Celebrity

အားလံုးအခက္အခဲျဖစ္ေနခ်ိန္မွာ သူမတတ္ႏိုင္တဲ့ဘက္က အလွဴအတန္းေတြကို ေစတနာအျပည္႕နဲ႕ ေ၀မွ်လွဴဒါန္းေနတဲ့ ေဆာင္းယြန္းစံ

Written by Ms Cele

အားလံုးအခက္အခဲျဖစ္ေနခ်ိန္မွာ သူမတတ္ႏိုင္တဲ့ဘက္က အလွဴအတန္းေတြကို ေစတနာအျပည္႕နဲ႕ ေ၀မွ်လွဴဒါန္းေနတဲ့ ေဆာင္းယြန္းစံ

အကယ္ဒမီေရႊႀကိဳ မယ္ေလးအျဖစ္ အႏုပညာ လမ္းေၾကာင္းထက္မွာ လူသိမ်ား ေအာင္ျမင္ေနသူေလး ကေတာ့ သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းက MTV ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ကားေတြ ကိုလည္း လက္ခံ ရိုက္ကူးေနတာျဖစ္လို႔ ပရိသတ္အားေပးမႈလည္း တစ္ခဲနက္ရရွိထားတာပါေနာ္။

ေဆာင္းကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ တတ္နိုင္တဲ့ ဘက္ကေန ျပည္သူေတြ အတြက္ အလႉေလးေတြ မၾကာခဏဆိုသလို ျပဳလုပ္ၿပီး အားလုံးနဲ႔အတူ ရပ္တည္ေန တာလည္း ပရိသတ္ေတြ ျမင္ေတြ႕ၾကရမွာပါ။အခုလည္း အားလုံးခက္ခဲေနတဲ့ ကာလမွာ အဆင္မေၿပ ျဖစ္ေနတဲ့ ျပည္သူေတြအတြက္ မိတ္ေဆြေတြနဲ႔ စုေပါင္းၿပီး အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ေမွာ္ဘီ ေခ်ာင္းေဘးနား (၄)ရပ္ကြက္၊(၅၈၁)ကြင္းမွာ ေနထိုင္ၾကတဲ့ အိမ္ေထာင္စု (၁၀၀)အတြက္ အေျခခံ စားေသာက္ကုန္ မ်ားကို ကိုယ္တိုင္ သြားေရာက္ လႉဒါန္းေပးခဲ့ တာလည္းျဖစ္ပါတယ္။ အလႉပုံေလးေတြနဲ႔ အတူ ” ယေန႔အလႉ (၂၂-၅-၂၀၂၁) ေမွာ္ဘီေခ်ာင္းေဘးနား (၄)ရပ္ကြက္၊(၅၈၁)ကြင္းမွာ ေနထိုင္ၾကတဲ့ အိမ္ေထာင္စု (၁၀၀)အတြက္ ဆန္၊ဆီ၊ဆား၊ကုလားပဲ၊ၾကက္ဥ၊ငါးေျခာက္၊အာလူး၊ၾကက္သြန္နီ၊ငံျပာရည္၊Maggi စြယ္စုံသုံး ဟင္းခတ္မႈန႔္ႏွင့္ ဆပ္ျပာမ်ားကို လႉဒါန္းခဲ့ၾကပါတယ္ ခက္ခဲေနတဲ့ ယခုလိုအခ်ိန္မွာ အားတက္သေရာ လႉဒါန္းေပးၾကတဲ့ ကာလဒါနအလႉရွင္မ်ားကိုလည္း ေက်းဇူးအထူး ေက်းဇူးတင္ ရပါတယ္ရွင္ တျခား ေစတနာရွင္မ်ား အေနျဖင့္ သြားေရာက္လႉဒါန္းလိုပါက ဦးတင္ထြဋ္ (ရပ္မိ ရပ္ဖ) 09 – 960671092 သို႔ဆက္သြယ္၍ တိုက္ရိုက္ လႉဒါန္းနိုင္ပါတယ္ရွင္ ဒီကာလႀကီးမွာ အားလုံးခက္ခဲေနတဲ့ ၾကားက ေဆာင္းအေနနဲ႔ အျမဲပါဝင္နိုင္ေအာင္ ႀကိဳးစားသြားပါမယ္ ” ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚနိုင္ေစရန္ ေဝမၽွေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Saung Yoon San

အားလုံးအခက်အခဲဖြစ်နေချိန်မှာ သူမတတ်နိုင်တဲ့ဘက်က အလှူအတန်းတွေကို စေတနာအပြည့်နဲ့ ဝေမျှလှူဒါန်းနေတဲ့ ဆောင်းယွန်းစံ

အကယ်ဒမီရွှေကြို မယ်လေးအဖြစ် အနုပညာ လမ်းကြောင်းထက်မှာ လူသိများ အောင်မြင်နေသူလေး ကတော့ သရုပ်ဆောင် ဆောင်းယွန်းစံပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းက MTV တွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေ ကိုလည်း လက်ခံ ရိုက်ကူးနေတာဖြစ်လို့ ပရိသတ်အားပေးမှုလည်း တစ်ခဲနက်ရရှိထားတာပါနော်။

ဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေ အတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေ တာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။အခုလည်း အားလုံးခက်ခဲနေတဲ့ ကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ ပြည်သူတွေအတွက် မိတ်ဆွေတွေနဲ့ စုပေါင်းပြီး အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မှော်ဘီ ချောင်းဘေးနား (၄)ရပ်ကွက်၊(၅၈၁)ကွင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၀၀)အတွက် အခြေခံ စားသောက်ကုန် များကို ကိုယ်တိုင် သွားရောက် လှူဒါန်းပေးခဲ့ တာလည်းဖြစ်ပါတယ်။ အလှူပုံလေးတွေနဲ့ အတူ ” ယနေ့အလှူ (၂၂-၅-၂၀၂၁) မှော်ဘီချောင်းဘေးနား (၄)ရပ်ကွက်၊(၅၈၁)ကွင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၀၀)အတွက် ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်ဥ၊ငါးခြောက်၊အာလူး၊ကြက်သွန်နီ၊ငံပြာရည်၊Maggi စွယ်စုံသုံး ဟင်းခတ်မှုန့်နှင့် ဆပ်ပြာများကို လှူဒါန်းခဲ့ကြပါတယ် ခက်ခဲနေတဲ့ ယခုလိုအချိန်မှာ အားတက်သရော လှူဒါန်းပေးကြတဲ့ ကာလဒါနအလှူရှင်များကိုလည်း ကျေးဇူးအထူး ကျေးဇူးတင် ရပါတယ်ရှင် တခြား စေတနာရှင်များ အနေဖြင့် သွားရောက်လှူဒါန်းလိုပါက ဦးတင်ထွဋ် (ရပ်မိ ရပ်ဖ) 09 – 960671092 သို့ဆက်သွယ်၍ တိုက်ရိုက် လှူဒါန်းနိုင်ပါတယ်ရှင် ဒီကာလကြီးမှာ အားလုံးခက်ခဲနေတဲ့ ကြားက ဆောင်းအနေနဲ့ အမြဲပါဝင်နိုင်အောင် ကြိုးစားသွားပါမယ် ” ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Saung Yoon San

About the author

Ms Cele

Leave a Comment