Celebrity


Written by Ms Cele





Credit

အိမ်ထဲမှာနေပြီး ရောဂါပိုးဘာကြောင့်ကူးရတယ်ဆိုတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ အလှမယ်ဟန်လေး

အလှမယ်တစ်ဦး ဖြစ်သလို မော်လ်ဒယ် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဟန်လေးကတော့ လက်ရှိမှာ ကိုဗစ်ရောဂါကူးစက် ခံနေတာ (၁၀)ရက်ကျော်ခဲ့ပြီ ဖြစ်ပါတယ်..။ပြီးခဲ့တဲ့ဇူလိုင်လ (၅)ရက်နေ့ကတည်းက ရောဂါခံစားနေရ တာဖြစ်ပြီး ဆရာဝန်နဲ့သေချာ တိုင်ပင်ကာ ကျန်းမာရေးအထူးဂရုစိုက်နေသလို အရမ်းလည်း ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်..။ဟန်လေးကတော့ သူမကိုယ်တိုင်ရောဂါကူးစက်ခံထားရတာကြောင့် အိမ်မှာပဲနေပြီး ဘယ်လိုကူးမှန်းမသိတဲ့လူတွေကို ရောဂါကူးနိုင်တဲ့ အကြောင်းအရင် းတစ်ခု ပြောပြလာပါတယ်..။

လူအများ သတိမထားမိတဲ့ ပိုက်ဆံကနေလည်း ကူးစက်နိုင်တာမို့ ပိုက်ဆံတွေကို ဇစ်အိတ်နဲ့ထည့်ပြီး ပိုးသတ်ဆေးဖြန်း အလုံပိတ်ကာ ပိုးသေဖို့တစ်ရက် ထားပြီး နောက်နေ့တွေမှ ထုတ်သုံးဖို့နဲ့ ဖုန်းတွေကို သန့်ရှင်းရေးလုပ်ဖို့ကို သတိပေးပြောပြထားတာ ဖြစ်ပါတယ်..။“အိမ်ထဲပဲနေတယ် ဘယ်လိုကူးမှန်းမသိ့ဘူးဆိုတဲ့ မေးခွန်းတွေမှာ ( ပိုက်ဆံတွေကကူးပါတယ် လက်ကိုင်ဖုန်းရော ) ကိုယ်တောင် ဘယ်က ကူးမှန်းမသိ့လိုက်ဘူးလေ 😤

ပိုက်ဆံတွေ ကို ဇစ်အိတ့်လေး နဲ့ထည့်ပီး အရက်ပျံဆေးဖြန်းပီး အလုံပိတ့်ထားပါ တစ်ရက်စာပေါ့ နောက့်နေ့မှ ပိုသေတာမို့ ထုတ်သုံးလို့ရပါတယ် ပီးတော့ လက်ကိုဆေးပီး ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့မေ့နေ တတ်ကြလို့ပါ ဖုန်းကိုလည်း ဖြန်းပေးပါ အားလုံးပဲ ဘေးကင်းကြပါစေ ဂရုစိုက်ကြပါ 🙏🏻..” ဆိုပြီး ဟန်လေး ဆုတောင်းရင်း သတိပေးပြောပြထားတာ ဖြစ်ပါတယ်..။လတ်တလော အခြေအနေတွေမှာ အရမ်းကို ကူးစက်မြန်ပြီး ဘယ်က ဘယ်လို ကူးလဲ မသိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အစစရာရာ သတိထားဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Credit

About the author

Ms Cele

Leave a Comment