Celebrity


Written by Ms Cele






အိပ်မက်ထဲမှာ အမေစုနဲ့တွေခဲ့ရပြီး သူမကိုကြင်နာစွာဆက်ဆံပုံကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိတ်သတ်ကြီးရေ…ဇာတ်ပို့သရုပ်ဆောင် ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ ဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ကျရာဇာတ်ရုပ်တိုင်း ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။စိတ်သဘောထားကောင်းလွန်းတဲ့ နှိုင်းယှဉ်ကို ပရိတ်သတ်တွေတင်မကပဲ အနုပညာရှင်ညီအစ်မောင်နှမတွေရဲ့ ချစ်ခင်ခြင်းကိုပါ ခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ပွင့်လွင်ရိုးသားပြီး လူတိုင်းအပေါ်စေတနာအပြည့်ထားတဲ့အတွက်ကြောင့် စေတနာအကြိုးပေးနတယ်ပဲခေါ်ရလောက်အောင် အလုပ်အကိုင်တွေဆိုရင်လည်းအဆင်ပြေပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝကို အေးဆေးစွာနဲ့ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

နှိုင်းယှဉ်ကခင်ပွန်းကောင်း ပီသတဲ့ ကိုဘင်းကို ပိုင်ဆိုင်ထားတဲ့ အပြင် ချစ်စရာကောင်းတဲ့ သားလေးကိုပါပိုင်ဆိုင်ထားပြီး သားသားလေးလား မီးမီးလေးလား မသိရသေးပေမယ့်လည်း အခုအချိန်မှာတော့ ဒုတိယကိုယ်ဝန်ဆောင် နေရတာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်က လတ်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပတ်သက်ပြီး ပြည်သူလူထုနဲ့တသားတည်း ရပ်တည်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။နှိုင်းယှဉ်ဟာဆိုရင် သူမနဲ့ပတ်သက်တဲ့ထူးခြားတဲ့အကြောင်းအရာလေးတွေကို အမြဲတမ်းသူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်ကိုပြောပြလေ့ရှိပါတယ်။ဒီကနေ့မှာဆိုရင်လည်း အမေစုနဲ့ပတ်သက်ပြီးအိမ်မက်မက်ခဲ့ကြောင်း အခုလိုပဲပြောပြလာတပဲဖြစ်ပါတယ်နော်….။

နှိုင်းယှဉ်က “အမေအိပ်မက်ထဲမှာ သမီးကို ဖက်ထားပီး နမ်းရှုတ်နေတာလူ အများကြီးရှေ့မှာရှက်တောင် ရှက်တယ်…အမေနမ်းရှုတ်တာကိုမဟုတ်ဘူးးး လူတွေကြည့်နေတာကို ရှက်တာ…အဝါရောင်ရှန်သား အပွင့်ရိုက်လေးရယ်ပါ တိတ်ထမီလေးရယ် တော်တော်လှနေတယ် တက်ကြွဖျတ်လတ် နေတာပဲ….အမေကျန်းမာပါစေ🙏” ဆိုပြီး သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေရေးသာလာ တာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်ရဲ့ အိမ်မက်တွေက အမြဲတမ်းမှန်တတ်တဲ့အတွက် ဒီတစ်ခါအိမ်မက်ကလည်းမှန်ပါစေလို့ ပရိတ်သတ်တွေဆုတောင်းထားတာကိုလည်းတွေမြင့်ရပါတယ်နော်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တခြားသောဖမ်းဆီးထိမ်းသိမ်းခံရသူ အားလုံးအမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်..။

Source ; Nhying Shin Facebook Acc
Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment