

ပရိသတ်ကြီး ရေ လွန်ခဲ့တဲ့ ရက်တွေက ကိုဗစ်ပိုး တွေ့ရှိခဲ့တဲ့ ပရဟိတမင်းသားနှစ်လက် ဖြစ်တဲ့ ဦးကျော်သူနဲ ့ထွန်းကိုကို တို့ကြောင့် ပရိသတ်တွေဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ ရပေမယ့် အခုချိန်မှာတော့ ဝမ်းသာစရာ သတင်းလေး ဆောင်ယူလာ ခဲ့ပြီ ဖြစ်ပါတယ်။ ဝေဘာဂီ ဆေးရုံ မှာ ရက်ပေါင်း(၁၈) ရက်တိတိ ကုသမှုခံယူ အပြီး ဒီနေ့နေ့လည် မှာတော့ ဦးကျော်သူနဲ့ထွန်းကိုကိုတို့ နှစ်ဦးစလုံး အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

ကျော်သူကတော့ အခုလို အိမ်ပြန် ခွင့်ရ ဖို့အတွက် သွေးရည်ကြည်လှူဒါန်းပေးခဲ့တဲ့ မမြင်ရတဲ့ အသက် သခင် ကျေးဇူးရှင် ပဌာန်းဆက်နှစ်ဦးကို ကျေးဇူးတင် စကားဆိုခဲ့ တဲ့အပြင် ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မ များ၊ကျန်းမာရေးဝန်ထမ်းများ ၊ဝေဘာဂီဆေးရုံအုပ်ကြီးနှင့်တကွ ပြင်ပမှကျွန်တော်တို့အတွက် အဟာရဒါနပြုကြသော အလှူရှင် အပေါင်း တို့နှင့် အားပေးနှစ်သိမ့်မေတ္တာပို့ကြသော ညီ/ညီမငယ် အနုပညာရှင် များ၊ပရဟိတသမားများ၊မိတ်ဆွေသင်္ဂဟများ၊ပြည်သူလူထုအပေါင်းအပြင် နေ့စဉ်ယ နေ့တိုင် ဆေးရုံတက်သည်မှအစပြု၍ မေတ္တာဓါတ် ပို့လွှတ်ပေးနေကြသော ကျေးဇူးရှင်ဆရာတော်ဘုရားအပေါင်းတို့အား ရင်ထဲနှလုံးသားထဲမှလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကာ သာဓုခေါ်ဆိုကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

ဒါ့အပြင် ဦးကျော်သူနဲ့ ထွန်းကိုကိုတို့ နှစ်ဦးစလုံး ကတော့ ဝေဘာဂီဆေးရုံက ဆင်းပြီး တစ်ပတ်တိတိ ကိုယ့်အိမ်မှာ ပြန်နားမှာ ဖြစ်ပြီး တစ်ပတ်ပြည့်လို့ ပြန်လည်ဆေးစစ်ချက် ယူပြီး တစ်လခန့်အကြာမှာ ပရဟိတစိတ်ဓာတ် သစ်၊ အားမာန်သစ်တွေနဲ့ ပြည်သူလူထု အတွက် ပရဟိတတာဝန်တွေကို ပြန်လည် ထမ်းဆောင် တော့မှာဖြစ်ကြောင်းကိုလည်း ဝမ်းသာကြည်နူးစွာ မျှဝေခဲ့ပါတယ်။ ပြည်သူတွေရဲ့ မေတ္တာစွမ်းအားနဲ့ ကိုဗစ်ကပ်ရောဂါကြီးကို တွန်းလှန်နိုင်ခဲ့တဲ့ ကျော်သူနဲ့ထွန်းကိုကိုတို့အတွက် ပရိသတ်ကြီးလည်း ဝမ်းသာစကားလေးပြောပေးခဲ့ပါဦးနော်။

ခရက်ဒစ်-ဆယ်လီကမ္ဘာ

About the author

Ms Cele

Leave a Comment