Celebrity


Written by Ms Cele






အိမ်ထဲမှာ တင် ဒေါ်လာနဲ့ မြန်မာ ငွေတွေ (၉) သိန်းဖိုး ဖွက်ပြီး အိမ်သား တွေကို ပံ့သကူ အလှူလေး ပြုလုပ် ခဲ့တဲ့ ခေးဆက်သွင်

မင်းသမီး ချောလေး ခေးဆက်သွင် ကတော့ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ရင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးမှု ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ တစ်နေ့တစ်ခြား အောင်မြင်လာပြီး အနုပညာ အလုပ်တွေကို လက်မလည်အောင် လုပ်ကိုင်လာရတာ ပရိသတ်ကြီး မျက်မြင် ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ အောင်မြင်လာတဲ့ အနုပညာရှင် တစ်ယောက် အနေနဲ့ သူမရရှိလာတဲ့ အနုပညာကြေးတွေကို အကျိုးရှိရှိ အသုံးပြုသလို အလှူအတန်းတွေ ကိုလည်း ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

မိသားစုတွေ၊ အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို အရမ်းချစ်ပြီး အဖော်မင်တဲ့ ခေးဆက်သွင် ကတော့ မိဘတွေနဲ့ တစ်မြို့စီခွဲ နေပေရပေမယ့် သူမရဲ့ အနီးအနားက လူတွေကို မိသားစုအရင်းလို သဘောထား ချစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ခေးဆက်သွင်က သူမရဲ့ အိမ်ထဲမှာတင် ဒေါ်လာနဲ့ မြန်မာငွေတွေ (၉) သိန်းဖိုး ဖွက်ပြီး အိမ်သားတွေကို ပံ့သကူ အလှူလေးပြုလုပ်ခဲ့တာကို တွေ့ရပြီး ခေးဆက်သွင်ရဲ့ သူငယ်ချင်း တွေဖြစ်တဲ့ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ကလည်း မုန့်ဖိုးတွေ အသီးသီးရရှိခဲ့တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။

ခေးဆက်သွင် ကတော့ သူမရရှိတဲ့ အနုပညာကြေးတွေနဲ့ အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို မုန့်ဖိုး ရိုးရိုးမပေးပဲ ပျော်စရာလေးတွေ ဖန်တီးပြီး ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ သူငယ်ချင်းတွေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment