Celebrity

အိပ္မေပ်ာ္တဲ့ ညေတြကို ျဖတ္သန္းေနရတဲ့အမ်ိဳးသမီးေတြနဲ႕ ကေလးသငယ္ေတြအတြက္ ထပ္တူခံစားရင္း စိတ္မေကာင္းျဖစ္ေနတဲ့ သုသု

Written by Ms Cele

အိပ္မေပ်ာ္တဲ့ ညေတြကို ျဖတ္သန္းေနရတဲ့အမ်ိဳးသမီးေတြနဲ႕ ကေလးသငယ္ေတြအတြက္ ထပ္တူခံစားရင္း စိတ္မေကာင္းျဖစ္ေနတဲ့ သုသု

အကယ္ဒမီ မင္းသမီး တစ္ေယာက္ျဖစ္တဲ့ ပိုင္ျဖိဳးသုကေတာ့ လက္ရိွျဖစ္ေနတဲ့ အေရး ကိစၥေတြနဲ့ ပက္သတ္ျပီး ျပည္သူလူထုနဲ့ တစ္သားတည္း ရိွေနတာပဲ ျဖစ္ပါတယ္။ လြတ္လပ္မႈနဲ့ ဒီမိုကေရစီ ရရိွေရးအတြက္ တိုက္ပြဲဝင္ေနတဲ့ ပိုင္ျဖိဳးသုက သူမကိုယ္တိုင္ မိန္းမသားတစ္ေယာက္ပီပီ ေရွ့တန္းကေန ၾကိဳးစားေနသလို ေန့ေန့ညည အေၾကာက္တရားနဲ့ ရင္ဆိုင္ေနရတဲ့ ကေလးသူငယ္ေတြ အမ်ိဳးသမီးေတြအတြက္ ထပ္တူခံစားရင္း စိတ္မေကာင္းျဖစ္ေနတာကို ေတြ့ရပါတယ္။

ပိုင္ျဖိဳးသုက “ညတိုင္းညတိုင္း ေၾကာက္လို႔ငိုေနၾကတဲ့ ကေလးသူငယ္ေတြ…. လုံၿခဳံမႈမရွိေတာ့လို႔ ရရာလက္နက္ ေခါင္းအုံးေအာက္ခုၿပီး အိပ္မေပ်ာ္တဲ့ ညေတြကို ျဖတ္သန္းေနရတဲ့ အမ်ိဳးသမီးေတြ….နင္တို႔ေအးခ်မ္း သာယာေသာ ႏိုင္ငံေတာ္ျဖစ္ေအာင္ ဖန္တီးေပးမွာဆို….နင္တို႔တကယ္ ငါတို႔ျပည္သူေတြ ေအးခ်မ္းသာယာတာကိုျမင္ခ်င္ရင္ လက္နက္ေတြ တင့္ကားေတြနဲ႔ မၿခိမ္းေျခာက္ဘဲနဲ႔ ငါတို႔ေခါင္းေဆာင္ေတြကိုျပန္လႊတ္ေပးေလ….ငါတို႔ျပည္သူေတြ အားလုံး အေၾကာက္တရားေတြကေန လြတ္ၿငိမ္းၿပီးေအးခ်မ္းသြားမွာ….” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ပိုင္ျဖိဳးသု ကေတာ့ တစ္နုိင္ငံလံုး ေၾကာက္လန့္ေနရတဲ့ ေန့ရက္ေတြ အျမန္ဆံုး ကုန္လြန္သြားေစဖို့ ဆုေတာင္းေပး ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Paing Phyoe Thu’s fb
Credit:Cele Connections

အိပ်မပျော်တဲ့ ညတွေကို ဖြတ်သန်းနေရတဲ့အမျိုးသမီးတွေနဲ့ ကလေးသငယ်တွေအတွက် ထပ်တူခံစားရင်း စိတ်မကောင်းဖြစ်နေတဲ့ သုသု

အကယ်ဒမီ မင်းသမီး တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ လက်ရှိဖြစ်နေတဲ့ အရေး ကိစ္စတွေနဲ့ ပက်သတ်ပြီး ပြည်သူလူထုနဲ့ တစ်သားတည်း ရှိနေတာပဲ ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပိုင်ဖြိုးသုက သူမကိုယ်တိုင် မိန်းမသားတစ်ယောက်ပီပီ ရှေ့တန်းကနေ ကြိုးစားနေသလို နေ့နေ့ညည အကြောက်တရားနဲ့ ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေ အမျိုးသမီးတွေအတွက် ထပ်တူခံစားရင်း စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုက “ညတိုင်းညတိုင်း ကြောက်လို့ငိုနေကြတဲ့ ကလေးသူငယ်တွေ…. လုံခြုံမှုမရှိတော့လို့ ရရာလက်နက် ခေါင်းအုံးအောက်ခုပြီး အိပ်မပျော်တဲ့ ညတွေကို ဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေ….နင်တို့အေးချမ်း သာယာသော နိုင်ငံတော်ဖြစ်အောင် ဖန်တီးပေးမှာဆို….နင်တို့တကယ် ငါတို့ပြည်သူတွေ အေးချမ်းသာယာတာကိုမြင်ချင်ရင် လက်နက်တွေ တင့်ကားတွေနဲ့ မခြိမ်းခြောက်ဘဲနဲ့ ငါတို့ခေါင်းဆောင်တွေကိုပြန်လွှတ်ပေးလေ….ငါတို့ပြည်သူတွေ အားလုံး အကြောက်တရားတွေကနေ လွတ်ငြိမ်းပြီးအေးချမ်းသွားမှာ….” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသု ကတော့ တစ်နိုင်ငံလုံး ကြောက်လန့်နေရတဲ့ နေ့ရက်တွေ အမြန်ဆုံး ကုန်လွန်သွားစေဖို့ ဆုတောင်းပေး နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Paing Phyoe Thu’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment